Friday, March 25, 2016

အကြမ်းဖက်ရန်ကို ဘယ်လ်ဂျီယံ လစ်လျှူရှုလို့ဆို


ဘယ်လ်ဂျီယံ ​နိုင်ငံမှာ ​အကြမ်းဖက်မှု ​လုပ်ခဲ့တဲ့ ​ညီအစ်ကို ​နှစ်ယောက်ထဲက ​တစ်ယောက်ဟာ ​တူရကီနိုင်ငံမှာ ​ဖမ်းဆီးခံခဲ့ရဖူးသူ ​ဖြစ်ပြီး ​လုံခြုံရေးအရ ​စိုးရိမ်ရသူ ​ဖြစ်တယ်လို့ ​တူရကီက ​ဘယ်လ်ဂျီယံကို ​သတိပေးပေမယ့် ​ဘယ်လ်ဂျီယံက ​လစ်လျူရှုခဲ့တယ်လို့ ​ဆိုပါတယ်။
တူရကီနဲ့ ​ဆီးရီးယား ​နယ်စပ်မှာ ​အဲဒီလူကို ​ဖမ်းမိတာ ​ဖြစ်ပြီး ​တူရကီက ​ပြည်နှင်ဒဏ် ​ပေးခဲ့ပြီး ​ဘယ်လ်ဂျီယံ ​သံရုံးကို ​ပို့ဆောင်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလူဟာ ​စစ်သွေးကြွ ​ဖြစ်နိုင်တယ်လို့ ​တူရကီက ​ဘယ်လ်ဂျီယံကို ​သတိပေးခဲ့ပေမယ့် ​ဘယ်လ်ဂျီယံက ​အဲဒီလူကို ​လွတ်ပေးခဲ့တယ်လို့ ​တူရကီ ​သမ္မတက ​ဆိုပါတယ်။

ဘယ်လ်ဂျီယံကလည်း ​သူ့နိုင်ငံသား ​တစ်ယောက်က ​ဆီးရီးယားက ​အကြမ်းဖက်အဖွဲ့မှာ ​အလုပ်လုပ်ခဲ့တယ် ​ဆိုတာကို ​သက်သက်မပြနိုင်ရင် ​ဖမ်းဆီးခွင့် ​မရတာကြောင့် ​လွတ်ပေးခဲ့တယ်လို့ ​တုန့်ပြန်ထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာ ​အသေခံ ​ဗုံးဖောက်ခွဲသူ ​နှစ်ယောက်ဟာ ​ညီအစ်ကို တွေ ​ဖြစ်ကြပြီး ​တူရကီက ​ဖမ်းဆီးခဲ့ဖူးတဲ့ ​Ibrahim ​El ​Bakraoui ​က ​လေဆိပ် မှာ ​အသေခံ ​ဗုံးဖောက်ခွဲတာ ​ဖြစ်ပါတယ်။

သူ့ရဲ့ညီ ​Khalid ​El ​Bakroui ​က ​ရထားဘူတာမှာ ​အသေခံ ​ဗုံးဖောက်ခွဲခဲ့တာ ​ဖြစ်ပါတယ်။

ညီအစ်ကို ​နှစ်ယောက်ရဲ့ ​လက်ချက်ကြောင့် ​လူ ​၃၄ ​ယောက် ​သေဆုံးပြီး ​၂၀၀ ​ကျော် ​ဒဏ်ရာ ​ရရှိခဲ့ပေမယ့် ​တချို့လူတွေ ​အပြင်းအထန် ​ဒဏ်ရာရတဲ့ အတွက် ​မကြာခင်မှာ ​သေဆုံးသူ ​ဦးရေ ​များလာနိုင်တယ်လို့ ​ဘယ်လ်ဂျီယံ ​အစိုးရက ​ပြောဆိုထားပါတယ်။

အသေခံ ​ဗုံးဖောက်ခွဲသူတွေကို ​လက်ဗွေအရ ​သိရတာ ​ဖြစ်ပြီး ​နှစ်ဦးစလုံးဟာ ​အရင်တုန်းက ​ပြစ်မှု ​မကြာခဏ ​ကျူးလွန်ဖူးသူတွေ ​ဖြစ်ပေမယ့် ​အကြမ်းဖက် မှုနဲ့ ​ဆက်စပ်မှု ​မရှိခဲ့ဘူးလို့ ​သိရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ​ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့ ​အကြမ်းဖက်မှုမှာ ​ပါဝင်သူတွေ ​ဖြစ်တယ်လို့လည်း ​ထွက်ပေါ်လာပါတယ်။

အဲဒီညီအစ်ကိုနဲ့အတူ ​လေဆိပ်မှာ ​တွေ့ရတဲ့ ​တတိယမြောက် ​ပုဂ္ဂိုလ်ကို ​ရဲတွေက ​ရှာဖွေနေဆဲ ​ဖြစ်ပါတယ်။ ​ဦးထုတ်ဆောင်းထားတဲ့ ​လူဟာ ​အကြီးမားဆုံးဗုံးကို ​အိတ်ထဲမှာ ​ထည့်ထားပြီး ​ဗုံးမပေါက်ကွဲခင်မှာ ​ထွက်ပြေး လွတ်မြောက်သွားတာ ​ဖြစ်ပါတယ်။

သူချထားတဲ့ ​ဗုံးက ​နောက်ပိုင်းမှာ ​မတည်ငြိမ်မှုတွေ ​များလွန်းလို့ ​ပေါက်ကွဲခဲ့တာ ​ဖြစ်ပါတယ်။

အကြမ်းဖက်မှုမှာ ​ပါဝင်သူတွေဟာ ​ဘယ်လ်ဂျီယံ ​အကျဉ်းထောင်နဲ့ ​ဆီးရီးယားနိုင်ငံမှာ ​လူစုမိသွားသူတွေ ​ဖြစ်ကြတယ်လို့ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List