Tuesday, January 12, 2016

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၁၄ ခုကို နောက်အစိုးရ လက်ထက်တွင် လိုအပ်မှသာ ပြန်လည်ဆွေးနွေးမည်


ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၁၄ ခုကို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိကြောင်း ဇန်န၀ါရီ ၁၁ ရက်က ဆုံးဖြတ်ခဲ့ပြီး မှတ်တမ်းတင်ခဲ့သည့် ဥပဒေကြမ်းများကို နောက်အစိုးရ လက်ထက်တွင် လိုအပ်သည်ဆိုမှသာ ပြန်လည် ဆွေးနွေးလိမ့်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
“နောက်လွှတ်တော်မှာ ဆောင်ရွက်ဖို့လို့လည်း မပြောဘူး။ မှတ်တမ်းတင် ထားမယ် ။ ပြည်ထောင်စု လွှတ်တော်ကို ပို့မယ် ။ နောက်လွှတ်တော်က အနိုင်ရပါတီကနေ ပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ မှတ်တမ်းတင်တဲ့ ဥပဒေကြမ်းတွေကို ကြည့်ပြီးတော့ သူတို့ပြဋ္ဌာန်းဖို့ သင့်တယ်ဆိုရင်လည်း ထပ်ဆောင်ရွက်မှာပေါ့” ဟု ဦးရဲထွန်းက ပြောသည်။

ဝန်ကြီးဌာနသုံးခုမှ တင်သွင်းသည့် ဥပဒေကြမ်း ရှစ်ခုနှင့် ပြည်ထောင်စု လွှတ်တော်မှ ပေးပို့ကာ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ဖြစ်သည့် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် အတည်ပြုခဲ့သည့် ဥပဒေကြမ်း ခြောက်ခု စုစုပေါင်း ဥပဒေကြမ်း ၁၄ ခုကို ပြည်သူ့ လွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီက တင်သွင်းခဲ့သည့် အစီရင်ခံစာ သဘောထား မှတ်ချက်အတိုင်း ပြည်သူ့လွှတ်တော် တွင် မှတ်တမ်းတင်ကာ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ရန် အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

“ဥပဒေကြမ်း ၁၄ ခုက တချို့ ဥပဒေကြမ်းတွေက ဒီလွှတ်တော်မှာ အချိန်မမီ တော့ဘူး။ လွှတ်တော် အသစ်နဲ့ အဟောင်း အကူးအပြောင်း ကာလလည်း ဖြစ်တဲ့အတွက် ကြောင့်မိုလို့ဆိုပြီး အကြောင်းပြချက်ပေါ့ ။ တချို့ ဥပဒေ ကြမ်းကျတော့ လည်းဒီဟာတွေက ထပ်ပြီးတော့ လေ့လာ သုံးသပ်ဖို့ အချိန်လိုသေးတဲ့ အတွက်ကြောင့် မိုလို့ပေါ့ ။ အဲ့ဒီလို ဟိုဟာဖြစ်ပြီးတော့ သူက ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲနဲ့ မှတ်တမ်းတင်ထားဖို့ပဲ ပြောတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

မှတ်တမ်းတင်ထားရှိရန် အတည်ပြုခဲ့သည့် ဥပဒေကြမ်း ၁၄ ခုထဲတွင် နျူကလီးယား ဘေးအန္တရယ် ကင်းရှင်းရေး ဥပဒေကြမ်း၊ ဖွဲ့ စည်းပုံ အခြခံဥပဒေကို ကာကွယ်စောင့် ရှောက်သည့် ဥပဒေကြမ်း ၊ မြေသိမ်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ သံအမတ်ကြီးများဆိုင်ရာ ဥပဒေကြမ်း၊ မူပိုင်ခွင့် ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ လက်နက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တို့ ပါဝင်ကြောင်း
သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List