Monday, January 11, 2016

အီဖေကိုယ်တို့ ရွေးကောက်ပွဲရုပ်ရှင်က NLD ပါတီအတွက် ရည်ရွယ်ပြီး ရိုက်တာပါလို့ ဆို


နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားကြတဲ့ အီဖေကိုယ်တို့ ရွေးကောက်ပွဲ ရုပ်ရှင်ဇာတ်ကားကို NLD ပါတီအတွက် ရည်ရွယ်ပြီး ရိုက်ဖြစ်ခဲ့တာပါလို့ ယင်းဇာတ်ကားကို ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က The Voice ကို ပြောပါတယ်။
“ဒီဇာတ်ကားက လူနေရဲ့ အီဖေကိုယ်ဆိုတဲ့ ဝတ္ထုလေးကို သဘောကျလို့ ရိုက်ဖြစ်တာပါ။ ဇာတ်လမ်းမှာ အဓိက ဆိုလိုချင်တာကတော့ လက်ရုံးရည် သမားနဲ့ နှလုံးရည်သမား ယှဉ်လာရင် ပညာတတ် နှလုံးရည်သမားကို မဲပေးသင့်တယ် ဆိုတာကို ရေးထားတာ။ ကျွန်တော်က အဲ့ဒီအချက်လေးကို သဘောကျလို့ NLD အတွက် ရည်ရွယ်ပြီး ရိုက်တာပါ” လို့ ယင်းဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့ပုံကို ၎င်းက ထပ်လောင်းပြောဆိုပါ တယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ရွေးကောက်ပွဲမတိုင်မီ ရုံတင်ပြသဖို့ ကြိုးစားခဲ့ သေးပေမယ့် NLD ပါတီက ရွေးကောက်ပွဲမှာ ပါတီအလံကိုသာကြည့်ပြီး မဲပေးဖို့၊ လူကြည့်ပြီး မဲမပေးဖို့ ဆိုပြီး ကြေညာချက် ထွက်လာတဲ့အတွက် ရုံတင်ပြသဖို့ရက်ကို နောက်ရွှေ့ခဲ့တာ ဖြစ်ကြောင်း ဒါရိုက်တာ ညီညီထွန်း လွင်က ပြောပါတယ်။

“ရွေးကောက်ပွဲပြီးမှ ပြတာလည်း ကောင်းပါတယ်။ ပရိသတ်က ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိသွားပြီလေ။ စည်းရုံးရေးတို့၊ Lobby လုပ်တာတို့က အဲဒီတုန်းက ပရိသတ်တွေက အတွေ့အကြုံ မရှိသေးဘူး။ အခုမှ အတွေ့အကြုံ ရှိသွားတာ။ ဇာတ်လမ်းကပေးချင်တဲ့ Message ကို ပရိသတ်တွေ အပြည့်အဝ ရသွားမှာပါ” လို့ ၎င်းက ဆိုပါတယ်။

ဒါရိုက်တာ ညီညီထွန်းလွင်ရဲ့ အိပ်မက်မျှဝေ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးတဲ့ အီဖေကိုယ်တို့ ရွေးကောက်ပွဲ ဇာတ်ကားမှာတော့ သရုပ်ဆောင် ခန့်စည်သူ၊ ဇေရဲထက်၊ ထွန်းထွန်း၊ ညီထွဋ်ခေါင်နဲ့ နန်းမြတ်ဖြိုးသင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပြီး ယခုလအတွင်း အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသသွားတော့မှာ ဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List