Tuesday, December 22, 2015

ဆွေမျိုးပေါက်ဖော်ကြီး၏ မနက်ဖြန် သို့မဟုတ် . . . . .


ချစ်ကြည်ရေးနိဒါန်း။အရှေ့ဘက် အိမ်နီး နားချင်း ဆွေမျိုးပေါက်ဖော်ကြီးတို့ ၁၉၄၉ အောက်တို ဘာလ ၁ ရက်နေ့ တရုတ်ပြည်သူ့ သမ်္မတနိုင်ငံ တည် ထောင်လိုက်သောအခါ မြန်မာသည် ၁၆.၁၂.၁၉၄၉ရက်နေ့တွင် ရှေ့ ဆုံး အသိအမှတ် ပြုခဲ့ကြသည်။ ၁၉၅၀ ခုနှစ်မှစတင်၍သံတမန် ဆက်ဆံရေးထူ ထောင်ခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန် လေး စားစွာ အသိအမှတ်ပြုခဲ့ကြသည်။ ၁၉၇၁ ခုနှစ် တရုတ်ပြည်သူ့သမ်္မတနိုင်ငံ ကမ်္ဘာ့ ကုလသမ်္မအဖွဲ့ ၀င်ခွင့်ရ သည်အထိ မြန်မာသည်စဉ်ဆက်မပြတ် အကြိမ်ကြိမ် ထောက်ခံတင်ပြ တောင်းဆိုပေးခဲ့သည်။
ထို့အတူမြန်မာ့စီးပွားရေး၊ နိုင်ငံရေးအဖု အထစ်ကြုံ တိုင်းတရုတ်နိုင်ငံသည် မြန်မာဘက်မှ ရပ်တည်ပေးခဲ့၊ ကူညီပေးခဲ့ကြသည်။ အိမ်နီးချင်းကောင်း၊ မိတ် ကောင်း ဆွေကောင်း၊ ဆွေမျိုးပေါက်ဖော်ရင်းနှီး ချစ် ကြည်စွာ ဆက်ဆံခဲ့ကြသည့် နိဒါန်းမှသည် ယနေ့ အထိ (၆၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ် ပါသည်။

““ပေါက်ဖော်””ချစ်ကြည်ရေး မြန်မာဘာသာ သတင်းစာ။““မူလတက်ဟုန်း ညီညွတ်ရေး””မြန်မာ သတင်းစာကို အခြေခံပြီး ၄.၁၂.၂၀၁၅ ရက်နေ့ တွင် အတွဲ(၁)၊ အမှတ်(၁)ဆက်လက်ထပ် မံထုတ် ဝေခဲ့ကြသည်။ မူဝါဒများနှင့် ရည်ရွယ် ချက်များကို အမှာစကားတွင်ရေးသား ထားသည်မှာ (က) ဆွေမျိုး ပေါက်ဖော် သံတမန်ချစ်ကြည်ရင်းနှီးမှုပိုမို နက်ရှိုင်းကြံ့ ခိုင်ဖွံ့ဖြိုးတိုးတက် စေရန် (ခ) နှစ်နိုင်ငံ ချစ်ကြည်ရေး စီးပွားကူးသန်းရောင်းဝယ်ရေး၊ သိပံ်္ပ နှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ လယ်ယာ စိုက်ပျိုးရေး အပြန်အလှန်ဆက်ဆံ ရေး၊ ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ရေးတိုးမြှင့် ရန်၊ (ဂ) တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊ ပြုပြင်ပြောင်းလဲမှုများနှင့် တံခါး ဖွင့်မှုဝါဒ (Policy) များ ပွင့်လင်းမြင်သာ ထင်သာနက်ရှိုင်း ကျယ်ပြန့်လာရန်နီးနီး ကပ်ကပ် ရင်းနှီးမှုရှိလာစေရန်၊ (ဃ) နှစ်နိုင်ငံ နယ်စပ်ဒေသရှိဆက်သွယ်မှု နည်း ပညာပြည်သူ့အကျိုးပြု သတင်းအ ချက် အလက်များ သိရှိစေရန်၊ (င) နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် အချက်အချာကျသောဒေသများတွင် နှစ်ဖက်နယ် စပ်ပြည်သူ့ဗဟိုစီမံကိန်းများ အလေးထားဆောင် ရွက်နိုင်ရန်၊ (စ) နှစ်နိုင်ငံနယ် စပ်ဒေသတစ်လျှောက် နိုင်ငံ ရေး၊ စီးပွားရေးတံခါးဖွင့်ဝါဒကို အတွေး သစ်၊အမြင်သစ်ခြေလှမ်းသစ် အောင်မြင်တိုးတက်မှု သစ်များ ရရှိလာနိုင်စေရန်ဟု ဖော်ပြထားပါသည်။

အကောင်းအသစ်လိုချင်လျှင်။ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုနက်ရှိုင်း ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေလိုလျှင် အတိတ်၏ အဟောင်း အညစ်များကို ချန်ထားရစ်မေ့ပျောက်ပစ်မှ အကောင်း အသစ်ဖြစ်လာပါလိမ့် မည်။ မြန်မာစစ်အစိုးရ/အာ ဏာရှင်အစိုးရလက်ထက် (၁၉၈၈-၂၀၁၅) ထိ ဆွေ မျိုးပေါက်ဖော်ဆက်ဆံရေးမှာ ကောင်းတော့ကောင်း သည်။

မျက်စိစပ်ခဲ့ရသည်။ မြန်မာစစ်အစိုးရအား နိုင်ငံတကာမှ အထွေထွေပိတ်ဆို့ တားဆီးမှုများ ဖယ် ကြဉ်၊ ၀ိုင်းပယ်ထားခဲ့မှုများကြောင့် မြန်မာတို့၏ အသက်ရှူပေါက်/ထွက်ပေါက်မှာ ““တရုတ်မှတစ် ပါး””အခြားမရှိဖြစ်ခဲ့ရ သည်။

တရုတ်အစိုးရနှင့် ကုမ္ပဏီကြီးများသည် (က) စစ်အစိုးရ (ခ) စစ်အစိုး ရနှင့်ပတ်သက်စပ်ယှက်သော အသိုင်းအ၀န်း အဖွဲ့ အစည်းများနှင့်သာ စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ အကျိုး တူပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင် ခဲ့ကြသဖြင့် စစ်ဗိုလ်ချုပ်များသာ မြိုးမြိုးမြက်မြက် ခပ်သွက်သွက် ခပ်များများ စားခဲ့ဝါးခဲ့ရခဲ့ ချမ်းသာခဲ့ပြီး သူကြွယ် ကြီးများဖြစ်သွားခဲ့ကြရသည်။

ဒီမိုကရေစီလိုလား နင်းပြားပြည်သူများမှာဆင်း ရဲ မွဲတေကာ ခိုလိုညည်း တွားဖွတ်မွဲပြာကျများ ဘ၀ ဖြစ်သွားခဲ့ကြရ သည်။ စစ်အစိုးရနှင့် ခရိုနီမိတ်ဖက်၊ စီးပွား ဖက်များပြုလုပ် ကြပြီး၊ အမြတ်အစွန်းများများရရှိရေး ကိုသာအဓိက ထားဦးတည်ခဲ့ ကြသည်။ မြန်မာပြည်သူများ၏ ဆန်္ဒသဘော ထားများကို ထည့်မတွက် မငဲ့ကွက်ခဲ့ ကြဘဲတစ်လမ်းမောင်းစနစ်ကို သာ ကျင့်သုံးခဲ့ကြ သဖြင့် မြန်မာပြည်သူအများစု၏ စီးပွားရေးလူဆိုး ကြီး ဦးကပ်စေးဟု ပေါက်ဖော် ကြီးကို တွေးမိမြင်မိ စိတ်ထဲစွဲမိအောင် ခံစား နေခဲ့ကြရသည်။အ ကောင်း အသစ်လိုချင် လျှင် အဟောင်းအညစ် တွေကိုမေ့ပစ် ချန်ထား ပစ် ရန်လိုပါသည်။

ယနေ့မြန်မာသည်၂၀၁၆ ခုနှစ်တွင် ပျိုတိုင်းကြိုက်သည့် နှင်း ဆီခိုင်ဖြစ်လာ ပါလိမ့်မည်။ အရှေ့အ နောက် နိုင်ငံကြီးများ၏ ပထ၀ီဝင်နိုင်ငံရေး၊ စီးပွား ရေး၊ စစ်ရေး ဗဟိုအချက်အချာဒေသနိုင်ငံ ဖြစ်လာ ပါလိမ့်မည်။ မြန်မာသည် စင်ကာပူထက်သာ သည်မှာမြေပေါ်မြေအောက် သယံဇာတများပေါ် ကြွယ်ဝမှုပင်ဖြစ်သည်။ နိုင်ငံတကာ၏ ဂရုစိုက် အလေးမူ လာသော ပွင့်လင်းမြင်သာထင်သာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေးများ ကောင်းသထက်ကောင်းပြီး ပြည်သူ့အနာဂတ်ဘ၀ များတိုးတက်မြင့်မားလာ မည်ဖြစ်သည်။ယခင်စစ် အစိုးရလက်ထက်လို နိုင်ငံတကာ၏ ဖယ်ကြဉ်ထားမှု ၀ိုင်းပယ်ပိတ်ဆို့ တား မြစ်ခံ ထားရမှုများကင်းရှင်း ကာ(ဒီမိုကရေစီ) စနစ် သစ်၊မူသစ်၊လူသစ်၊ပြည်သူ့ နိုင်ငံတော်သစ် ထူထောင် ကြတော့မည်ဖြစ် သည်။

၂၀၁၆ခုနှစ်တွင် မြန်မာသည်နဂိုရှိရင်းစွဲတစ်ဦး တည်းသောမိတ်ဆွေ ပေါက် ဖော်ကြီးအပြင် ကမ္ဘာ့ ထိပ်တန်းနိုင်ငံကြီးများ ဖြစ် သော အမေရိကန်၊ဂျပန်၊ (EU) နိုင်ငံများနှင့် အိနိ္ဒယ နိုင်ငံတို့ပါ အပြေးအလွှား လက်ကမ်းပြီးလက်တွဲ ခေါ် ငင်ခေါ်ချင်နေကြပြီဖြစ် သည်။အကြောင်းမှာ ရွေးကောက် ပွဲကြီး၏ ရလဒ် ပြည်သူများဆန်္ဒများ အရ ဒီမိုကရေစီနိုင်ငံရေးစနစ် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာကြတော့ မည်ဖြစ်သော ကြောင့်ပင်၊ မြန်မာပြည်သူများ၏ နှစ် ရှည်တမ်းတခဲ့ကြသည့် အိပ်မက်များ ဖြစ်ခဲ့ကြသည်။ အိပ်မက်ဆိုတာ တကယ်ပါ၊ တကယ်ဆိုတာ အိပ်မက်ပါဟုဆိုချင်မိသည်။

Hot News Journal

No comments:

Post a Comment

My Blog List