Wednesday, April 09, 2014

အခွန်လွတ်ကုန်သွယ်မှုကနေ သြစီမှာ အလုပ်အကိုင် ပိုရရှိလာမယ်လို့ဆို


သြစတြေးလျနိုင်ငံအနေနဲ့ ​လွတ်လပ်စွာကုန်သွယ်ရေး ​သဘောတူညီမှု ​နှစ်ခုရခဲ့တဲ့အပေါ် ​နိုင်ငံတွင်းမှာ ​ချမ်းသာကြွဝမှုနဲ့ ​အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတွေရှိလာမှာဖြစ်တယ်လို့ ​သြစတြေးလျနိုင်ငံ ​၀န်ကြီးချုပ် ​တိုနီအာဘော့တ်က ​ပြောပါတယ်။
သြစတြေးလျနိုင်ငံက ​စီးပွားရေးသမားတွေပါဝင်တဲ့ ​၀န်ကြီးချုပ် ​တိုနီအာဘော့တ် ​ဦးဆောင်တဲ့ ​အဖွဲ့ဟာ ​ဂျပန်နဲ့ ​တောင်ကိုးရီးယား ​နှစ်နိုင်ငံနဲ့ ​လွတ်လပ်စွာ ​ကုန်သွယ်ရေး ​သဘောတူ ​လက်မှတ် ​ရေးထိုး ​နိုင်ခဲ့တဲ့ ​အတွက် ​၀န်ကြီးချုပ်က ​အခုလို ​ပြောဆို ​လိုက်တာဖြစ်ပါတယ်။

တောင်ကိုးရီးယား ​နိုင်ငံနဲ့ ​ရရှိတဲ့ ​လွတ်လပ်စွာကုန်သွယ်ရေး ​သဘောတူညီ ​ချက်တွေအရ ​နှစ်နိုင်ငံ ​စလုံးက ​သွင်းကုန် ​အပေါ် ​စည်းကြပ်ကောက်ခံတဲ့ ​အခွန်နှုန်း ​ထား ​တွေကို ​လျော့ပေါ့ပေး ​ရမှာဖြစ်သလို ​ကိုးရီးယားနိုင်ငံက ​ထုတ်လုပ်တဲ့ ​ကားတွေနဲ့ ​ကားပစ္စည်းဈေးနှုန်းတွေကို ​ငါးရာခိုင်နှုန်းထိ ​လျော့ချပေး ရမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံနဲ့ ​သဘောတူညီချက် ​ထဲမှာလည်း ​နှစ်နိုင်ငံစလုံးက ​သွင်းကုန်တွေဖြစ်တဲ့ ​အမဲသား ၊နို့ထွက်ပစ္စည်း၊ ​စိုက်ပျိုးသီးနှံ၊ ​ဂျပန်နိုင်ငံထုတ် ​လျှပ်စစ်နဲ့ကား ​စတဲ့ ​ကုန်ပစ္စည်းတွေ ​အားလုံး ​အခွန်နှုန်း နဲ့ ​ဈေးနှုန်း ​လျော့ချရမှာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ​သြစတြေးလျ ​၀န်ကြီးချုပ်ဟာ ​တောင်ကိုးရီးယား ​နိုင်ငံကို ​ရောက်ရှိနေစဉ် အတွင်း ​မြောက်ကိုးရီးယားနဲ့ ​တောင်ကိုးရီးယား ​နှစ်ဘက် ​ပိုင်နက် ​အငြင်းပွားနေတဲ့ ​နေရာဖြစ်တဲ့ ​ပန်မူဂျွန် ​(Panmunjom) ​နေရာကိုလည်း ​သွားရောက် ​ပြင်ဆင်နေတယ်လို့ ​ဆိုပါတယ်။

အဲဒီနေရာဟာ ​မြောက်ကိုးရီးယား ​စစ်တပ်နဲ့ ​မီတာအနည်းလောက်သာကွာဝေး ​တာဖြစ်ပါတယ်။

ခရီးစဉ်မစတင်ခင်မှာပဲ ​မြောက်ကိုးရီးယားဟာ ​တောင်ကိုးရီးယားနိုင်ငံအတွက် ​အကယ့်ကို ​အန္တရာယ် ရှိတယ်လို့ ​တိုနီအာဘော့တ် ​ပြောသွားခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List