Wednesday, December 23, 2015

စည်းကမ်း ဖောက်ဖျက်ပါက အရေးယူမည့် ပြစ်ဒဏ်များ NLD ထုတ်ပြန်


NLD ပါတီဝင်များအနေနှင့် ပါတီအတွင်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက အရေးယူမည့် ပြစ်ဒဏ်များကို ပါတီစည်းကမ်းထိန်းသိမ်းရေး ဖွဲ့စည်းပုံအတွင်း ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း အဆိုပါ ပါတီအင်းစိန်မြိ့နယ် အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောကြားသည်။
ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်နေ့) ထုတ်ပြန်သော NLD ပါတီ၏ စည်းကမ်းထိန်းသိမ်းရေး အဆင်ဆင့်ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ချက် ကိုကိုးကားပြီး ၎င်းကယင်းသို့ပြောဆိုခြင်းဖြစ်သည်။

ပါတီတွင်းချမှတ်ထားသော စည်းမျဉ်စည်းကမ်းများကို လိုက်နာခြင်းမရှိပါက ပြစ်ဒဏ်များအနေဖြင့် စာဖြင့် သတိပေးမည်ဖြစ်ပြီး ယင်းသို့ သတိပေးခံရသူသည် ၆ လအတွင်း အဆင့်မြင့်တာဝန်များ ထမ်းဆောင်ခွင့်မရှိ ဟု ပြင်ဆင်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဒဏ်ငွေ ကျပ်တစ်သောင်းမှ ငွေကျပ် တစ်သိန်းအထိ ဒဏ်ငွေချမှတ်ခြင်း နှင့် ဒဏ်ငွေ မဆောင်ပါက ပါတီ၏ တာဝန်အသီးသီးမှ ထုတ်ပယ်ခံရမည်ဟု ပြင်ဆင်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြင်ဆင်ချက်များနှင့်ပတ်သက်ပြီး NLD ပါတီ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက “ ဒီ ဒဏ်ငွေကိစ္စနဲ့ ပါတီကထုတ်ပယ်မယ် ဆိုတာတွေက ထပ်တိုးပြင်ဆင်ထားတာ၊ အရင်တုန်းက မရှိခဲ့ဘူး”ဟု ဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ရန်ကုန်မြို့တော် တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် NLD ပါတီ ရေရှည်ခိုင်မြဲစေရေးအတွက် ပါတီတွင်း လျော့ရဲနေသော စည်းကမ်းများကို တရားမျှတ မှန်ကန်စွာ ပြုပြင်သွားမည်ဖြစ်ကြောင်း NLD ပါတီ နာယက သူရဦးတင်ဦးက ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List