တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေမှာ လွှတ်တော်အမတ်များသာ ရခြင်းမဟုတ်ဘဲ ၂၀၁၁ခုနှစ်မှ ၂၀၁၆မတ်လအတွင်း တာဝန် ထမ်းဆောင်ခဲ့သော သမ္မတ၊ ဒုသမ္မတများအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းများမှ ဥက္ကဌနှင့် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် ကော်မတီဝင်များကပါ ရရှိကြမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၏ လစာ၊ စားရိတ်၊ ချီးမြင့်ငွေနှင့် အဆောင်အယောင်များ ဥပဒေပြဌာန်းချက်အရ တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေ ခံစားခွင့်ရှိကြသည်ဟု သူရဦးရွှေမန်းက ဒီဇင်ဘာ ၂၁ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
လွှတ်တော်အမတ်များကို ပင်စင်လစာပေးမည့် ကိစ္စအပေါ် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်လျက် ရှိနေသည်။
Mizzima - News in Burmese

No comments:
Post a Comment