Monday, December 21, 2015

MPC ငြိမ်းချမ်းရေးစင်တာအား NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြားကြောင်း သူမနှင့် တွေ့ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဆို


သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သော မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန ( အရပ်အခေါ် MPC မြန်မာငြိမ်းချမ်းရေး စင်တာ ) အား အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ဖျက်သိမ်းမည် မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် တွေ့ဆုံရာတွင်ပြောကြားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။..
ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျန်တော်တို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး လုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာတွေ့တုန်းက ဒေါ်စုကပြောတယ် အစိုးရအဖွဲ့ပြောင်းတယ်ဆိုပေမဲ့တခြား လိုအပ်တာတွေလည်း ဆက်ထား ရဦးမှာပေါ့တဲ့ အဲဒီထဲမှာ MPC လည်း ပါတယ်ပေါ့လေ။ မဖျက်သိမ်းပါဘူးလို့ ပြောသွားတယ် ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့သည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တွင် တဖွဲ့ အပါဝင်ဖြစ်သော ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာငြိမ်းချမ်းရေးစင်တာကို မဖျက်သိမ်း ကြောင်း ကတိပြုထားသည့်အပြင် မြန်မာငြိမ်းချမ်းရေးစင်တာကို ဦးဆောင် နေသည့် ပုဂ္ဂိုလ်များဖြစ်သည့် ၀န်ကြီး ဦးအောင်မင်းနှင့် အကြံပေးအဖွဲ့ခေါင်း ဆောင်ဖြစ်သည့် ဦးလှမောင်ရွှေတို့အား အန်အယ်လ်ဒီအစိုးရနှင့် ပူးပေါင်း ပါဝင်ရန် ယခင်ကတည်းက ကမ်းလှမ်းထားကြောင်းလည်း မြန်မာငြိမ်းချမ်း ရေးစင်တာ တာဝန်ရှိသူများနှင့် ၀န်ကြိး ဦးအောင်မင်းနှင့် နီးစပ်သူများထံမှ သိရသည်။

"ဦးအောင်မင်းကို ကမ်းလှမ်းတာလည်း ဟုတ်တယ်၊ ငြိမ်းစင်တာ ဆက် ထားမယ် ဆိုတာလည်း မှန်ပါတယ်၊ လက်မှတ်ထိုးတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ တွေ့ တုန်းကလည်း ပြောလိုက်တယ်အမှန်တော့ မူလက ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ တွေ့ဖို့တောင် စီစဉ်ထားတာ " ဟု ဦးလှမောင်ရွှေ က ဖြေကြား ခဲ့သည်။

မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန MPC မှာ အီးယူ ၊ နော်ဝေ ၊ နီပွန်ဖောင်ဒေးရှင်း အစရှိသော အဖွဲ့အစည်းများနှင့် နိုင်ငံများမှ ထောက်ပံ့ငွေဖြင့် ရပ်တည်နေသော အဖွဲ့အစည်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် ပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

The Ladies News Journal

No comments:

Post a Comment

My Blog List