Monday, December 21, 2015

တောင်ငူ၌ ဗိုလ်ချုပ်မွေးနေ့အမီ ဗိုလ်ချုပ်ကြေးရုပ်အသစ်ပြောင်းလဲမည်


လာမည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ၁၀၁ နှစ်ပြည့်မြောက်မည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အမီ တောင်ငူမြို့ ကန်လမ်း ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်နေရာတွင် ယာယီစိုက်ထူ ခဲ့သည့်ရုပ်တုနေရာတွင် ရုပ်တုအသစ်ပြောင်းလဲထားရှိသွားမည်ဖြစ်ကြောင်း အဆိုပါ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတ်ီမှစုံစမ်းသိရှိရသည်။
ယာယီထားရှိသည့်ရုပ်တုမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ရုပ်တုဖြစ်ပြီး ယင်းနေရာတွင် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန် အင်္ဂလန်နိုင်ငံသို့ သွားရောက်စဉ် ဝတ်ဆင်ခဲ့သည့် လောင်းကုတ်ပုံစံဖြင့် သွန်းလောင်းထား သည့် ကြေးရုပ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

"ဗိုလ်ချုပ်နှစ် ၁၀၀ အပြည့်အမီကတည်းက ကြေးရုပ်စိုက်ထူမယ်လို့ ကော်မတီက ဆုံးဖြတ်ထားပြီးဖြစ်ပေမဲ့ ကြေးသွန်းဖို့ အချိန် မလုံလောက်လို့ ယာယီကွန်ကိရစ်နဲ့ ပုံစံသွန်းထားတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ဝတ်စုံနဲ့ ရုပ်တုကို ရာပြည့်ပွဲတော်အမီ စိုက်ထူခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ နိုင်ငံကျော် ပန်းချီပန်းပုပညာရှင် ကိုအောင်ကျော်ထွန်းက ပုံစံထုတ် သွန်းလောင်းပေခဲ့တဲ့ ကြေးရုပ်တုကိုစိုက်ထူသွားမှာဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှုး ဦးမျိုးကျော်သူက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့်မွေးနေ့ပွဲတော်ကြီးကိုလည်း တောင်ငူမြို့ခံ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးသည့် လူထုလူတန်းစားအသီးသီး ပူးပေါင်းကာ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တိုင်တိုင် ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်သည်ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List