Tuesday, December 22, 2015

သရဖူရသူ အမည်မှားကြေညာခဲ့ပြီး ကမောက်ကမပြီးဆုံးသွားတဲ့ မယ်စကြ၀ဠာပွဲ


ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲတွင် ဖိလစ်ပိုင်ကိုယ်စားပြုအလှမယ် ပီယာအလွန် ဇိုဝုဇ်ဘတ်ခ်ျ အနိုင်ရရှိသွားသော် လည်း အစီအစဉ်မှူး၏ ကြေညာချက်အမှားကြောင့် အရှုပ်အထွေးအချို့ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်၏ မယ်စကြ၀ဠာ ဆုကို ဖိလစ်ပိုင်ကိုယ်စားပြု အလှမယ်က ဆွတ်ခူးရရှိခဲ့သည်။ သို့ သော်လည်း အခမ်းအနားမှူး စတိဗ်ဟာဗေးက ဒုတိယဆုရသည့် ကိုလံဘီယာအလှမယ် အေရီ ရက်ဒ်နာဂူတီရက်ဇ်အယ်လ်ဗာရို ကို ပြိုင်ပွဲ အနိုင်ရသူအဖြစ် မှား ယွင်းကြေညာခဲ့သည်။
ဂူတီရက်ဇ်သည် အလွန်ဝမ်း သာတုန်လှုပ်နေဟန်ဖြင့် စင်မြင့် ရှေ့သို့ လျှောက်လာပြီး ယမန်နှစ် ဆုရှင် ကိုလံဘီယာအလှမယ် ဟောင်းက ၎င်းအား သရဖူနှင့် စလွယ်တို့ ဂုဏ်ပြုအပ်နှင်းခဲ့သည်။အားလုံးကမယ်စကြ၀ဠာဆုကို ကိုလံဘီယာကပင် ၂ နှစ်ဆက်တိုက် သိမ်းပိုက်သွားပြီဟု မှတ်ယူထားချိန်၌ ဟာဗေးက ၎င်းအနေဖြင့် တောင်းပန်စရာရှိကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်ထိ ကိုလံဘီယာအလှမယ်က ပြုံးပျော်နေဆဲဖြစ်သည်။

ထို့နောက်တွင်မှ ဟာဗေးက လွဲမှား၍ ကြေညာမိခြင်းဖြစ် ကြောင်း၊ အမှန်တကယ် အောင် နိုင်ခဲ့သူသည် ပီယာဖြစ်ကြောင်း ပြောင်းလဲကြေညာခဲ့ရာ ဖိလစ်ပိုင်အလှမယ်ရော ကိုလံဘီယာ အလှမယ်ပါ အခြေအနေအပြောင်းအလဲကို မယုံကြည်နိုင် လောက်အောင် ဖြစ်သွားသည်။

ဟာဗေးက ယင်းသည် မိမိ ၏ အမှားသက်သက်သာဖြစ် ကြောင်း၊ အနိုင်ရသူနှင့် ဒုတိယ ဆုရှင်တို့၏ အမည်ပါသော ကတ် များကို မှားယွင်းဖတ်မိခဲ့ခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။ ယခု ဖြစ်ရပ်သည် အမေရိကန်တွင် ကျင်းပနေသည့် ပြိုင်ပွဲကြီး၏ အ ထင်ရှားဆုံး အမှားအယွင်းအခိုက် အတန့် တစ်ခုလည်း ဖြစ်သွား သည်။

၂၀၁၅ မယ်စကြ၀ဠာပြိုင် ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု မေဘရဏီသော် အပါအ၀င် နိုင်ငံပေါင်း ၈၀ မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

Ref: Centre Daily
7Day News Journal

No comments:

Post a Comment

My Blog List