Monday, December 21, 2015

ကြံ့ခိုင်ရေး ပါတီ လူငယ်အဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ ပြန်လည် ဖွဲ့စည်း


ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အများစု ရှုံးနိမ့်ခဲ့သော ပြည်ထောင်စုကြံ့ခိုင် ရေး နှင့် ဖွံဖြိုးပါတီသည် လူငယ်အဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များကို ပြည်လည်ဖွဲ့စည်း လျက်ရှိ ကြောင်း ယင်းပါတီ ရန်ကုန်တိုင်း အထွေထွေ အတွင်းရေးမှူး ဦးတင်လှိုင်က ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ကို အပြတ်အသတ်ရှုံးနိမ့် ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကို အောက်ခြေမှဗဟိုအထိ ပြန်လည်ဖွဲ့စည်း ရန် စီစဉ် လျက်ရှိ ကြောင်း ၎င်း ကဆိုသည်။

“ကိုယ်စားလှယ်တွေကတော့ သူ့အလုပ်တွေကို မူဝါဒအတိုင်း ဆက်လုပ် နေ တာပေါ့၊ အခု ကျွန်တော်တို့ လူငယ် တွေနဲ့ မီဒီယာ ကို ပြန်ဖွဲ့နေတာပေါ့နော်၊ မီဒီယာဆိုတာ ကတော့ ပြည်သူ့ဆက်ဆံရေး အဖွဲ့ကို ဆိုလိုတာပေါ့ လက်ရှိ မှာ ဖွဲ့နေပါတယ်၊လောလောဆယ်တော့ ဒီနှစ်ခုဖွဲ့စည်းရေးကို လုပ်နေပါ တယ်” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့လူငယ်အဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာ တွင် ရပ်ကျေး၊မြို့နယ်၊ခရိုင်၊ပြည် နယ်။တိုင်း အဆင့်ဆင့်ရှိ ပါတီဝင်များကို ပြန်လည်ရွေးချယ် ဖွဲ့စည်းထားကြောင်း ၎င်းကဆိုသည်။

ထို့ အပြင် ပါတီ၏မူဝါဒများကို လက်ခံလိုက်နာသည့် အရည်အချင်းရှိသည့် ပါတီဝင်များကို စာရင်းပြုစုကာ ၎င်းတို့၏သူဘောထား များကို မေးမြန်း၍ တာဝန်ပေးအပ်ထားကြောင်း၎င်းကဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ တွင် မဲဆန္ဒနယ်ပေါင်း ၈၈၂ နေရာဖြင့် မဲဆန္ဒနယ် အများ ဆုံးအနိုင်ရ ခဲ့သော ပါတီ တစ် ခု လည်းဖြစ်သည်။

သို့သော်လည်း နိုဝင်ဘာလ ၈ရက်နေ့တွင်ပြုလုပ်သော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်မူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက မဲဆန္ဒ နယ်ပေါင်း ၈၈၆နေရာဖြင့် မဲဆန္ဒအများ ဆုံးအနိုင်ရရှိခဲ့ပြီး ပြည်ထောင် စုကြံ့ခိုင်ရေးနှင် ဖွံဖြိုးရေးပါတီကမူ မဲဆန္ဒနယ်ပေါင်း ၁၁၇နေရာသာ အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မိ ဩဂုတ်လ ၁၂ရက်နေ့က လည်း ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်သူ သူရဦးရွှေမန်းအပါအဝင် ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်အချို့ ကို မူလရာထူးမှ ထုတ်ပယ် ခဲ့သည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်
The Voice Weekly

No comments:

Post a Comment

My Blog List