Tuesday, January 12, 2016

မြန်မာလုပ်သားနှစ်ဦးအတွက် အယူခံဝင်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာအစိုးရ စေလွှတ်ခဲ့


အစိုးရက စေလွှတ်ခဲ့သည့်အဖွဲ့တွင် နေပြည်တော်အစိုးရရှေ့နေချုပ် လွှတ်တော် တရားရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ CID မှ ရဲမှူးကြီး စိုးနိုင်ဦးနှင့် အစိုးရရှေ့နေချုပ်ရုံးမှ ဦးပီခင်တို့သည် ထိုင်းနိုင်ငံ တွင် (၁၅) ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

သေဒဏ်ချမှတ်ခံထားရသော မြန်မာလုပ်သားနှစ်ဦးအတွက် အယူခံဝင်ရေးဆောင်ရွက်ရန် မြန်မာအစိုးရက စေလွှတ်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်န၀ါရီလ (၁၁) ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစိုးရက စေလွှတ်ခဲ့သည့်အဖွဲ့တွင် နေပြည်တော်အစိုးရရှေ့နေချုပ် လွှတ်တော် တရားရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ CID မှ ရဲမှူးကြီး စိုးနိုင်ဦးနှင့် အစိုးရရှေ့နေချုပ်ရုံးမှ ဦးပီခင်တို့သည် ထိုင်းနိုင်ငံတွင် (၁၅) ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

မြန်မာလုပ်သား နှစ်ဦး အယူခံဝင်၍ အမှုရင်ဆိုင်ချိန်တွင် သက်သေထွက်ဆို ပေးမည့်သူ ငါးဦးရရှိထားကြောင်းနှင့် သေဒဏ်ကျခံ မြန်မာနိုင်ငံသားနှစ်ဦး အမှု အယူခံဝင်ရန် ပြင်ဆင်ချိန် ရက်ပေါင်း (၃၀) သည် မလုံလောက်ခြင်း ကြောင့် ရက်တိုးမြှင့်ပေးရန် တောင်းဆိုချက်ကို ထိုင်းအစိုးရက လက်ခံခဲ့ သည်။

Source: 7 Day Daily
Photo: wsj, indianexpress, sbs
Duwun

No comments:

Post a Comment

My Blog List