Wednesday, December 23, 2015

လာမယ့်နှစ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျပ်သန်းပေါင်း ၁၅,၀၀၀ကျော် တောင်းခံထား


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာတွက် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၁၅,၃၀၀ ကျော် တင်ပြတောင်းခံထားကြောင်း ယင်းကော်မရှင်ရုံးမှသိရသည်။ အဆိုပါ ဘဏ္ဍာငွေများကို လာမည့်နှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲရှိက ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အတွက် ကုန်ကျငွေနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများတွင် သုံးစွဲရန်အတွက် တင်ပြတင်းတောင်ခံခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်သည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာအတွက် ရငွေကို ကျပ်သန်း ၁.၂သန်း ရရန်ခန့်မှန်းထားပြီး ယင်း ၁.၂သန်းကိုလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ကြေးနှင့် ပစ္စည်း၊ သတင်းစာ စက္ကူရောင်းရငွေများမှ ရရန်ခန့်မှန်ထားကြောင်း ပြည်ထောင်စု ရွေကောက် ပွဲကော်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်သည် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာတွက် သာမန်အသုံးစားရိတ်အတွက် ကျပ်သန်းပေါင်း ၁၃,၈၂၉ ဒသမ ၉သန်း နှင့် ငွေလုံးငွေရင်း အသုံးစားရိတ်တွင် ကျပ်သန်း ၁၅၀၃ ဒသမ ၈၂ သန်း စုစုပေါင်း ကျပ်သန်း ၁၅၃၃ ဒသမ ၄၁သန်း ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်က လာမည့်နှစ်တွင် ကြိုတင်ရွေးကောက် ပွဲရှိက ကျင်းပနိုင်ရန်အတွက် သာမန်အသုံးစားရိတ် တောင်းခံငွေထဲမှ ကြိုတင်ရွေကောက်ပွဲကျင်းပရန်အတွက် လျာထားငွေ ကျပ်သန်း ပေါင်း ၃၆၀၀ ဒသမ ၉၉သန်း ပါရှိကြောင်းလည်း ပြည်ထောင်စု ရွေကောက်ပွဲကော် မရှင်ထံမှ သိရသည်

“ကြားဖြတ်ရွေးကောက်ပွဲအတွက် လျာထားထားတဲ့ တွက်ချက်ငွေကတော့ ၃၆၇၀ ဒသမ ၉၉သန်း ပါရှိပါတယ်၊ ဒီငွေကို ကြားဖြတ်ရွေးကောက်ပွဲရှိရင် သုံးစွဲဖို့ ဖြစ်ပြီးတော့ အကယ်၍ ရွေးကောက်ပွဲအတွက် ဖယ်လိုက်ပါက ကျွန်တော်သာမန်အသုံးစားရိတ်ဟာ ၁၀,၁၅၈ ဒသမ ၆သန်း သာလျင် ကုန်ကျရန် လျာထားတွက်ချက် တင်ပြ ထားခြင်းဖြစ်ပါတယ်" ဟု ကော်မရှင် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် အသုံးစားရိတ် မူဘောင်များအတွင်းကနေ အနည်းဆုံးလိုအပ်ချက်ကိုသာ တွက်ချက် တောင်းခံခဲ့ကြောင်း နှင့် ယင်းတောင်းခံ ငွေများကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် ဒုတိယ သမ္မတဦးဆောင်သည့် ဘဏ္ဍာငွေစိစစ်ရေးအဖွဲ့များက စိစစ်ခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List