Friday, March 25, 2016

ပြည်သူများ၏ မကျေနပ်ချက်များကို နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြပေးသွားမည်ဟုဆို


ပြည်သူများ၏ မကျေနပ်ချက်များနှင့် ဝေဖန်ဆွေးနွေးချက်များကို နိုင်ငံပိုင် မီဒီယာတွင် ထည့်သွင်းဖော်ပြပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးအဖြစ် သတ်မှတ်ခံရသူ ဒေါက်တာဖေမြင့်က ပြောကြားသည်။ “ပြည်သူ့ကိုယ်စားလှယ်တွေက ရွေးချယ်ခန့်အပ်တဲ့ အစိုးရအဖွဲ့တွေ၊ ဌာနတွေ သူတို့ လုပ်ကိုင်ဆောင်ရွက်ချက်တွေ အများပြည်သူသိအောင် အစီရင်ခံတဲ့ သဘောမျိုး အသိပေးရမယ်။ ပြီးနောက် အများပြည်သူက မကျေနပ်တာတို့ သူတို့သိချင်တာတို့ ဝေဖန်ဆွေးနွေးတာတို့ စသဖြင့် အကြောင်းအရာတွေကို ဖော်ပြပေးရမယ်” ဟု ၎င်းက ဆိုသည်။
ယနေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်လာသည့် ဦးဖေမြင့်က နိုင်ငံပိုင် မီဒီယာ လုပ်ငန်းများနှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ပြန်ကြားရေး ဝန်ကြီးဌာန အနေနှင့် ပုဂ္ဂလိကပိုင် မီဒီယာများနှင့် ဈေးကွက်ကို ယှဉ်ပြိုင်လုသွားမည့် ပုံစံမျိုး မလုပ်မည့်အပြင် အစိုးရ၏ ဝါဒဖြန့်ချိရေး ကိစ္စများကို လုပ်ဆောင်မှု မပြုရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List