Monday, January 11, 2016

ရေကြီးမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဆောင်ရွက်ချက် လွှတ်တော်တွင်မေးခွန်းထုတ်မည်


ဧရာဝတီတိုင်းဒေသကြီး၊ ပထမအကြိမ် လွှတ်တော် နောက်ဆုံးအစည်းအဝေးတွင် ရေကြီးနစ်မြုပ်များနှင့်ပက်သက်ပြီး အစိုးရအဖွဲ၏ လုပ်ဆောင်ချက်အား ရေကြည်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေးက မေးခွန်းမေးမည်ဖြစ်ကြောင်းသိရှိရသည်။
"မြို့နယ်တွေမှာ ရေကြီးတုန်းကရော ပြန်ကျချိန်ရော အစိုးရ ထိထိရောက်ရောက်ကူညီလုပ်ဆောင်တာမတွေ့ရဘူး၊ရေတို ကယ်ဆယ်ရေးမှာ လည်းမတွေ့ရဘူး ၊ရေရှည်ပြန်လည် ထူထောင်ရေးမှာ ထောက်ပံ့ပေးတာတွေ့မတွေ့ရဘူး အဲဒါနဲ့ပတ်သက်ပြီး အစိုးရဘယ်လိုလုပ်ဆောင်တာ သိရဖို့တိုင်းလွှတ်တော်မှာ မေးခွန်းမေးမယ်" ဟု ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ပထမပုံမှန်နောက်ဆုံးအစည်းအဝေးအား ဇန်နဝါရီဘ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၁၅ခုနှစ်အတွင်း ရေကြီးစဉ်က နိုင်ငံတကာထောက်ပံ့ရေး ပစ္စည်းများ၊ငွေကြေး လှူဒါန်းခြင်းများကို မည်သို့စီမံခန့်ခွဲလုပ်ဆောင်နေသည်ကို မေးမြန်းမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဧရာဝတီတိုင်း​ဒေသကြီးအတွင်း သြဂုတ်​လတွင်​​ရေကြီးမှုများ​ကြောင့်​ ကျပ်​​ငွေ၂၃၆၀၁.၂၂၉ သန်း​ကျော်​ ဆုံးရှုံးခဲ့​ကြောင့်​ တိုင်း​ဒေသကြီး စိုက်​ပျိုး​မွေးမြူ​ရေးဝန်​ကြီး ဦးစန်း​မောင်​က မဇ္ဈိမ သို့​ပြောသည်​။

ရေကြ်ီးမှု​ကြောင့်​ မြို့နယ်​၁၉မြို့တွင်​အိမ်​​ထောင်​စု ၁၂၁၆၅၂ ၊လူဦး​ရေ ၅၀၅၂၉၂ဦးခံစားရပြီး၊လယ်​​မြေ၃၁၄၆၅၁ ဧက ​ရေနစ်​မြုပ်​ပြီး၊လယ်​​မြေ ​၁၉၆၀၈၅ဧက ပျက်​စီးခဲ့​ကြောင်း တိုင်း​ဒေသကြီးအစိုးရထုတ်​ပြန်​သည့်​စာရင်းအရ သိရှိရသည်​။


Mizzima - News in Burmese

No comments:

Post a Comment

My Blog List