မကြာမီက အထင်ကရနိုင်ငံရေးသမားတစ်ဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကိုယ်တိုင် အမှိုက်ကောက်ခဲ့ပါတယ်။ ဒီတော့ လူတွေတော် တော်များများကလည်း အမှိုက်လိုက်ကောက်ခဲ့ကြပါ တယ်။ ဒီတော့ ခေါင်းဆောင်တစ်ဦး အမှိုက်ကောက် တာဟာ မြို့ပြဒေသသန့် ရှင်းရေး၊ ကျေးလက်ဒေသ သန့်ရှင်းရေးအတွက် အထောက်အကူပြုလို့ ရိုးရိုးပဲ တွေးရင်မှန်ပါတယ်။ သို့သော် အမှိုက်ကောက်ခြင်း ဟာ ကားမောင်းခြင်းDriving ကိစ်္စမှာပါ အသုံးချ နိုင်တာကို အံ့သြစွာတွေ့ရလို့ ဖောက်သည်ချလိုက် ရပါတော့တယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ဖြစ်ပါတယ်။ ဦးသက် နောင်စိုး(နာမည်လွှဲ)နဲ့ ဒေါ်မိုးနွယ်အေး(နာမည်လွှဲ) တို့ လင်မယားဟာ နယ်မြို့တစ်မြို့ကနေ ရန်ကုန်မြို့ ကို ပြောင်းရွှေ့ပါကြပါတယ်။ ဦးသက်နောင်စိုးဟာINGO မှာ ၁၀ နှစ်လောက်ဝန်ထမ်းလုပ်ခဲ့ပြီး ၀န်ထမ်း လောကမှာ မကျင်လည်တော့ဘဲ ကိုယ်ပိုင် အလုပ်တစ်ခုလုပ်ဖို့ ကြံရွယ်ကြပါတယ်။ လောလော ဆယ်တော့ ဒေါ်မိုးနွယ်အေးက ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တစ်ခုမှာ ထမင်းဆိုင် အလတ်စား တစ်ခု ဖွင့်လှစ်လုပ်ကိုင်ပါတယ်။
ဦးသက်နောင်စိုးကတော့ လောလောဆယ် အလုပ်လက်မဲ့ဖြစ်ပြီး ဘာလုပ်ရရင်ကောင်းမလဲ စဉ်း စားနေပြီး ဇနီးသည်ရဲ့ ထမင်းဆိုင်မှာပဲ ကူညီလုပ် ကိုင်နေပါတယ်။ ခက်တာက မိမိတတ်နိုင်တဲ့ တစ် နိုင်တစ်ပိုင် အရင်းအနှီးလေးနဲ့ ကုမ္ပဏီထောင်လို့ရ တာမဟုတ်သလို လုပ်ငန်းကြီးကြီး လုပ်လို့ရတာလည်း မဟုတ်ပါဘူး။
ကိုယ်ပိုင်အလုပ်လုပ်ချင်တယ်ဆိုရင်တော့ လမ်း ဘေးမှာ လက်ဖက်ဆိုင် ဖွင့်ဖို့လောက်ပဲ မြင်မိကြပါ တယ်။ ဒီလိုနဲ့ လအနည်းငယ်ခန့် ယောင်ဝါးဝါးဖြစ် နေခဲ့ပါတယ်။ သို့သော် ဇနီးသည်ဒေါ်မိုးနွယ်အေး ဖွင့်တဲ့ ထမင်းဆိုင်က ဘတ်စ်ကားဂိတ်တစ်ခုရဲ့ ဂိတ် စခန်းအနီးမှာ ဖွင့်ထားတော့ စပယ်ယာ၊ ဒရိုင်ဘာ တွေက နေ့လယ်စာ စားသောက်ရာနေရာဖြစ်ပါ တယ်။
တချို့ဘတ်စ်ကားအုံနာတွေ ပိုက်ဆံလာသိမ်း ရင်းနဲ့ ဒေါ်မိုးနွယ်အေးရဲ့ ထမင်းဆိုင်မှာ စားကြသလို ဘတ်စ်ကားဂိတ်မှူးအချို့လည်း လာရောက်စား သောက်ကြပါတယ်။
ဒီတော့ ဦးသက်နောင်စိုး၊ ဒေါ်မိုးနွယ်အေးတို့ ဟာ ဂိတ်မှူး၊ ကားအုံနာ၊ စပယ်ယာ၊ ဒရိုင်ဘာတွေ နဲ့ ခင်ခင်မင်မင်ဖြစ်သွားပါတယ်။ ဘတ်စ်ကားလော ကအကြောင်းလည်း နည်းနည်းနားရည်ဝလာပါ တယ်။
ဒီတော့ ဒေါ်မိုးနွယ်အေးက ဦးသက်နောင်စိုး ကို အကြံပေးတာက ကျွန်မတို့ ဘတ်စ်ကားတစ်စီး လောက် ထောင်ကြည့်ရအောင်လို့ ဆိုပါတယ်။
ဒါနဲ့ မိတ်ဆွေစပယ်ယာတစ်ယောက်ကို တိုင် ပင်ကြည့်တော့ စပယ်ယာက ကောင်းတာပေါ့အစ် ကိုရေ။ စပါးစိုက်ရင် ငွေပေါ်ဖို့ ၆ လစောင့်ရတယ် ဗျ။ ဘတ်စ်ကားက မနက်ပိုင်းဘတ်စ်ကားဝယ်လိုက် ပြီး ဆွဲစားရင် ဘီးလိမ့်တဲ့ နေ့ကစပြီး ပိုက်ဆံဝင်တယ် ဗျ။ အစ်ကို ဘတ်စ်ကားထောင်ရင် ကျွန်တော်အား ပေးပါတယ်လို့ ဆိုပါတယ်။
ဒီတော့ စဉ်းစားကြည့်တော့ ကုန်စုံဆိုင်ဖွင့်ရင် ဖောက်သည်(သို့မဟုတ်)မိတ်(သို့မဟုတ်) Customer လိုပါတယ်။ ဘတ်စ်ကားက မိတ်မလိုဘူး။ ကားမှတ် တိုင်မှာ ထိုးရပ်တာနဲ့ ခရီးသည်က တက်လာတော့ တာပါပဲ။ ဒီတော့ ဘတ်စ် ကားတစ်စီးဝယ်လိုက်ပါ တယ်။ တချို့ကတော့ ဘတ်စ်ကားမထောင်ဖို့ တား ပါတယ်။ လွယ်တဲ့ကိစ္စမဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ စမ်းပြီးလုပ်ကြည့်မယ်ဆိုပြီး လုပ်ငန်း စတော့ ငွေဝင်ရတာရှိသလို အခက်အခဲတွေအများ ကြီး ရင်ဆိုင်ရပါတယ်။ စပယ်ယာတချို့နဲ့ ဒေါ်မိုး နွယ်အေးရန်ဖြစ်တာလည်း ရှိပါတယ်။ တစ်ခါတစ် လေ ဒရိုင်ဘာမလာလို့ ဦးသက်နောင်စိုးကိုယ်တိုင် ဘတ်စ်ကားမောင်းရတာလည်း ရှိပါတယ်။
အလုပ်လည်း တော်တော်များပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဦးသက်နောင်စိုး ကINGO မှာ လုပ်စဉ် ခင်မင်ခဲ့ဖူးတဲ့ မိတ်ဆွေတချို့က ဦးသက်နောင်စိုးထံ ကို ရောက်လာပါတယ်။INGO မှာ ရာထူးအသစ် တွေပေါ်လို့ အလုပ်လျှောက် ရန် လာခေါ်ပါတယ်။ ဦးသက်နောင်စိုးက စွန့်ဦးတီထွင်စရိုက်ဗီဇပါတယ်လို့ ဆိုရမလားမသိပါ။ နယ်ပယ်သစ်မှာ အလုပ်လုပ် ကြည့်ချင်ပါတယ်။ ဒါနဲ့ အလုပ်မလျှောက်ဖြစ်တော့ ပါဘူး။ နောက်နှစ်လလောက်နေတော့ မိတ်ဆွေ ဟောင်းတွေ ရောက်လာကြပြန်ရော။ အလုပ်မ လျှောက်ရင်လည်း နေပါ။ ကျေးရွာတွေကို ၅ ရက် လောက်ပဲ ၀ပ်ရှော့ (workshop) လုပ်ပေးပါ လား။Training Consultant အဖြစ် ၅ ရက်လောက်ပဲ လာ လုပ်ပါဆိုတာနဲ့ လုပ်ဖြစ်တယ်။ ၅ ရက်နေပြီးတော့ ဘတ်စ်ကားပြန်မောင်းတယ်။ သို့သော် နောက်ပိုင်း မှာNGO ကုမ္ပဏီတော်တော်များများနဲ့ ဦးသက် နောင်စိုး အဆက်အသွယ်ရသွားပြီးTraning လုပ် လိုက်ပေးတော့ လုံးဝမအားတော့ ပါဘူး။
ဒီတော့ ဘတ်စ်ကားလေးတစ်စီးတည်းရှိတာ လှည့်မကြည့်နိုင်တော့ပါဘူး။ ဒီတော့ ဘတ်စ်ကား မောင်းနေတဲ့ ဒရိုင်ဘာ မောင်မောင်ကျော်(နာမည် လွှဲ)က သူကိုဘတ်စ်ကား ကန်ထရိုက်ပေးပါလားလို့ ပြောတာနဲ့ ပေးလိုက်တယ်။ ဒီတော့ ဘတ်စ်ကားကို လှည့်ကြည့်စရာမလိုတော့ပါဘူး။ မောင်မောင်ကျော် ဆိုသူ ဒရိုင်ဘာ ရိုးသားကြိုးစားပါတယ်။ ကားကို ကန်ထရိုက်ယူထားတာ နှစ်တော်တော်ကြာလာတာ တောင် အုံနာကြေးပျက်ကွက်တယ်မရှိဘဲ OK နေ ပါတယ်။
Hot News Journal
No comments:
Post a Comment