Friday, March 25, 2016

အနိုင်ရ NLD အမတ်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တောင်းဆို


၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့မှ အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး သည် ရွေးကောက်ပွဲဥပဒေများကိုဖောက်ဖျက်ခဲ့သဖြင့် ကိုယ်စားလှယ်အဖြစ် မှ ရုပ်သိမ်းပေးရန် ယင်းမြို့နယ်မှ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ သူ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ရွေးကောက်ပွဲကော်မရှင် ခုံရုံးထံတောင်းဆိုထားကြောင်း ခုံရုံးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။
NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို ကန့်ကွက် လွှာအမှု တင်သွင်းသော မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ယနေ့(မတ်လ ၂၄ ရက်နေ့)ခေါ်ယူစစ်ဆေးစဉ် ဦးအုန်းမြင့် က ယင်းသို့ထွက်ဆိုခြင်းဖြစ်ကြောင်း၊ တစ်ဖက်က ကန့်ကွက်ခံရသူကိုလည်း ခေါ်ယူစစ်ဆေးဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ဒေါ်အေးမြမြမျိုးက “ကျွန်မအနေနဲ့တော့ ဦးအုန်းမြင့်ဆောင်ရွက်နေမှုတွေကို ဘယ်လိုမှသဘောမထားဘူး။ သူတိုင် တန်းခဲ့တဲ့အရာတွေက ကျွန်မတစ်ခုမှမကျုးလွန်ခဲ့ဘူး။ အဲဒီ့အတွက် ကျွန်မ အနိုင်ရမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List