Friday, March 25, 2016

Palmyra မြို့ကို IS လက်ကနေ ပြန်သိမ်းယူဖို့ ကြိုးစား


ဆီးရီးယား ​အစိုးရကို ​ထောက်ခံတဲ့ ​လက်နက်ကိုင် ​တပ်ဖွဲ့တွေဟာ ​Palmyra ​မြို့ကို ​IS ​အစ္စလာမ်မစ် ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည် ​ရယူဖို့ ​ကြိုးစားနေ ပါတယ်။Palmyra ​ရှေးဟောင်းမြို့ဟာ ​ယူနက်စကိုက ​ကမ္ဘာ့အမွေအနှစ် ​အဖြစ် ​သတ်မှတ်ထားတာ ​ဖြစ်ပြီး ​သဲကန္တာရရဲ့ ​ပုလဲ ​လို့ ​တင်စားခေါ်ဝေါ်ထားတဲ့ ​မြို့ ​ဖြစ်ပါတယ်။
အရင်နှစ် ​မေလတုန်းက ​IS ​အဖွဲ့က ​Palmyra ​မြို့ကို ​သိမ်းဆည်းပြီး ​နှစ်ထောင်ချီ ​သက်တမ်းရှိတဲ့ ​ရှေးဟောင်း ​ပစ္စည်းတွေကို ​ဖျက်ဆီးတာတွေ၊ ​ခိုးယူတာတွေ ​လုပ်ခဲ့ကြပါတယ်။

အခုအခါမှာတော့ ​ဆီးရီးယား ​အစိုးရကို ​ထောက်ခံတဲ့ ​လက်နက်ကိုင် ​တပ်က ​Palmyra ​မြို့ရဲ့ ​အပြင်မှာ ​ရောက်ရှိနေပြီး ​ရုရှား ​စစ်တပ်ရဲ့ ​အကူအညီနဲ့ ​ထိုးစစ်ဆင်မှာ ​ဖြစ်ပါတယ်။

မြို့ပြင်မှာ ​တိုက်ပွဲတွေ ​ဖြစ်ခဲ့တယ်လို့လည်း ​ဗြိတိန် ​အခြေစိုက် ​ဆီးရီးယား ​လူ့အခွင့်အရေး ​စောင့်ကြည့်ရေး ​အဖွဲ့က ​ပြောပါတယ်။

Palmyra ​မြို့ကို ​ပြန်သိမ်းနိုင်မယ်ဆိုရင် ​သမ္မတ ​Bashar ​al-Assad ​အတွက် ​အင်မတန် ​အားတက်စရာ ​ဖြစ်သလို ​Palmyra ​မြို့ကို ​ရရှိရင် ​ကျယ်ပြန့်တဲ့ ​သဲကန္တာရကို ​ရရှိမှာ ​ဖြစ်ပြီး ​အဲဒီနေရာဟာ ​အီရတ်နိုင်ငံနဲ့ ​နယ်စပ်ခြင်း ​ထိစပ်တဲ့ ​နေရာဖြစ်လို့ ​အချက်အခြာကျတဲ့ ​နေရာလည်း ​ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​ဆီးရီးယားနိုင်ငံ ​ငြိမ်းချမ်းရေးနဲ့ ​ပတ်သက်ပြီး ​အမေရိကန်နဲ့ ​ရုရှားအဆင့်မြင့် ​ကိုယ်စားလှယ်တွေ ​ရုရှား ​စံတော်ချိန် ​ကြာသပတေးနေ့မှာ ​ဆွေးနွေးဖို့ ​ရှိနေပါတယ်။

အမေရိကန် ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျွန်ကယ်ရီက ​ရုရှားနိုင်ငံကို ​ရောက်ရှိနေပြီး ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်နဲ့ ​နိုင်ငံခြားရေး ​ဝန်ကြီး ​Sergie ​Lavrov ​နဲ့ ​တွေ့ဆုံဖို့ ​ရှိနေပါတယ်။

ဂျီနီဗာမြို့မှာ ​ကုလသမဂ္ဂက ​ဦးဆောင်ပြီး ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲ ​ပြုလုပ်ပေမယ့် ​ဘာတိုးတက်မှုမှ ​မရတဲ့အတွက် ​အမေရိကန်နဲ့ ​ရုရှားတို့ရဲ့ ​တွေ့ဆုံမှုကိုပဲ ​အလေးထား ​စောင့်ကြည့်နေကြတာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List