Tuesday, December 22, 2015

လက်လွတ်စမ္ပယ်အဓိပ္ပာယ်မဲ့ပြောဆိုခြင်းများမပြုလုပ်သင့်ကြောင်း တပ်ချုပ်အပါအ၀င် စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိများအား ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ(ငြိမ်း) ပြောကြား


မိမိတို့၏နုတ်ထွက်စကားသည် မိမိ၏အတွင်းသဘောကို ဖော်ဆောင်နေခြင်း ကြောင့် အမှုမဲ့အမှတ်မဲ့ ပြောဆိုခြင်း ကြောင့် လက်လွတ်စမ်္ပယ် အဓိပ်္ပာယ်မဲ့ ပြောဆိုခြင်းများမပြုလုပ်သင့်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ(ငြိမ်း)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် စစ်တက္ကသိုလ်ဗိုလ်လောင်း သင် တန်းအမှတ်စဉ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ကျောင်းဆင်းအရာရှိ များအား ပြောကြားခဲ့ကြောင်း သိရသည်။
စစ်တက်္ကသိုလ်တွင် စာပေပညာ၊ စစ်ပညာသင်ကြားပေးခဲ့သည့် စစ်ဘက်၊ နယ်ဘက်များမှ ဆရာကြီး၊ ဆရာမကြီး များအား စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ကျောင်းဆင်းအရာရှိများမှ တတိယအကြိမ်မြောက် အာစရိယပူဇော် ပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ရန်ကုန် မြို့၊တပ်မတော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ (ငြိမ်း)က သြ၀ါဒစကား ချီးမြှင့်ပြောကြား ရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ(ငြိမ်း) က သြ၀ါဒစကားချီးမြှင့်ပြောကြားရာတွင် ယနေ့တပည့်တို့ရောက်ရှိနေသည့် အသက် အရွယ်အရလည်းကောင်း၊ နှစ်ပေါင်း ၄၀ ၀န်းကျင်ကာလ ကျင်လည်ဖြတ်သန်းခဲ့ရ သည့် ဘ၀ခရီးကြမ်း တစ်လျှောက် တွေ့ ကြုံရင်ဆိုင် ဖြေရှင်းခဲ့ရသော တိုက်ပွဲ ပေါင်းများစွာ၊ အခက်အခဲပြဿနာများ စွာတို့အရလည်းကောင်း တန်ဖိုးမဖြတ် နိုင်သည့် ဘ၀သင်ခန်းစာများ ရရှိခဲ့ပြီးဖြစ် ကြောင်း၊ ယင်းဘ၀အတွေ့အကြုံများက ပင် တပည့်တို့၏အရည်အချင်းနှင့်အရည် အသွေးတို့ကို ထက်မြက်စေ၍ အတွေး အခေါ် အမြော်အမြင်ကိုလည်း ရင့်ကျက် စေပြီး အမှားအမှန်အဆိုး အကောင်းကို စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြားနိုင်ကြပြီ ဖြစ်သဖြင့် သတိမမူ မမေ့လျော့နေစေရန် သာ သတိပေးမှာကြားလိုကြောင်း၊ ပြည်သူတို့၏ မူလအခွင့်အရေးများဖြစ်သည့် လွတ်လပ်ခြင်း၊ မျှတခြင်း၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း၊ တည်ငြိမ် အေးချမ်းခြင်း စသည်တို့ကို ကာကွယ် စောင့်ထိန်းခဲ့သည့် တပ်မတော်၏ကောင်း မြတ်သော အစဉ်အလာ တို့ကို စဉ်ဆက် မပြတ် ဆက်လက်ပြီး ကာကွယ်စောင့် ထိန်းရန်၊ ပြည်တွင်း ပြည်ပ အန္တရာယ်များ ကို ထိထိရောက်ရောက် တားဆီးကာ ကွယ်တွန်း လှန်နိုင်စေရန်၊ တပ်မတော်ကို နိုင်ငံတကာတပ်မတော်များ၏ အဆင့် အတန်းနှင့်အညီ ခေတ်မီတိုးတက် တောင့် တင်းခိုင်မာသော တပ်မတော်အဖြစ် တည် ဆောက်ရန်၊ ယင်းမှာလည်း ကျူးကျော် တိုက်ခိုက်မှုအတွက် စစ်ပြင်ဆင်ခြင်း မဟုတ်ဘဲ မိမိတိုင်းပြည်၊ မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ပြင်ဆင် ခြင်း၊ အဆိုးဆုံးအခြေအနေကို မျှော်မှန်း ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ထားရန် တိုက်တွန်းခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ စစ်တက်္က သိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော စစ်ဘက်၊ နယ်ဘက်များမှ ဆရာကြီး၊ ဆရာမကြီး ၁၀၉ ဦးတက်ရောက်ကန် တော့ခံခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့်အတူတာဝန်ထမ်းဆောင် ဆဲနှင့် အငြိမ်းစားကျောင်းဆင်းအရာရှိ ၂၅၀ ကျော်တက်ရောက်ခဲ့ကြသည်။

ဒုတိယသမ်္မတဦးဉဏ်ထွန်း၏ ကန်တော့ပန်း ဆင်သ၀ဏ်လွှာနှင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ကန်တော့ပန်းဆင် သ၀ဏ်လွှာများ ကိုဖတ်ကြားခဲ့ကြကြောင်းသိရသည်။

အခမ်းအနားအပြီးတွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ဆရာ ကြီး၊ဆရာမကြီးများနှင့် ကျောင်းဆင်း အရာရှိများအား ရင်းရင်းနှီးနှီး ဂါရ၀ ပြုနှုတ်ဆက်ခဲ့ကာမှတ်တမ်းတင်ဓာတ်ပုံ များရိုက်ကူးပြီးနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ ကြကြောင်းသိရသည်။

Hot News Journal

No comments:

Post a Comment

My Blog List