Thursday, March 24, 2016

ဝန်ကြီးသစ်နှစ်ဦး၏ ဒေါက်တာဘွဲ့များနှင့် ပတ်သက်၍ ဒီချုပ်ပါတီ မေးမြန်းစုံစမ်း


အစိုးရအဖွဲ့သစ်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခံထားရသူ ဝန်ကြီးသစ် နှစ်ဦးရရှိထားသည့် ဒေါက်တာဘွဲ့နှင့်ပတ်သက် ၍ ဝေဖန်မှုများရှိနေသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များက ကာယကံရှင်နှစ်ဦးကို ခေါ်ယူတွေ့ ဆုံမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။
ဝန်ကြီးအမည်စာရင်းတွင် ပါဝင်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဖြစ်မည် ဟု သတင်းထွက်နေ သည့် ဦးကျော်ဝင်းနှင့် စီးပွားရေး နှင့်ကူးသန်းရောင်း ဝယ်ရေးဝန် ကြီးဖြစ်မည်ဟု သတင်းထွက်နေသည့် ဒေါက်တာသန်းမြင့်တို့၏ ရရှိထားသော ဒေါက်တာဘွဲ့ယူခဲ့သည်ဆိုသော အမေရိကန် တက္ကသိုလ် နှစ်ခုမှာ အမေရိကန်အစိုးရ အသိအမှတ်မပြုသော ကျောင်းများဖြစ်နေသော ကြောင့်ဝေဖန်မှုများ ထွက်ပေါ်နေသည့်အတွက် ပါတီက မေးမြန်းခဲ့ကြောင်း ဦးကျော်ဝင်းနှင့်ဒေါက်တာသန်းမြင့်တို့က ပြောသည်။

၎င်းတို့နှစ်ဦး ရရှိထားသည် ဆိုသော ဒေါက်တာဘွဲ့နှင့် ပတ်သက်၍ ဝေဖန်မှု များ ရှိနေသဖြင့် စာရွက်စာတမ်း အထောက်အထားများ စုဆောင်းထားရန် မတ်လ ၂၂ ရက် ညနေက ပါတီက ပြောကြားခြင်းဖြစ်သည်ဟု ကာယကံရှင် နှစ်ဦးစလုံးက ပြောကြသည်။

‘‘ပါတီက ခေါ်မေးလို့ ဖြစ်စဉ် တွေအားလုံးကို အတိအကျပြော ပြပြီးသွားပြီ။ မနေ့က မတ်လ ၂၂ ရက်က လူကြီးတွေ ခေါ်မေးတော့ ဖြစ်စဉ်တွေအားလုံး ကို တိတိကျ ကျ ရှင်းပြပြီးသွားပြီ’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လည်းဖြစ်သည့် ဦးကျော်ဝင်းက ပြောသည်။

မတ်လ ၂၂ ရက်က ပြည် ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်က ဝန် ကြီးများအမည်စာရင်း တင်သွင်း ခဲ့ပြီး ဝန်ကြီးများ၏ ကိုယ်ရေးမှတ် တမ်းအကျဉ်းများကို သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

ထိုသို့ အမည်စာရင်း တင် သွင်းပြီးနောက် ဒီချုပ်အမတ်နှစ်ဦး ဖြစ်သည့် ဦးကျော်ဝင်းနှင့်ဒေါက် တာသန်းမြင့်တို့ ရရှိထားသော ဒေါက်တာဘွဲ့သည် အမေရိကန် ပညာရေးဝန်ကြီးဌာနက အသိအ မှတ်မပြုထားသော ကျောင်း များ ဖြစ်နေကြောင်း ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်တွင် ထောက်ပြဝေဖန်မှု များရှိလာခဲ့သည်။

လှိုင်သာယာပြည်သူ့လွတ်တော်အမတ် ဒေါက်တာသန်းမြင့်၏ ပညာအရည် အချင်းတွင် B.Ecom (Ygn), M.Sc and Ph.D(USA), DigPM(South Africa)တို့ ဖော်ပြထားပြီး M.Sc နှင့် Ph.D ရရှိထားသော အမေရိကန်ပြည် ထောင်စုပစိဖိတ်အနောက်ပိုင်းတက္ကသိုလ် (Pacific Western University)သည် ပြဿနာများဖြင့် ပိတ်သွားခဲ့ပြီဖြစ်ပြီး ယခင်ကတည်းက အမေရိကန် အစိုးရက အသိအမှတ်မပြုသော တက္ကသိုလ်ဖြစ်နေသည်ဟု ဆိုသည်။

ဝန်ထမ်းဖြစ်သည့်အတွက် ပညာရေးကို ဆည်းပူးလို၍ ပုံမှန်ကျောင်းများ မတက်နိုင်သောကြောင့် စာပေးစာယူ ကျောင်းများကို ရှာဖွေခဲ့ကြောင်း၊ ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်သော အီကောနောမစ်မဂ္ဂဇင်းတွင်ကျောင်း ကြော်ငြာကို တွေ့ရှိခဲ့ရကြောင်း၊ ကျောင်း၏ အထောက်အထားများကို တောင်းသည့်အခါတွင် အထောက်အထားများပေး ကြောင်း၊ ပို၍ ခိုင်မာ စေရန် အမေရိကန်က ထုတ်သည့် ၃၅ ဒေါ်လာတန် တရားဝင်စာပေး စာယူတက္ကသိုလ်များ စာအုပ်ကို ဝယ်ဖတ်ကာ ကျောင်းအမည်ကို ရှာခဲ့ ကြောင်း၊ ယင်းစာအုပ်တွင်ရန်ကုန်အဝေးသင်တက္ကသိုလ်အမည်လည်း ပါဝင်နေသည်ကိုတွေ့ ရှိခဲ့ရကြောင်း၊ ထို့ပြင် ကျောင်းအကြောင်းကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပညာရေး အာဏာပိုင်ဌာနသို့ ဆက်သွယ်စုံစမ်းနိုင်သည့် အချက်များ ပါရှိသည့်အတွက် ကျောင်းစတက် ခဲ့ကြောင်း ဒေါက်တာသန်းမြင့်က Pacific Wes-tern University တွင် စာပေးစာယူတက်ခဲ့ကြောင်း ပြောသည်။

‘‘ကျောင်းက ပိတ်သွားတော့ ပိတ်သွားပြီ။ မအောင်မြင်လို့ ပိတ် လိုက်တဲ့ သဘောမျိုးလား၊ လိမ် တာ၊ ညာတာလား၊ ငါတို့က ရိုးရိုး သားသားပဲ’’ဟု ဒေါက်တာသန်း မြင့်က ပြောသည်။

‘‘ခြောက်နှစ်ကျော်လောက် အပိုင်းလိုက်၊ အပိုင်းလိုက်လုပ်ရ တဲ့ ရမှတ်တွေရှိတယ်။ စာမျက်နှာ တစ်ရာ့ကိုးဆယ်ရှိတဲ့ စာတမ်းရှိ တယ်။ အန်ကယ်က ဒါပဲသိတယ်။ခိုင်မာအောင်ပြောမယ်ဆိုရင် ဒီ ကျောင်းက ကယ်လီဖိုးနီးယားမှာ လည်း ရှိတယ်။ ဟာဝိုင်အီမှာ လည်း ရှိတယ်။ တိုကျိုမှာလည်း ရှိတယ်ပြောတယ်။ မြန်မာပြည်က ငါးယောက်လောက် ဒီကျောင်းက အောင်တယ်။ အဲဒီတုန်းက ဒီကျောင်းကောင်းတယ်ဆိုတာ မသိဘူး။ ကိုယ်ဘာသာကိုယ်တက်ကြတာ။ နောက်ကြည့်တော့မှ ဥပမာ ဆရာကြီးနိုင်ပန်းလှ မွန်ပညာရှင်ကြီးလည်း အဲဒီ ကျောင်းက ရတယ်’’ဟု ဒေါက်တာသန်းမြင့်က ဆိုသည်။

ကုလသမဂ္ဂ ဝန်ထမ်းဘဝ ဖြင့် အချိန်မအားလပ်သည့်ကြား မှ ပညာလိုလား သည့်အတွက် ၁၉၈၈ မှ ၁၉၉၉ ထိ အချိန်ယူကာ အလုပ်တစ်ဖက်ဖြင့် M.Sc နှင့် Ph.D ရရှိရန် ကြိုးစားအားထုတ်ခဲ့ ကြောင်း ဒေါက်တာသန်းမြင့်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးကျော်ဝင်း၏ ပညာအ ရည်အချင်းတွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ B.Ecom ဘွဲ့ရရှိ ပြီး Brooklyn Park University USA နှင့် Certified Master of Business Consultant, GAFM, USA တို့မှ Ph.D, Master of Business Consultant ဘွဲ့များရရှိထားသည်ဟု ဖော်ပြထားသည်။ သို့သော် Brooklyn Park Uni-versity မှာ တက္ကသိုလ်အတုဖြစ်နေ၍ ဝေဖန်မှုများကြုံနေခြင်းဖြစ်သည်။

‘‘ဆရာက ဒီအပေါ်မှာ လိမ် ညာတဲ့သဘောမရှိပါဘူး။ Broo-klyn Park University ဟာ Fake University (တက္ကသိုလ်အတု) ဖြစ်သွားတဲ့အတွက် ဆရာယူထား တဲ့ဘွဲ့ကလည်း သုံးလို့မရတဲ့ ဘွဲ့ ဖြစ်သွားတာပေါ့။ အဲဒါနဲ့ပတ် သက်လို့ ဆရာကလည်း ဒီဘွဲ့ကို စွန့်လွှတ်ရမှာပေါ့။ အရည်အသွေးမပြည့် မီတဲ့ တက္ကသိုလ်ဖြစ်တယ်၊ Fake University ဖြစ်တဲ့အတွက် ဆရာ ဒီဘွဲ့ကြီး ကို ဆက်ကိုင်ထား စရာမရှိတော့ဘူး။ ဆရာစွန့်လွှတ် ရမှာပေါ့’’ဟု ဦးကျော် ဝင်းက ပြောသည်။

ပညာလိုချင်သဖြင့် ၂၀၀၉ တွင် အွန်လိုင်း၌ ကျောင်းရှာဖွေခဲ့ကြောင်း၊ အမေရိကန်ပညာရေးဌာနက အသိအမှတ်ပြုသည်ဆိုထားသော Brooklyn Park Uni−versity ကို တွေ့ရှိကာ ယင်းကျောင်းနှင့်ဆက်သွယ်ပြီး စာမေးပွဲ ဖြေဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘အခုလို သိတဲ့အခါကျတော့ (Fake University လို့သိတဲ့အခါ) စောစောတုန်း က လုပ်ခဲ့တဲ့ကိုယ့် ရဲ့လုပ်အားတွေ၊ မရှိတဲ့ကြားထဲ က ချို့ချို့တဲ့တဲ့နဲ့ ကုန်ကျ ခဲ့တဲ့ငွေ တွေကို နှမြောသလို စိတ်မ ကောင်းဖြစ်ရတယ်’’ ဟု ဦးကျော်ဝင်းက ဆိုသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏မူဝါဒ ရေးရာနှင့်အသွင် ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူ ပါတီဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ထို့ကြောင့် ပါတီ၏ဗဟိုအ တွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် သို့ မေးမြန်းရာ လက်ရှိအချိန် ကာလတွင် တစ်စုံတစ်ရာ ဖြေ ကြားပါက အခြေအနေရှုပ်ထွေး မည်ကို မလိုလားသဖြင့် မဖြေကြားလိုသေးကြောင်း ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်ကိုယ်စားလှယ် အချို့ကမူ ဒေါက်တာသန်းမြင့်နှင့် ဦးကျော်ဝင်းတို့သည် သက်ဆိုင် ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သည့်ပညာရှင်များဖြစ်ကြကာ အစိုးရ အဖွဲ့တွင် ပါဝင်လာပါက နိုင်ငံအ တွက် အကျိုးရှိမည်ဖြစ်ကြောင်း သုံးသပ်ကြသည်။

သမ္မတသစ် ဦးထင်ကျော် တင်ပြထားသည့် အစိုးရအဖွဲ့၌ ပါဝင်မည့် ပြည် ထောင်စုဝန်ကြီး အမည်စာရင်း တင်သွင်းခြင်း ခံ ထားရသူ ၁၈ ဦးကို ယနေ့(မတ်လ ၂၄ ရက်)ကျင်းပမည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးအရည်အ ချင်းသတ်မှတ်ချက်နှင့်ညီညွတ်မှု ရှိ၊ မရှိ ဆွေးနွေးလိုသော လွှတ် တော်ကိုယ်စားလှယ်ရှိပါက ဆွေး နွေးနိုင်ရန် လွှတ်တော်ရုံးသို့ အ မည်စာရင်း ပေးသွင်းကြရေးကို ပြည်ထောင်စုလွှတ် တော် နာယက က မတ်လ ၂၂ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေ၌ ပြောကြားထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List