Tuesday, January 12, 2016

အနိုင်ရကိုယ်စားလှယ်သစ်များ လွှတ်တော်ဟောင်းတွင် တပတ်ခန့် လေ့လာမည်


ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်သစ်တွေ လွှတ်တော်ဟောင်းမှာ တပတ်ခန့် လာရောက်လေ့လာမယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ် စားလှယ်သစ်တွေ အနေနဲ့ အန်အယ်လ်ဒီအစိုးရရဲ့ လွှတ်တော်သစ်မှာ အတွေ့အကြုံရနိုင်ဖို့ အခုကျင်းပနေတဲ့ လွှတ်တော်သက်တမ်းရဲ့ နောက်ဆုံးပတ်ဖြစ်တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့ကစပြီး ၂၉ ရက်နေ့ထိ လာရောက်လေ့လာမှာ ဖြစ်ပါတယ်။
အခုလို လေ့လာနိုင်ဖို့အတွက် ကိုယ်စားလှယ်သစ်တွေကို ၂၅ ရက်နေ့ အရောက် ခေါ်ထားတယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

ပထမအကြိမ်သက်တမ်းက ကိုယ်စားလှယ်တွေ အနေနဲ့လည်း အတွေ့အကြုံ မရှိဘဲနဲ့ တော်တော်လုပ်နိုင်ခဲ့တာကြောင့် ဒုတိယသက်တမ်းက ကိုယ်စား လှယ်တွေအနေနဲ့ ပိုလုပ်နိုင်မယ်လို့ ယူဆတယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။

လက်ရှိလွှတ်တော်ကနေ ဥပဒေပေါင်း ၂၁၃ ခု အတည်ပြု ပြဋ္ဌာန်းပေးနိုင် ခဲ့ပြီး လက်ရှိလွှတ်တော်သက်တမ်းမှာ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းပေးဖို့ အချိန်မလုံလောက်တော့တဲ့အတွက် နောက်လွှတ်တော်ကို လွှဲပေးခဲ့မယ့် ဥပဒေပေါင်း ၂၃ ခု ရှိတယ်လို့ ဦးစောလှထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက ၄၉၆ နေရာ အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၇၆ နေရာပဲ အနိုင်ရရှိခဲ့တဲ့အတွက် အန်အယ်လ်ဒီပါတီက အစိုးရဖွဲ့ခွင့်ရသလို လွှတ်တော်မှာလည်း နေရာ အများစုကို ရရှိထားပါတယ်။

DVB


No comments:

Post a Comment

My Blog List