Monday, March 21, 2016

``ဝန်ကြီး ၁၈ဦးနဲ့ ဌာန ၂၁ခု ကို တာဝန်ယူမည်´´


နိုင်ငံတော် သမ္မတ အဖြစ်ခန့်အပ်ခံထားရတဲ့ ဦးထင်ကျော်က ဝန်ကြီး ၁၅ဦးပဲ ခန့်အပ်သွားမှာဖြစ်ပြီး တပ်မတော် ဘက်က သုံးဦး အမည်စာရင်းတင်သွင်းမှာဖြစ်တယ်လို့ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။
``အဲ့သည် ၁၈ဦး ဆိုတာ အားလုံး Including"လို့ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

အန်အယ်ဒီက ခန့်အပ်မယ့်ဝန်ကြီး တွေထဲမှာ အမျိုးသမီးတွေပါတယ် လို့လည်း ဒေါက်တာဇော်မြင့်မောင် က သည်နေ့အစည်းအဝေးအပြီး မီဒီယာတွေကိုပြောပါတယ်။

ဝန်ကြီးဌာနစာရင်းနဲ့ဝန်ကြီးအရေအတွက်ကိုပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တာကြောင့်အစိုးရသစ် လက်ထက်မှာ ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုကို ပြည်ထောင်စုဝန်ကြီးဦးရေ ၁၈ ဦးကတာဝန်ယူ တော့မှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေတို့ကို ပြည်ထောင်စုလွှတ်တော်တွင်
စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၁၁ မဲ၊ ကန့်ကွက်မဲ သုံးမဲ၊ ကြားနေမဲ ၂၂ မဲဖြင့် အတည်ပြုလိုက်ပြီ ဖြစ်သည်။

Author / Photo - ဖေသက်ထက်ခင်
Kumudra

No comments:

Post a Comment

My Blog List