Thursday, January 14, 2016

ဝန်ကြီးဌာနတွေ အသစ်ပြန်ဖွဲ့ဖို့နဲ့ပတ်သက်လို့ နယ်ပယ်အသီးသီးက နားလည်ကျွမ်းကျင်သူတွေရဲ့အသံ


ဦးအောင်ကြည် (အငြိမ်းစားဝန်ကြီး)

နိုင်ငံတစ်နိုင်ငံအတွက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ပထမဦးဆုံး စလုပ်ရမယ့်အလုပ်က တော့ အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲခြင်းဖြစ်ပါတယ်။ အဲဒီအလုပ် ဟာ အရေးကြီးတဲ့အစီအစဉ်တစ်ခု ဖြစ်ပြီး အဲဒီထဲမှာမှ ဝန်ကြီးဌာန တိုးခြင်းလျှော့ခြင်းဟာ အစိတ် အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါ တယ်။ အဲဒီအလုပ်ဟာ ပါးစပ်က ပြောရတာ လွယ်သလောက် လက် တွေ့လုပ်တဲ့အခါ အခက်အခဲတွေ အများကြီးတွေ့ကြုံကြရပါတယ်။ အစိုးရတစ်ခုဖွဲ့လိုက်တာဟာ လွယ် ပါတယ်။ အကောင်အထည်ဖော်ဖို့ မှာ အားတွေမရှိရင်တော့ အခက် အခဲတွေဟာ ရောက်ရှိလို့လာတတ် ပါတယ်။ အစိုးရအဖွဲ့တစ်ဖွဲ့အတွက် ဝန်ကြီးဌာနတွေဟာ အားတွေပါ။ အဲဒီအားတွေကို အခု လျှော့မယ်လို့ သတင်းကြားရပါတယ်။ တကယ့် တကယ်တော့ လက်ရှိနိုင်ငံမှာရှိနေ တဲ့ ဝန်ကြီးဌာနအချို့ဟာ လျှော့ချ သင့်တဲ့အပိုင်း မှာ ရှိနေတာကိုတော့ မငြင်းလိုပါဘူး။ ၂ဝ၁၁ ခုနှစ်မှာ အစိုးရသစ်စဖွဲ့ကတည်းက ကောင်း မွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို သွား မယ်လို့ ကြွေးကြော်လာခဲ့ပေမယ့် ထိရောက်မှုနဲ့ စွမ်းဆောင်ရည်ရှိခြင်း တို့မှာတော့ အားနည်းမှုတွေဖြစ် ပေါ်ခဲ့ပါတယ်။
ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာန ၃၆ ခုဟာ ရှိသင့်ရှိထိုက် တဲ့အင်အားထက် ပိုမိုပြီးဖောင်းပွ နေတယ်။ အဲဒါက တစ်ချက်။ နောက်တစ်ခုက စွမ်းဆောင်မှုတွေ ဟာ အားနည်းနေတယ်။ ဒါ့ ကြောင့် ကောင်းမွန်တဲ့အုပ်ချုပ်ရေး အပိုင်းဟာ အားနည်းမှုတွေ ရှိသွားခဲ့ပါတယ်။
ဝန်ကြီးတစ် ယောက်ရဲ့အလုပ်ဟာ မူဝါဒတွေ ကိုရေးဆွဲမယ်။ ပြည်သူလူထုလို လားတဲ့အချက်တွေကို အကောင် အထည်ဖော်ဆောင်ရွ က်ပေးတဲ့ ပုဂ္ဂိုလ်ပါ။ အသေးအဖွဲကိစ္စရပ် တွေကို တစ်ခုချင်းစီလိုက်လုပ် နေရတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ကြီးဟာ သူ့ရဲ့လက်ေ အာက်ကို အာဏာဖြန့်ခွဲမှု လုပ်ပေးရမယ်။ ဒီလိုမှမဟုတ်ဘဲ ဝန်ကြီးဌာနတွေ ကိုလျှော့ပြီး ဗဟိုဦးစီးအလုပ်ကိုသာ လုပ်မယ်ဆိုရင်တော့ မနိုင်မနင်း တွေ ဖြစ်လာပါလိမ့်မယ်။

ဒေါက်တာစိုးထွန်း
(စီးပွားရေးလုပ်ငန်းရှင်)

အခု နိုင်ငံမှာရှိနေတဲ့ ဝန်ကြီး ဌာန ၃၆ ခုဟာ လိုတာထက်ပိုနေ တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဝန်ကြီးဌာနတွေ အရမ်းများတဲ့ အတွက် အစိုးရရဲ့ ကုန်ကျစရိတ် တွေများမယ်။ နည်းရင်အစိုးရကုန် ကျစရိတ် လျော့သွားမယ်။ အဲဒီလို တော့ မြင်ပါတယ်။ နောက်တစ်ခု ထပ်ပြောချင်တာကတော့ ဝန်ကြီး ဌာနတွေ အရမ်းများတော့ ချိတ် ဆက်ဆောင်ရွက်မှုအပိုင်းမှာ တော်တော်လေးအားနည်းမှုတွေ ရှိ သွားတယ်။ တကယ်လည်းဖြစ်ခဲ့ ပါတယ်။ ဥပမာ လောလောဆယ် ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက် ပြီး ပထမ စီးပွား/ကူးသန်းက ကိုင်တယ်။ အခု ကညနကို ရွှေ့ လိုက်တယ်။ ဒီလိုမျိုး ဖြစ်နေတယ်။ စီးပွားရေးလုပ်တဲ့အခါမှာလည်း ဟိုကနေဒီပို့၊ ဒီကနေ ဟိုပို့၊ ဟိုက ခွင့်ပြုချက်တောင်း၊ ဒီက ခွင့်ပြု ချက်တောင်းနဲ့ အလုပ်ရှုပ်တယ်။ ဒီကြားထဲ ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခု ပူးပေါင်းဆောင်ရွက်မှု အား နည်းတော့ လုပ်ရတဲ့လုပ်ငန်းတွေ ဟာလည်းကြန့်ကြာမှုတွေဖြစ်တယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြော ရရင် ဝန်ကြီးဌာနတွေလျှော့ချ မယ့်အပေါ် အပြည့်အဝ ထောက်ခံ တယ်။ တစ်ခုတော့ရှိတယ်။ပြည်သူ တွေကို သေသေချာချာ နားလည် အောင်ရှင်းပြဖို့တော့ လိုမယ် ။ ပြည်သူတွေအနေနဲ့ ဘာလုပ်မယ် ဆိုရင် ဘယ်ဌာနကို သွားပါ၊ ဒီလို သဘောပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူက လက်ရှိ ရှိနေတဲ့ ဌာန တွေနဲ့ ဆက်ဆံတာ ကြာခဲ့လို့ပါ။ ဝန်ကြီးဌာနတွေ လျှော့ချရင် ဝန်ထမ်းတွေ ကြုံရမယ့်အခက်အခဲ တွေကို ပြောရမယ်ဆို ရင်အောက် ခြေအဆင့်ထက် အပေါ်ပိုင်း အဆင့်မှာ ပိုပြီးသက်ရောက်မှု ရှိလာလိမ့်မယ်။ လက်ရှိ ရှိပြီးသား အမြဲတမ်းအတွင်းဝန်က နောက် ဝန်ကြီး ဌာနမှာ အမြဲတမ်း အတွင်း ဝန်ရာထူး ရချင်မှရမှာ။ ဒီအတိုင်းပဲ ညွှန်ချုပ်တွေလည်း အဲဒီလိုဖြစ်လိမ့် မယ်။ ဒီအခါကျရင် စိတ်ထဲမှာ ခံစား မှုတွေ သူတို့တွေဖြစ်ကြလိမ့်မယ်။

ဦးအေးမောက်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

မြန်မာက နိုင်ငံတကာမှာ ဝန်ကြီးဌာန အများဆုံး စာရင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဘယ် မှာကြည့်ကြည့် မြန်မာလောက် မများ ဘူး။ သူများနိုင်ငံထက် မြန် မာက ဝန်ကြီးဌာနများတဲ့အတွက် ကုန်ကျစရိတ် အများကြီးရှိတယ်။ နောင်လာမယ့် အစိုးရသစ်ဟာ လက်ရှိ ရှိပြီးသား ဝန်ကြီးဌာနတွေ ကို ပေါင်းလုပ်တဲ့အခါ ကျရင် ဖြစ် ပေါ်လာမယ့် အကျိုးဆက်ဟာ အကောင်းများလိမ့်မယ်လို့ ကျွန် တော်က ပြောချင်ပါတယ်။ အပြစ် မရှိဘူးလားဆိုတော့ နည်းနည်းပါး ပါးတော့ ရှိလိမ့်မယ်။ ဘာလို့ ဒီလို ပြောရလဲဆိုရင် ကိစ္စတိုင်းဟာ အကောင်း အဆိုးတွေနဲ့ ဒွန်တွဲနေ လို့ပါပဲ။ ဟိုးတုန်းက အရင်အစိုး ရ အဆက်ဆက်ကို ပြောတာပေါ့ ဗျာ။ ခုလိုပဲ ဝန်ကြီးဌာနတွေတိုးတာ တို့၊ လျှော့တာတို့ လုပ်ခဲ့ပါတယ်။ ဖြစ်သွားတာပါပဲ။ ထိခိုက်လောက် တဲ့ သက်ရောက်မှုမျိုး မရှိခဲ့ပါဘူး။ အလုပ်ဟောင်းကနေ အလုပ်သစ် ကို ပြောင်းရွှေ့ရတာဖြစ်တဲ့အတွက် အခက်အခဲကတော့ ရှိကြပါတယ်။ အရင်တုန်းကဆိုရင် စွမ်းအင်၊ လျှပ်စစ်နဲ့သတ္တုဟာ ဝန်ကြီးဌာန တစ်ခုတည်းပါ။ ဒီလိုပဲ ကုန်သွယ် ရေးနဲ့စက်မှုဟာလည်း တစ်ခုတည်း ပါပဲ။ ဒါ့အပြင် လယ်/ဆည်နဲ့ သစ်တောဟာလည်း တစ်ခုတည်း ပါပဲ။ ဒါကို နောက်ပိုင်းမှာ ဝန်ကြီး ဌာန ၇ ခုထပ်ခွဲလိုက်တော့ ဝန်ကြီး တွေ၊ ဒုဝန်ကြီးတွေ၊ ညွှန်ချုပ်တွေ၊ ဒုညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ အများကြီး ခန့်ရတော့မယ်။ ဒီ့ အတွက် ကုန်ကျစရိတ်တွေလည်း အများကြီးတက်သွားတယ်။

စာရေးဆရာ မောင်သာချို
(တွဲဖက်ပါမောက္ခရန်ကုန်တက္ကသိုလ်)

လက်ရှိနိုင်ငံမှာ မလိုဘဲနဲ့ပိုလျှံ နေတဲ့ဝန်ကြီးဌာနတွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် ဌာနတွေ ဟာလည်းများနေပါတယ်။ ဥပမာ ပညာရေးနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက အခုခေတ်လိုမျိုး သင်တန်းရေးရာ တို့၊ ငွေစာရင်းမှူးတို့ဆိုတာ မရှိ ဘူး။ မော်ကွန်းထိန်းတစ်ယောက်နဲ့ ထိန်းခဲ့ရတယ်။ အခုတော့ ရာထူး တွေ အများကြီးဖြစ်နေတယ်။ ဒါ့အပြင် ဟိုတုန်းကအဆင်မြင့်ပညာ ဦးစီးဌာနဆိုတာ မရှိဘူး။ ဒါတွေ လည်း ပြုပြင်ပြောင်းလဲသင့်တယ်။ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး စိုးရိမ် ပူပန်မှုတော့ ကျွန်တော့်စိတ်ထဲမှာ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောထားတဲ့ စကားတစ်ခုရှိပါတယ်။ အခုလိုမျိုးဝန်ကြီးဌာ နတွေ ပေါင်းတဲ့ အလုပ်ဟာ ဖြုတ်ပစ်လိုက်တာမျိုး မဟုတ်ဘူး၊ ပေါင်းလိုက်တယ်လို့ ဆိုထားတယ်။ ဒါဟာ ကောင်းတဲ့ အလုပ်ပဲလေ။

Popular News Journal

No comments:

Post a Comment

My Blog List