Monday, January 18, 2016

လူငယ်များအွန်လိုင်းတွင် အချိန်ဖြုန်းနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ကရုဏာဒေါသဖြင့် ပြောကြား


မြန်မာနိုင်ငံမှ လူငယ်များသည် ကွန်ပျူတာဂိမ်းများ၊ အင်တာနက်ဂိမ်းများနှင့် လူမှုကွန်ရက် များပေါ်တွင် အချိန်ဖြုန်းနေကြ ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ရန်ကုန်မြို့၌ ကျင်းပသော နိုဗယ်-မြန်မာ စာပေပွဲတော်သို့ ပေးပို့သည့် ၎င်း၏သ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နည်းပညာက လွန်စွာ အဆင့်မြင့်စွာအလျောက် ကျွန်မ တို့ရဲ့ လူနေမှုဘ၀တွေကို များစွာ ပြောင်းလဲစေပါတယ်။ အခုဆိုရင် ကျွန်မတို့ကလေးတွေဟာ ကွန်ပျူ တာဂိမ်းတွေ၊ အင်တာနက် ဂိမ်း တွေနဲ့ လူမှုကွန်ရက်တွေမှာ သူတို့ ရဲ့အချိန်အများစုကို အသုံးချနေ ကြပါတယ်။ နည်းပညာအသုံးပြု မှု မြင့်တက်လာတာကြောင့်လည်း ကလေးတွေ စာပေဖတ်ရှုတဲ့အ ချိန် နည်းလာပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်၏ သ၀ဏ် လွှာတွင် ဖော်ပြထားသည်။

ယခုနှစ် နိုဝင်ဘာရွေး ကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရရှိခဲ့ပြီး အစိုးရအသစ် ဖွဲ့စည်းခွင့် ရရှိနေပြီဖြစ်သည်။

NLD ပါတီ၏ ရွေးကောက်ပွဲ အောင်မြင်မှုသည် တိုင်းပြည်၏ လူဦးရေ ထက်ဝက်ကျော်ရှိသည့် အသက် (၂၇) နှစ်အရွယ်အောက် လူငယ်များ၏ မဲများကို ရရှိခဲ့သည့်အတွက်ဖြစ်သည်။

သို့သော် ပညာရှင်တစ်ဦးဖြစ်သည့် အသက် (၇၀) အရွယ် ဒေါ်အောင်ဆန်း စုကြည်သည် နည်း ပညာကို အကျွမ်းတ၀င်အသုံးချ လိုမှုမရှိပေ။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာ ပြည်၌ အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မလာမီအထိ အနှစ် ၂၀ ခန့်ကို ဒေါ်အောင်ဆန်းစုကြည်သည် ဖုန်တက်နေသော စာကြည့်တိုက်မှ စာအုပ်များနှင့် ရေဒီယိုကိုသာ အဖော်ပြုပြီး နေခဲ့ရသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က မြန်မာနိုင်ငံ၌ အင်တာနက်သည် အကန့် အသတ်ဖြင့်သာ အ သုံးပြုခွင့်ရခဲ့ပြီး လက်ကိုင်ဖုန်းများကလည်းအမေရိကန် ဒေါ်လာ ထောင်ကျော်အထိ တန်ဖိုးရှိခဲ့သည်။

ယခုအချိန်တွင် အိမ်နီးချင်း နိုင်ငံအများအပြားကဲ့သို့ မြန်မာ နိုင်ငံ၌ စမတ်ဖုန်းနှင့် ဆိုရှယ်မီဒီ ယာ အကောင့်များ ပေါချင်းသောချင်းဖြစ်လာ သည်။

ထို့အတူ ၎င်း၏သ၀ဏ်လွှာ တွင် ဒေါ်အောင်ဆန်းစုကြည်က ငွေကြေးပံ့ပိုးမှု နည်းပါးလှပြီး ဝေ ဖန်သုံးသပ်ဖြေဆိုမှုထက် ဆရာ သင်သမျှ အလွတ်ကျက် ဖြေဆိုနေရသည့် မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်းကိုလည်း ဝေ ဖန်ခဲ့သည်။

‘‘ကျွန်မတို့ရဲ့ စာသင် ကျောင်းတွေမှာလည်း ကျောင်း စာကြည့်တိုက်ဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ စာပေလေ့လာဖတ်ရှုချိန်ဆိုတာလည်း ကျောင်းစာသင်ချိန်တွေထဲမှာ မရှိတော့ပါဘူး။ စာအုပ်စာပေတွေလည်း ကျောင်းသားတွေရဲ့ ပတ်ဝန်း ကျင်မှာမရှိတော့ပါဘူး။ ပညာရေးစနစ်က လည်း အလွတ်ကျက်ဖြေ ရတဲ့စနစ်ဖြစ်လေတော့ တခြား သောကျောင်းပြင်ပ အတွေးအ ခေါ်၊ အယူအဆနဲ့ ဆင်ခြင်နိုင်စွမ်းတွေကို ကန့်သတ်ထားပြီး စာပေဖတ်ရှုတာတွေကို ကန့်သတ်ထား သလိုဖြစ်နေပါတယ်။ ဒီအခြေ အနေမှာကျွန်မတို့ရဲ့ ကျောင်းသားလူငယ်တွေ စာပေနဲ့ အလှမ်းဝေးသွားတာ သိပ်ဝမ်းနည်းဖို့ကောင်း ပါတယ်’’ဟု ၎င်းကဆိုသည်။

စစ်အစိုးရလက်အောက် ၀င် ငွေနည်းပါးပြီး ဆင်းရဲသောမြန်မာ နိုင်ငံတွင် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက် တိုင်းပြည်၏ ဘဏ္ဍာရေးအသုံး စရိတ် နည်းပါးလှပြီး စစ်တပ်အ တွက်သာ အများဆုံး အသုံးပြုခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသည် ယခုစနစ်ကို ပြောင်းပြန်လှန် ဆောင်ရွက်မည် ဟု အများက မျှော်လင့်ထားကြသည်။

Ref:AFP
7Day News Journal


No comments:

Post a Comment

My Blog List