Tuesday, March 22, 2016

“ဦးသိန်းဆွေနှင့် ခဏတာ” သူရ ဦးရွှေမန်း၏သြဇာသက်ရောက်မှုကြောင့် ပြည်ထောင်စု ၀န်ကြီးအဖြစ်ရွေးချယ်ခံရခြင်း ဖြစ်နိုင်ခြေရှိဟုဆို


ယနေ့ မတ် ၂၂ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၁၁ ရက်မြောက်ပုံမှန်အစည်းဝေးက ထွက်ပေါ်လာသော ၀န်းကြီး ၁၈ ဦး အမည်စာရင်းတွင်ပါဝင်သော ဦးသိန်းဆွေသည် ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီးဟောင်တဦးဖြစ်ပြီး လက်ရှိ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ အစိုးရသစ်အဖွဲ့တွင် ၀န်ကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခြင်းနှင့်ပတ်သက်၍ News Watch မှ တွေ့ဆုံမေးမြန်းခဲ့သည်။
“မနေ့က ဦးရဲ့ကိုယ်ရေးရာဇ၀င်တွေကို တောင်းပါတယ်။ နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံးဆောင်ရွက်သွားမှာပါ။ ၀န်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ရရင် ပါတီလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ လွှတ်တော်လုပ်ငန်းတွေလည်း လုပ်ခွင့်မရှိတော့ပါ။ ဦးတို့မှာလည်းပဲ ဒီလို ခံယူထားမှုတွေရှိပါတယ်။

ရှေ့ဆက်ဆောင်ရွက်မယ့် အနေအထားနှင့်ပတ်သက်၍ “ဦးတို့ပါတီမှာ ချမှတ်ထားတဲ့ မူဝါဒဖြစ်တဲ့ မူဝါဒတွေမှာ နိုင်ငံနဲ့လူမျိုးအကျိုးအတွက်ဆိုရင် ပါတီအကျိုးအတွက်ထက် ဦးစားပေးရမယ်လို့ပြောထားတာရှိပါတယ်။ အလားတူပဲ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒအရဆိုရင်လည်း အမျိုးသားအကျိုးစီးပွားအတွက်ဆိုရင် မည်သည့် ပါတီ မည်သည့်အဖွဲ့အစည်းနဲ့မဆို မည်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ပါတီစည်းမျဉ်းထဲမှာ ရေးဆွဲထားပါတယ်။ ပါတီကလည်း နားလည်ပါတယ်။ မနေ့က ပါတီက တာဝန်ရှိသူတွေကလည်း ဦးကို အခုလို ပြည်ထောင်စုဝန်ကြီးတာဝန်ပေးမှုကို သဘောတူညီချက်တွေ ရထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံထားရသူ ပြည်ခိုင်ဖြိုးပါတီမှ ဦးသိန်းဆွေက ပြောသည်။


ပြည်ထောင်စုဝန်ကြီးအဖြစ် ရွေးချယ်ခံရခြင်းဟာ သူရဦးရွှေမန်းရဲ့ သြဇာသက်ရောက်မှုကြောင့်လားဆိုသော မေးခွန်းနှင့်ပတ်သက်၍ ဦးသိန်းဆွေက “ပါနိုင်တယ်လို့ ထင်ပါတယ်။ ဦးအနေနဲ့ ကုန်ခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ လွှတ်တော်ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆောင်ရွက်မှုတွေကြောင့် ဦးရဲ့ သဘောထားတွေ လုပ်ဆောင်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူတို့ပါတီဝင်တွေ ကောင်းကောင်းလေ့လာ သိရှိထားပြီးဖြစ်လို့ ခုလို ရွေးချယ်တာလို့ဘဲ ထင်မြင်ယူဆမိပါတယ်” ပြောသည်။

ဘယ်ဝန်ကြီးဌာနများမှာ တာဝန်ယူရမှာပါလဲ -
“အကြမ်းဖျင်းကတော့ ‘အလုပ်သမားနဲ့ လ၀က’လို့ ပြောပါတယ်။ ယခင်က ပထမဆုံးအနေနဲ့ ၀န်ကြီးချုပ်ရုံး ၀န်ကြီးအဖြစ် တနှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် ခြောက်နှစ်ကျော် ခုနစ်နစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက်မှာတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရှေ့ဆက် အနာဂတ်ခြေလှမ်း -
“ကန့်ကွက်သူမရှိ၊ ရွေးချယ်ခံရမယ်ဆိုရင်တော့ မူဝါဒအနေနဲ့ အဓိကဆောင်ရွက်ချင်တာက အလုပ်သမားရေးရာ၊ လက်ရှိသတ်မှတ်ထားတဲ့ ဥပဒေအတိုင်းဆောင်ရွက်ပါမယ်။ လ၀ကဆိုတာလည်း အရေးကြီးတဲ့ ဌာနတခု ဖြစ်ပါတယ်။ မြေပြိုလို့ နိုင်ငံမပျောက်ဘူး။ လူမျိုမှ နိုင်ငံပျောက်တယ်ဆိုတဲ့ မူဝါဒအတိုင်း ဆောင်ရွက်ပါမယ်။ ပထမဆုံးဆောင်ရွက်ချက်တာကတော့ ဌာနနှစ်ခုစလုံးမှာရှိတဲ့ ၀န်ထမ်းတွေအနေနဲ့ ဦးရဲ့ခေါင်းဆောင်မှု စီမံခန့်ခွဲမှုတွေကို သူတို့ယုံကြည်စွာနဲ့ လက်ခံလာအောင် ပူးပေါင်းဆောင်ရွက်ပါမယ်။ မနေ့က အရွေးချယ်ခံ သမ္မတကြီးပြောထားသလို ဥပဒေအတိုင်းဆောင်ရွက်မယ်။ စည်းကမ်းတိုင်းဆောင်ရွက်ရင် နေရာ ဌာန ရာထူးအတွက် အာမခံချက်ပေးတယ်ဆိုတဲ့စကားအတိုင်း ဆောင်ရွက်ပါမယ်။ ဦးနဲ့ လက်တွဲဆောင်ရွက်မယ့် ၀န်ထမ်းအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခေါင်းဆောင်မှုရအောင် ကြိုးပမ်းဆောင်ရွက်ပါမယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်း ဆောင်ရွက်သွားမှာပါ”ဟု ဦးသိန်းဆွေက News Watch ကို ပြောကြာခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List