Monday, December 21, 2015

သမ္မတကို ‪‎နောက်ကြောင်းပြန်တရားမစွဲနိုင်ဖို့‬ ဥပဒေဖြင့် တားမြစ်ရန်ပြင်ဆင်


သမ္မတကို နောက်ကြောင်းပြန်တရားမစွဲနိုင်ရန်နှင့် အကာအကွယ်ပေးရန် ဥပဒေကြမ်း တစ်ရပ်ကို ဒီဇင်ဘာ ၂၁ ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဖေါ်ပြသည်။နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ဟု အမည်ပေးထားပြီး ဥပဒေကြမ်းတွင် သမ္မတ တာဝန်ထမ်းခဲ့သူကို ကာကွယ်ပေးရန် ကိုယ်ရံတော် ခန့်ထားရမည်ဟု ပါရှိပြီး ထိုကုန်ကျစရိတ်ကို နိုင်ငံမှ ကျခံရန် ပါရှိသည်။
ကိုယ်ရံတော်သည် “နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအား မိသားစု နှင့်အတူ လုံခြုံစွာနှင့် စိတ်အေးသက်သာစွာနေထိုင်ရန်” တာဝန်ရှိပြီး သမ္မတ ၏ ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ “အနှောက်အယှက်ပေးခြင်း၊ အန္တရာယ် ပြုခြင်းတို့မှ ကာကွယ်ရန်” တာဝန်ရှိသည်ဟုလည်း ဖေါ်ပြသည်။

အလားတူ “နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက် ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူ ခြင်တို့ မရှိစေရ” ဟုလည်း အဆိုပါ ဥပဒေကြမ်းတွင် ပါရှိသည်။

Mizzima - News in Burmese
ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ BBC သတင်း ဌာန၏ သတင်းထုတ်ပြန်ချက်ကို SSPP / SSAငြင်းပယ်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်

The Ladies News Journal

No comments:

Post a Comment

My Blog List