Friday, January 15, 2016

ဦးခင်ရွှေ ကြံ့ခိုင်ရေးပါတီဝင် အဖြစ်မှ ထုတ်ပယ်ခံရဟု သတင်းများ ထွက်ပေါ်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး ဖြစ်သည့် ဦးခင်ရွှေကို ပါတီမှ ထုတ်ပယ်ထားပြီဟု သတင်းများ ထွက်ပေါ်နေကြောင်း ၎င်းက The Voice သို့ ဖြေကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ပြောကြားစဉ်ကတည်းက ပါတီက တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးထားတယ်။ လက်ရှိမှာ တရားဝင်ထုတ်ပယ်ကြောင်း စာမရသေးပေမယ့် ပါတီတံဆိပ်ကို တပ်ဆင်ခြင်း မရှိတော့ဘူး" ဟု ဦးခင်ရွှေက ဆိုသည်။

ပါတီမှ ထုတ်ပယ်မည်ဆိုလျှင် ညီလာခံခေါ်ပြီး ဆုံးဖြတ်ရမည် ဖြစ်သဖြင့် လက်ရှိသတင်းကို အတည်မပြုနိုင်သေးကြောင်း ကြံ့ခိုင်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဇော်မြင့်ဖေက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုလည်း ပါတီမှ ထုတ်ပယ်လိုက်ပြီဟူသော သတင်းများ ထွက်ပေါ်နေကြောင်း ဦးခင်ရွှေက ထပ်လောင်းပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List