Tuesday, December 22, 2015

အိမ်ရှင်ဗိုလ်မှူးကို မစစ်ဆေးရသေးသဖြင့် အိမ်အကူမိန်းကလေး ရိုက်နှက်ခံရမှု တရားစွဲဆိုရန် ကြန့်ကြာနေ


အသက်(၈)နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ခဲ့ သည့် အမှုတွင် အိမ်ရှင် ဗိုလ်မှူး ကျော်နုမော်ကို သက်သေအဖြစ် မစစ်ဆေးရသေးသဖြင့် တရားရုံး သို့ တရားစွဲဆိုတင်ပို့နိုင်ခြင်း မရှိ သေးကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ သတင်းရရှိသည်။
နှိပ်စက်ညှဉ်းပန်းခံရမှုနှင့် ပတ်သက်၍ ရိုက်နှက်ခဲ့သည့် အိမ်အကူ ဒေါ်သန်းနွဲ့ကို ဗဟန်းမြို့ နယ်ရဲစခန်းက ကလေးသူငယ်အ ခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားပြီး တရား စွဲဆိုနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဗဟန်းမြို့မရဲစခန်းက နေ အိမ်ပိုင်ရှင်ဗိုလ်မှူးကျော်နုမော်ကို အရေးကြီးသက်သေအဖြစ် စစ် ဆေးနိုင်ရန် တပ်မတော်ဘက်သို့ ခွင့်ပြုချက်တောင်းခံထားပြီး ပြန် လည်အကြောင်း မပြန်သေးသ ဖြင့် မစစ်ဆေးရသေးကြောင်း ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဒီတစ်ပတ်မှာ ဆေးစာက တော့ရပြီ။ ဒါပေမဲ့ ရဲစခန်းက သက်သေတချို့ကို မစစ်ရသေး ဘူး။ အချက်နှစ်ချက်စလုံး ပြည့်စုံ အောင် ဆောင်ရွက်နိုင်ဖို့ ဇန်နဝါရီ ၅ ရက်နေ့ကို ရုံးချိန်းထပ်ချိန်းလိုက်တယ်’’ဟု ဗဟန်းမြို့နယ်တရားသူ ကြီးက တရားခွင်အတွင်း ပြော ကြားခဲ့သည်။

ဒီဇင်ဘာ ၇ ရက် ရုံးချိန်းတွင် ရဲတပ်ဖွဲ့က တရားရုံးသို့ တင်ပို့ခဲ့ သည့် အစီရင်ခံစာ၌ မှုခင်းဆရာ ဝန်၏ ကနဦးဆေးစစ်ချက်သာ ပါရှိပြီး နောက်ဆုံးဆေးစာမပါရှိ ဘဲ အရေးကြီးသက်သေအချို့ စစ်ဆေးရန် ကျန်ရှိနေသေးသဖြင့် အဆိုပါအချက်နှစ်ချက်ကို ပြည့်စုံ စွာတင်ပြရန် ညွှန်ကြားကာ ဒီဇင် ဘာ ၂၁ ရက်သို့ ပြန်လည်ချိန်းဆို ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းတွင် အခြား သက်သေအားလုံးကို စစ်ဆေးပြီး ဖြစ်ပြီး ဗိုလ်မှူးကျော်နုမော် တစ်ဦးကိုသာ စစ်ဆေးရန် ကျန်ရှိနေ ကြောင်း ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

နိုဝင်ဘာ ၁၉ ရက်က ဗဟန်း မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း သစ် အိမ်အမှတ် ၂၅(C4)ခြံဝင်း အတွင်း ကလေးငယ်ကို လက်ပြန် ကြိုးတုပ်ကာ ရိုက်နှက်ခဲ့သည့်ပုံ လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပျံ့နှံ့လာခဲ့ရာမှ အမှုဖွင့် အရေးယူ ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး အချိန် တစ်လကျော် ကြာမြင့်လာသည် အထိ တရားစွဲဆိုတင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကြိုးတုပ်ရိုက်နှက်ခံရသည့် မိန်းကလေးငယ်နှင့် မိခင်ကို နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီး သက်မွေးအတတ် ပညာသင်တန်းကျောင်း၌ ခေါ်ယူ စောင့်ရှောက်ထားကြောင်း သိရသည်။

7Day News Journal

No comments:

Post a Comment

My Blog List