Thursday, January 14, 2016

ငြိမ်းချမ်းရေးညီလာခံတွင် အစုများခွဲ၍ ကဏ္ဍကြီးငါးခုကို သီးခြားဆွေးနွေး


ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ဒုတိယနေ့တွင် ကိုယ်စားလှယ်များသည် အစုကြီး ငါးစု၊ အစုငယ် နှစ်စုခွဲ၍ ကဏ္ဍ ကြီးငါးခုကို သီးခြားစီဆွေးနွေးခဲ့ ကြသည်။ အစိုးရနှင့် လွှတ်တော်အစိုး ရအဖွဲ့မှ ကိုယ်စားလှယ် ၇၅ ဦး စီ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ မှ ၁၅၀ ဦးစီကို အစုကြီး ငါးစုအ ဖြစ် သတ်မှတ်၍ သီးခြားစီဆွေး နွေးခဲ့ကြသည်။
ထို့အပြင် ပါဝင်သင့်ပါဝင် ထိုက်သူများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ကိုလည်း အစု နှစ်ခုအဖြစ် သတ်မှတ်၍ သီးခြား စီဆွေးနွေးခဲ့ကြကြောင်း ကိုယ် စားလှယ်များက ပြောသည်။

အဆိုပါ အစုများက နိုင်ငံ ရေးကဏ္ဍတွင် ဖက်ဒရယ်စနစ် ၌ အခြေခံရမည့် မူများ၊ စီးပွား ရေးကဏ္ဍတွင် အခွန်ကောက်ယူ ခြင်း၊ ပြန်လည်ခွဲဝေခြင်း၊ လုံခြုံ ရေးကဏ္ဍတွင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသည့် မူများ၊ လူမှုရေးတွင် အိုင်ဒီပီများ နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ သဘာဝပတ်ဝန်း ကျင်တွင် သယံဇာတစီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သီးခြားစီသဘောထားအမြင်များကို ဆွေး နွေးကြမည် ဖြစ်သည်။

ညီလာခံဒုတိယနေ့ ဇန်န၀ါရီ ၁၃ ရက်တွင် အဆိုပါ အစုအ သီးသီးက မိမိတို့အစုတွင်း နိုင်ငံ ရေး၊ စီးပွာရေး၊ လူမှုရေး၊ လုံခြုံ ရေး၊ သဘာဝပတ်ဝန်း ကျင်စသည့် အုပ်စုငါးစုစီခွဲ၍ ဆွေးနွေး ခဲ့ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

‘‘ဒီနေ့မနက်မှာကတော့ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းက တက်လာတဲ့အစုအဖွဲ့က အကုန် လုံးပေါ့။ ခေါင်းစဉ်ကြီးငါးခုနဲ့ ပတ်သက်လို့ မိမိတို့အဖွဲ့ထဲမှာ ကြိုတင်ပြင်ဆင်ထားတာရှိရင်လည်းရှိရင် လည်း ရှိတဲ့အတိုင်းပေါ့။ တင်ပြတာတွေ လုပ်ပါတယ်။အားလုံးလူ ၁၅၀ ပေါ့။ ပြီးတော့ ခေါင်းစဉ်တစ်ခုစီအတွက် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးပေါ့။ ကျွန်တော်တို့အဖွဲ့ထဲမှာရှိတဲ့ လူ တွေပြန်ခွဲပြီးတော့၊ ပြန်စုပြီးတော့ ပြန်ဆွေးနွေးတယ်’’ဟု ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ပြောသည်။

အစုတစ်ခုစီမှ ခေါင်းစဉ် တစ်ခုအတွက် ဆွေးနွေးမှုများအ ပြီး ညီလာခံ လေးရက်မြောက် ဇန်န၀ါရီ ၁၅ ရက်ခန့်တွင် အစု အားလုံးပေါင်း၍ တူရာခေါင်းစဉ် တစ်ခုစီအပေါ် ဆွေးနွေးချက် သဘောထားများ ပြန်စုစည်းမည် ဖြစ်သည်။

ယခုညီလာခံသည် ဆုံးဖြတ် ချက်ထွက်ပေါ်မည်မဟုတ်ဘဲ သဘောထားများ စုစည်း၍ အစိုးရထံတင်ပြမည်ဖြစ်သည်။ ထို့နောက် လာမည့်အစိုးရသစ် လက်ထက်တွင် ဆက်လက်ပြု လုပ်မည့် ညီလာခံသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ကိုယ် စားလှယ်များက ပြောသည်။

‘‘လက်ရှိညီလာခံက အဆုံး အဖြတ်ဘာမှမလုပ်ဘူး။ လုပ်နေ တဲ့ လုပ်ငန်း Process ကို နောက် ညီလာခံလွှဲဖို့အတွက် တာဝန်ယူမှာ။ ညီလာခံကြီးနှစ်ခု ကြားမှာ ညီလာခံလေးတွေ ရှိနိုင်တယ်။ အမျိုးသားအဆင့် ဆွေးနွေးမယ်။ အမျိုးသားအဆင့်ဆိုတာ ရခိုင် ပြည်နယ်မှာ ရခိုင်တွေဆွေးနွေးမယ်။ ဘယ်လိုအချက်အလက် တွေစုပြီးမှ အသေးစိတ်အချက် အလက်တွေ စုပြီး နောက်တစ် ကြိမ် ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာ ခံကြီးကို တင်မလဲပေါ့’’ဟု ရခိုင် အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ခေါင်းစဉ်တစ် ခုစီအတွက် သဘောထားတစ်ခု တည်းရအောင် ဆွေးနွေး နေပြီး သဘောထားတစ်ခုတည်း ရရှိပါ က အခြားအစုများနှင့် ဆက်လက် ဆွေးနွေးမည်ဟု ဆိုသည်။ ‘‘EAOs ထဲမှာ ဖက်ဒရယ်နဲ့ပတ်သက်ပြီး အသံတစ်သံတည်း ထွက်လာ အောင် ဒီနေ့လုပ်တယ်။ အသံတစ်သံတည်း ထွက်လာပြီဆိုရင် အဲဒီ နိုင်ငံရေးအစုထဲမှာပါတဲ့ EAOs ရော၊ တပ်မတော် ရော၊ လွှတ်တော်ရော၊ အားလုံးတစ်ခါလုပ်ပြီး တော့ ပြန်ညှိဖို့ပါ’’ ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ညီလာခံတတိယနေ့တွင် တပ်မတော်အပါအ၀င် အစုအဖွဲ့ ကိုယ်စားလှယ် များက ခေါင်းစဉ် ငါးခုနှင့်ပတ်သက်၍ သဘောထား များကို တင်ပြကြမည် ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List