Friday, March 25, 2016

တရုတ်မှာ လူ ၄ သန်း ကင်ဆာရောဂါရှိ


တရုတ်နိုင်ငံမှာ ​ကင်ဆာရောဂါ ​ကူးစက်ခံရသူ ​၄ ​သန်းရှိပြီး ​အရင်နှစ်တုန်းက ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူ ​၃ ​သန်းရှိခဲ့တယ်လို့ ​သိရပါတယ်။ တချို့ ​ကင်ဆာ ​ရောဂါ ​ပျံနှံ့မှုက ​၄၀၀% ​လောက်ရှိနေတယ်လို့ ​အမေရိကန်နိုင်ငံက ​ကင်ဆာဂျာနယ် ​တစ်ခုက ​ပြောပါတယ်။
၂၀၁၅ ​ခုနှစ်တုန်းက ​ကင်ဆာရောဂါ ​ကူးစက်ခံရသူ ​၄ ​သန်းကျော်ရှိပြီး ​အများဆုံး ​ဖြစ်ပွားတဲ့ ​ကင်ဆာရောဂါက ​အဆုတ်ကင်ဆာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဆုတ်ကင်ဆာ ​ဖြစ်ပွားမှုနှုန်းက ​၄ ​ဆ ​ပိုများလာနေတယ်လို့ ​ဆိုပါတယ်။

ကင်ဆာ ​ရောဂါ ​ဖြစ်ပွားမှုနှုန်း ​အဆမတန် ​များနေတဲ့ ​ပြဿနာ ​ကို ​အာဏာပိုင်တွေက ​လက်မခံတဲ့အတွက် ​ပြဿနာကို ​ဖြေရှင်းမယ့် ​အနေအထား ​မရှိသေးတာ ​ဖြစ်ပါတယ်။

ဘေကျင်းမြို့က ​ကင်ဆာဌာနကတော့ ​လူနာတွေ ​များလွန်းလို့ ​မနိုင်မနင်း ​ဖြစ်နေရပြီး ​တရုတ်နိုင်ငံ ​တနံတလျှားက ​လူတွေက ​လာရောက် ​ကုသမှု ​ခံယူနေကြတာ ​ဖြစ်ပါတယ်။

ဆရာဝန်ရဲ့ ​စမ်းသပ်မှုကို ​ခံယူဖို့ ​လနဲ့ချီကြာ ​စောင့်ဆိုင်းရပြီး ​တွေ့ခွင့်ရတဲ့ အခါမှာ ​နောက်ကျတဲ့ ​အဆင့်ရောက်ရှိသွားတာမျိုး ​အဖြစ်များတယ်လို့ ​သိရပါတယ်။

နာမည် ​မဖော်လိုတဲ့ ​အမျိုးသား ​တစ်ယောက်ကတော့ ​သူ့ဇနီးသည်မှာ ​အဆုတ်ရောဂါ ​ဖြစ်နေပြီး ​အလုပ်လုပ်ခဲ့ရတဲ့ ​လုပ်ငန်းခွင် ​အခြေအနေနဲ့ ​လေထု ​ညစ်ညမ်းမှုတွေကြောင့် ​ဖြစ်ရတာလို့ ​ပြောသွားခဲ့ပါတယ်။

အဲဒီ ​ဇနီးမောင်နှံဟာ ​ကျောက်မီးသွေး ​ထုတ်လုပ်တဲ့ ​ပြည်နယ်က ​လာရောက် တာ ​ဖြစ်ပြီး ​ရထားလုပ်ငန်းမှာ ​အလုပ်လုပ်တဲ့ ​သူ့ဇနီးသည်က ​လေထုညစ် ညမ်းမှုကို ​တောက်လျှောက် ​ရှုရှိုက်ခဲ့ရတာလို့ ​ပြောပါတယ်။

ညအချိန်မှာ ​ဓာတ်မီးနဲ့ ​ထွန်းကြည့်ရင် ​ဖုန်တွေကို ​အတိုင်းသား ​မြင်နေရ တယ်လို့ ​ပြောပါတယ်။

တရုတ်နိုင်ငံမှာ ​လေထု ​ညစ်ညမ်းမှုတွေ ​များလွန်းတဲ့အတွက် ​ဗြိတိန်နိုင်ငံက ​လူတချို့ဟာ ​သန့်ရှင်းတဲ့ ​လေတွေကို ​ဖမ်းယူပြီး ​လေဗူးတွေကို ​တရုတ်နိုင်ငံ ဆီ ​ရောင်းချနေကြပါတယ်။

တရုတ်နိုင်ငံက ​အမျိုးသားထု ​တစ်ဝက်လောက်ဟာ ​ဆေးလိပ်သောက်သူ တွေ ​ဖြစ်ကြပြီး ​ကမ္ဘာ့ဆေးလိပ် ​သောက်သုံးမှုရဲ့ ​သုံးပုံ ​တစ်ပုံက ​တရုတ်နိုင်ငံ မှာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List