Wednesday, December 23, 2015

အပြောင်းအလဲအတွက် ကျိတ်ပြီးကြိုးပမ်းနေသော ဒေါ်အောင်ဆန်းစုကြည်


ပြီးခဲ့သည့် နိုဝင်ဘာက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရအောင်ပွဲခံပြီးသည့်နောက်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လူမြင်ကွင်းသို့ အနည်းငယ်သာ ထွက်ခဲ့ပါသည်။ ထို့ကြောင့် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒနယ်မြေကော့မှူးကို လာရောက်ရာမှာ သတင်းထောက်များနှင့် ဓာတ်ပုံဆရာများက ၀ိုင်းအုံနေခဲ့ပါသည်။ လာမည့် ဇန်န၀ါရီမှာလွှတ်တော် အသစ်တက်ပြီးနောက် သူတို့အစိုးရအဖွဲ့က တိုင်းပြည်ကို မည်ကဲ့သို့ အုပ်ချုပ်မည်ကို သိချင်လွန်းကြသည့်အတွက် ဖြစ်၏။
သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ပါ။ တစ်ဦးချင်း တာဝန်ယူမှုကနေ ပြောင်းလဲမှုကို ရယူဖို့ သူ၏ပါတီကို အလေ့အ ကျင့်လုပ်ရန် အသက်(၇၀)အရွယ်နိုင်ငံခေါင်းဆောင်အမှိုက် ကောက်ရန် လာခဲ့ခြင်းဖြစ်ပါသည်။

‘‘ဓာတ်ပုံတွေချည်း ရိုက်မ နေနဲ့ အမှိုက်ကောက်ဖို့လည်း ကူ ညီပါဦး’’ဟု ဧရာဝတီမြစ်ဝကျွန်း ပေါ် မြေပေါ်မှာ ပေါက်နေသော မြက်ပင်တွေပေါ်က အမှိုက်တွေ ကို ကောက်ရင်း ဓာတ်ပုံဆရာတွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဆူ ခဲ့ပါသည်။

ရွေးကောက်ပွဲအနိုင်ရပြီး ရက်သတ္တပတ် ခြောက်ပတ်အ ကြာမှာ စစ်အာဏာရှင်တွေဆီ ကနေ နိုင်ငံ့အာဏာကို သူတို့ ပါတီဆီသို့ လွှဲပြောင်းမှုအသေးစိတ် နှင့်ပတ်သက်ပြီး ပြည်သူတွေ ထင်ကြေး အမျိုးမျိုးပေးနေရအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ် ဆောင်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် တရားထိုင်ခြင်းကို အတော် များများလုပ်နေသည်ဟု သူ၏ လက်ထောက်ဖြစ်သူ ဦးဖြိုးမင်း သိန်းက ပြောကြားသည်။

‘‘သူ့စိတ်ထဲမှာ ရှုပ်ထွေးလာ ပြီဆိုရင် တရားထိုင်တယ်လို့ သူ က ပြောတယ်။ ဒါကသူ့စိတ်ကို ကြည်လင်စေပြီး ရိုးစင်းတဲ့ အဖြေ တွေရလာစေပါတယ်။

မည်သို့ပင်ဖြစ်စေ ကန့်လန့် ကာနောက်ကွယ်မှာတော့ အာ ဏာလွှဲပြောင်းမှုက တဖြည်းဖြည်း ချင်းပုံပေါ်လာပြီ ဖြစ်သည်။

တိုင်းရင်းသားလူမျိုးနွယ်စု ခေါင်းဆောင်များ၊ သူ့ပါတီဝင် များနှင့် စစ်တပ်အတွင်းက အရေး ပါသော ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်က တံခါး ပိတ်တွေ့ဆုံဆွေးနွေးမှုများ လုပ် ခဲ့သည်။ ထိုအစည်းအဝေးမှာ ပါဝင်ခဲ့သူတွေက သူတို့ဘာတွေ ဆွေးနွေးခဲ့လဲ ဆိုသည်ကို လူသိ ထင်ရှားအနည်းငယ်သာ ပြော ကြားခဲ့သည်။ သို့သော်လည်း နှစ် ဖက်စလုံးက ထိပ်တန်းတာဝန်ရှိ သူများ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်က ပေးလိုက်သော အမှာစကားမှာ သူ့အနေဖြင့် လူတွေကို ဒုက္ခရောက်အောင်လုပ်မှာ မဟုတ်ဘူးဆိုတာပင်ဖြစ်သည်။

သူ့ကိုနိုင်ငံရေးအကျဥ်းသား အဖြစ် ဖမ်းထားခဲ့သည့် တောင် အာဖရိကနိုင်ငံမှာ သမ္မတအဖြစ် အုပ်ချုပ်ခွင့်ရခဲ့သော နိုဗယ်ဆုရှင် တစ်ဦးဖြစ်သည့် နယ်လ်ဆင်မန်ဒဲ လားကဲ့သို့ပင် ဒေါ်အောင်ဆန်းစု ကြည်ကလည်း သူ့ကိုအကျဉ်းချ ခဲ့သည့် စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ပဲ စိတ်အားထက်သန်ပုံရပါသည်။

‘‘ပထမရည်ရွယ်ချက်က တော့ သူတို့ရဲ့ စိတ်ပူပန်လှုပ်ရှား မှုတွေကို သူတို့က အန္တရာယ်ပေး မှာ မဟုတ်ဘူးဆိုပြီး ဖျောင်းဖျ ပေးဖို့ပါ။ ကျွန်တော်တို့ကလဲ့စား မချေပါဘူး။ ကိုယ်ရေးကိုယ်တာ နာကြည်းမှုလည်း မရှိပါဘူး။ ကျွန်တော်တို့လိုချင်တာက ရှေ့ ဆက်ဖို့ရယ် အနာဂတ်အတွက် ဆွေးနွေးဖို့ရယ်လို့ပဲ ကျွန်တော်တို့ က ပြောခဲ့ပါတယ်’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောကြားသည်။

စစ်တပ်ကို ယခုအချိန်မှာ ဖိအားပေးခြင်းသည် ဉာဏ်တိမ် ရာကျလိမ့်မည်ဟု ဒေါ်အောင် ဆန်းစုကြည်က ပါတီဝင်တွေကို ပြောကြားခဲ့သည်ဟု ဦးဝင်းထိန် က ဆိုပါသည်။ ယခုရွေးကောက် ပွဲမှာ အပြတ်အသတ်အောင်နိုင်ခဲ့ သော်လည်း ပါတီဝင်များသည် သူတို့ကို စစ်တပ်ဖမ်းဆီးထောင်ချ ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲအ ကြောင်း ပြန်ပြောင်းသတိရနေ ဆဲ ဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ယခင်စစ်တပ်အရာရှိ ဟောင်းများပါဝင်သော အစိုးရ အုပ်ချုပ်ရေးယန္တရားကိုလည်း ခိုင် မာသေချာစေခဲ့သည်။ ပြီးခဲ့သည့် အပတ်က အကြီးတန်းအစိုးရ၀န် ထမ်းများနှင့် တွေ့ဆုံရာတွင် သူ တို့ပါတီအာဏာရလာချိန်မှာ ၀န် ထမ်းများအနေဖြင့် အလုပ်ပြုတ် မှာကို မစိုးရိမ်ကြရန် ပြောကြားခဲ့ သည်။

‘‘သူ့အနေနဲ့ ဘယ်အစိုးရ ၀န်ထမ်းကိုမှ အလုပ်ဖြုတ်ဖို့ အစီ အစဉ်မရှိဘူးလို့ ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့ပါတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်လွှတ် တော်အမတ်ဦးဝင်းမြင့်က ဆိုသည်။

နှစ်ပေါင်းများစွာတိုင် အမျိုးသားရင်ကြားစေ့ရေး ပြန်လည် ပေါင်းစည်းရေးကိုသာ သူလိုချင်ကြောင်း လက်စားချေဖို့ မဟုတ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

သို့သော်လည်း သည်အစိုးရ စနစ်ကြီးကို ပြန်လည်ပြုပြင်တည် ဆောက်မည်ဟုလည်း သူက ကတိပေးခဲ့ပါသည်။

သူတို့ပါတီ၏ ရွေးကောက် ပွဲ မဲဆွယ်ကြေညာချက်မှာ အစိုးရ ၀န်ကြီးဌာနများကို အရေအတွက် လျှော့ချ၍ သန့်ရှင်းပြီး ထိရောက် အကျိုးရှိသော အစိုးရတစ်ရပ်ထူ ထောင်ရန် ပြောကြားခဲ့ပါသည်။ ရွေးကောက်ပွဲမတိုင်ခင်က သူ့ကိုသမ္မတအဖြစ် လုပ်ခွင့်မရအောင် ကန့်သတ်ထားသည့် စစ်တပ်က ရေးဆွဲခဲ့သည့် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည် က လှုံ့ဆော်မှုများကို အသည်းအ သန်လုပ်ခဲ့ပါသည်။

ယခုအချိန်မှာ သူ၏ပါတီကို ကြည့်ရသည်မှာ စောင့်ဆိုင်းချင်ပုံ ရပါသည်။

‘‘ယခုအချိန်မှာတော့ စစ် တပ်ရဲ့ အာဏာကို လျှော့ချမယ့် ဘာကိုမှ ကျွန်တော်တို့လုပ်မှာ မဟုတ်ပါဘူး။ အမျိုးသားရင်ကြား စေ့ရေးအတွက်ကိုပဲ ကျွန်တော် တို့ တကယ်ရည်မှန်းထားတယ်ဆို တာကို ကျွန်တော်တို့က သူတို့ကို ဖျောင်းဖျစည်းရုံးရမှာပါ’’ဟု ဦးဝင်းထိန်က ပြောပါသည်။

သည်ကမ်းလှမ်းမှုကို စစ် တပ်ဘက်က ဘယ်လိုလက်ခံမလဲ သိဖို့ မှန်းဆရခက်ပါသည်ဟု လေ့လာအကဲခတ်သူများက ဆိုသည်။လူသိထင်ရှားသိရသည့် သတင်းစကားတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ မြေးဖြစ်သူက ရေးသားသော ဖေ့စ်ဘွတ်ခ်စာမျက်နှာက စကားပင်ဖြစ်သည်။ ထိုစာမှာ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ၏အနာဂတ် ခေါင်းဆောင်ဆိုသည်ကို အားလုံးကလက်ခံရမည်ဟု ဦးသန်းရွှေကပြောကြားကြောင်း ဖော်ပြပါရှိသည်။

စစ်တပ်ဘက်က မလိုလား သည့် လက္ခဏာပြမှုတွေလည်း ပေါ်ပေါက်လာခဲ့ပါသည်။ ရာထူး က ဆင်းပေးရတော့မည့် အစိုးရ တာဝန်ရှိသူအချို့က ပြည်ခိုင်ဖြိုး ပါတီက ပါတီဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံခဲ့သည့် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မဟာ မိတ်ဖွဲ့မှုကို မကျေနပ်သော သဘောများ ပြသခဲ့ကြ၏။

ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် စစ်တပ်နှင့် အစိုးရကြားက လူအဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ချင်ပုံရပါသည်။ သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ကြားခံသမ္မတဖြစ်လာနိုင် သည်ဟုလည်း နိုင်ငံရေးလ့လာ အကဲခတ်သူတို့က ပြောဆိုကြသည်။

သမ္မတဦးသိန်းစိန်ရုံးမှ တာ ၀န်ရှိသူ ဦးဇော်ဌေးက သည်လို ရွေးမည်ဆိုပါက အမှားတစ်ခုသာ ဖြစ်မည်ဟု သတိပေးပြောကြားခဲ့ သည်။

‘‘ကြားလူအဖြစ် မဟုတ်တဲ့ သူတွေကို သုံးမယ်ဆိုရင်တော့ သူတို့လက်နက်နဲ့ သူတို့ ပြန်ခံရမှာပဲ’’

ယခုလို သမ္မတမည်သူဖြစ် မလဲဟု လူတွေက သိချင်စိတ်တွေ များနေသည့်ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မည်ကဲ့သို့အုပ်ချုပ်မည်ဆိုတာနှင့် မည်သူတွေကို အရေးပါသော ရာထူးတွေအတွက် ရွေးမလဲဆိုတာနှင့်ပတ်သက်ပြီး အရိပ်အ မြွက်များလည်း ရှိလာပါသည်။ အစိုးရအဖွဲ့အတွက် ထိထိရောက် ရောက် အားပေးထောက်ခံမှုကို ရဖို့အတွက် အချို့ဝန်ကြီးဌာနများ ကို ဦးဆောင်ရန် တိုင်းရင်းသား လူမျိုးများထဲက ရှာဖွေနေသည် ဟု ဦးဝင်းထိန်က ဆိုသည်။ စွမ်း အင်ဝန်ကြီးဌာနကဲ့သို့ အရေးပါသော ၀န်ကြီးဌာနများကို အုပ် ချုပ်ရန်အတွက်လည်း ပါတီပြင်ပ က ကျွမ်းကျင်သူပညာရှင်များကို ပါတီက ရှာဖွေသွားမည်ဟု သိရပါသည်။

ပါတီ၏ ဘဏ္ဍာရေးကော်မ တီဝင် ဦးဖြိုးမင်းသိန်းက သူတို့ပါ တီအနေဖြင့် ပေးထားသည့်ကတိ အတိုင်း ဗဟိုက အာဏာထိန်းချုပ် ခြင်းကို ဖြေလျှော့လုပ်ကိုင်သွားဖို့ကြိုးပမ်းနေသည်ဟု ဆိုသည်။

‘‘အခုလောလောဆယ်မှာ အစိုးရစနစ်မှာ အထက်ကနေ အောက်ကိုသွားတာ။ ဒါကိုအောက်ခြေကနေ အပေါ်ကိုသွားအောင် ပြောင်းလဲဖို့ လိုတယ်’’

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လည်း အထက်ကနေ အောက်သို့သွားသည့် စနစ်ဟုလည်း လူအတော်များများက မြင်နေကြပါ သည်။ ၁၉၈၈ တွင် ဒေါ်အောင်ဆန်းစုကြည်က ကူညီပြီးတည်ထောင် စဉ်ကတည်းက အဖွဲ့ဝင်ခေါင်း ဆောင်အချို့ကလွဲလျှင် ပါတီသည်အမျိုးသမီးတစ်ဦးတည်းကသာ လုပ်ဆောင်နေသကဲ့သို့ ရှိပါ သည်။

နေအိမ်အကျယ်ချုပ် ကျခံ စဉ်ကာလအတွင်းမှာ ဒေါ်အောင် ဆန်းစုကြည်သည် သူ၏အနီးကပ် အကြံပေးသူအုပ်စုနှင့်သာ အရေး ကြီးသော ကိစ္စများကို ဆွေးနွေး လေ့ရှိပါသည်။

မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အကျင့်ပျက်ခြစားမှုများ၊ တိုင်း ရင်းသား သူပုန်ထမှုများ၊ ဆင်းရဲ မွဲတေမှု၊ ကျန်းမာရေးနှင့် ပညာ ရေးစနစ် နိမ့်ကျမှုစသော မြန်မာ နိုင်ငံ၏ အမျိုးမျိုးအဖုံဖုံ ပြဿနာ များကြောင့် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် ကြီးကြီးမားမား အကြံပေးအုပ်စုလိုနေပြီဟု သူ၏ လက်ထောက်များကပင် စိတ်ပူ ပန်ပြောကြားနေကြပါသည်။

‘‘ဒါက တကယ့်ပြဿနာပဲ။ သူ့အနေနဲ့ တကယ့်အကြံပေးအ ဖွဲ့ကောင်းတစ်ခု လိုနေပြီ။ သူ့ မှာအခုထိ မရှိသေးဘူး’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ အ ကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ် သူ ဦးဉာဏ်ဝင်းက ဆိုသည်။

အသစ်ရွေးချယ်ခံရသော ပါ တီ၏လွှတ်တော်ကိုယ်စားလှယ် များကြား ကွဲပြားခြားနားသော အမြင်များကိုလည်း ပါတီခေါင်း ဆောင်ပိုင်းအနေဖြင့် ခွင့်ပြုသင့် ပြီဟု သူကပြောပါသည်။ အခမ်း အနားတော်တော်များများတွင် ပါတီအဖွဲ့ဝင်များနှင့် ဒေါ်အောင် ဆန်းစုကြည်၏လက်ထောက်များ ကို မီဒီယာများနှင့် စကားမပြောရန် ညွှန်ကြားထားပါသည်။

နေအိမ်အကျယ်ချုပ်ကျခံခဲ့ ရသည့်အချိန်က အတွေ့အကြုံ များအရ ဒေါ်အောင်ဆန်းစုကြည် က သူ၏လက်ထောက်တွေကြား က ယုံကြည်မှုနှင့် သစ္စာရှိမှုကို အလွန်တန်ဖိုးထားကြောင်း သူ၏ ပါတီဝင်များကဆိုပါသည်။

အထူးသဖြင့် အမျိုးသမီးသုံး ဦးကို ဒေါ်အောင်ဆန်းစုကြည်၏ အနီးစပ်ဆုံးလူယုံများအဖြစ် တွေ့မြင်နေရပါသည်။ သူတို့သုံးဦးက ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အင်္ဂလိပ်စကားပြောတတ်ပြီး နိုင်ငံခြားမှာ ပညာသင်လာခဲ့သူ များ ဖြစ်ပါသည်။ သူတို့၏ နိုင်ငံ ခြားအတွေ့အကြုံနှင့် အမြင် သည် စစ်အစိုးရအမြင်နှင့် လုံးဝ ဆန့်ကျင်ကွဲပြားသူများ ဖြစ်ပါ သည်။

တစ်ဦးကတော့ ဒေါ်တင်မာ အောင် ဖြစ်ပါသည်။ သူက ဆရာ ၀န်တစ်ဦးဖြစ်ပြီး သူ၏ဖခင်က ထင်ရှားသော ဒေါ်အောင်ဆန်းစု ကြည်၏ မိတ်ဆွေနိုင်ငံရေးသမား တစ်ဦးဖြစ်၏။ ဒေါ်တင်မာအောင် ၏ အခန်းကဏ္ဍမှာ ၀န်ထမ်းအ ကြီးအကဲချုပ်နှင့် အပါးတော်မြဲရာ ထူးကို ပေါင်းစပ်ထားသည့် ပုံစံ မျိုး ဖြစ်ပါသည်။

ဒုတိယတစ်ဦးကတော့ လွှတ်တော်အမတ် ဒေါ်စုစုလွင် ဖြစ်သည်။ သူ၏ဖခင်မှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုတည်ထောင်သူ တစ်ဦးလည်း ဖြစ်သည်။ တတိယတစ်ဦးမှာ မြန်မာစီးပွားရေးလောကနှင့် အ ဆက်အသွယ်လုပ်ပေးနိုင်သူ ဆရာဝန်တစ်ဦးလည်းဖြစ်သည့် ဒေါ်ဥမ္မာမိုးမြင့် ဖြစ်သည်။ ဒေါ်ဥမ္မာမိုးမြင့်၏ ခင်ပွန်း မိုက် ကယ်မိုးမြင့်သည် နာမည်ကြီး ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီတစ်ခု ကို လုပ်ကိုင်နေပြီး စစ်တပ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိပါ သည်။

ထိုအမျိုးသမီးအားလုံးက လူသိထင်ရှားဖြစ်လာမှာကို ရှောင်ကြပါသည်။ လွှတ်တော် ခန်းမတွေထဲမှာ ဒေါက်တာတင် မာအောင်ကို အင်တာဗျူးမေးမြန်း ဖို့ တောင်းဆိုတိုင်း သူကဘယ် တော့မှ အင်တာဗျူးမေးတာကို လက်မခံဘူးဟုသာ ဖြေကြားခဲ့ပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List