Thursday, March 24, 2016

အခြေခံဥပဒေခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များ အမည်စာရင်းတင်သွင်း


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ အဖြစ် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ဦးညီညီ ၊ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဌက တင်ပြသည့် ဦးမျိုးညွန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ အမျိုးသားလွှတ်တော်ဥက္ကဌက တင်ပြ သည့် ဦးတွာလ်ကျင်ပေါင် ၊ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း စုစုပေါင်း ပုဂ္ဂိုလ် ၉ ဦး အနက်မှ ဦးမျိုးညွန့်ကို ခုံရုံးဥက္ကဌ အဖြစ် ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်နာယကက တင်ပြထားသည်။ အဆိုပါ ပုဂ္ဂိုလ်များနှင့်ပက်သက်၍ ခန့်အပ်ရန် သဘောတူကြောင်း(သို့မဟုတ်) ကန့်ကွက်လိုသူရှိပါက ကန့်ကွက် ကြောင်း အဆိုပြုချက်ကို လာမည့် မတ်လ ၂၈ ရက် နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြုလုပ်မည် ဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List