Thursday, April 10, 2014

MH370 ကိုတွေ့ဖို့ နီးလာပြီလို့ ဆို


ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ်ရဲ့ ​အစိပ်အပိုင်းတွေကို ​မကြာခင်တွေ့ရတော့မယ်လို့ ​မျှော် လင့်ကြောင်း ​လေယာဉ်ရှာဖွေရေး ​အာဏာပိုင်တွေက ​ပြောဆိုလိုက်ပါတယ်။
လေယာဉ်ရဲ့ ​မှတ်တမ်းတင်စက်ကပေးတဲ့ ​အချက်ပေး ​အသံလှိုင်းတွေလို့ ​ယူဆရတဲ့ ​အချက်ပေးချက် ​တချို့ ​မနေ့က ​ဆက်လက်ပြီး ​ရရှိခဲ့ကြတဲ့ ​အတွက် ​အခုလို ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

အသံလှိုင်း ​အချက်ပြတဲ့ ​နေရာတ၀ိုက်ကို ​အဓိကထားပြီး ​ရှာဖွေနေကြတာ ​ဖြစ်လို့ ​ရှာဖွေရေး ​ရေဧရိယာတွေဟာလည်း ​ပိုမိုကျဉ်းမြောင်းလာပါတယ်။

လေယာဉ်ရဲ့ ​မှတ်တမ်းတင်စက်က ​အခုလို ​အချက်ပြစနစ်ထုတ်လွှင့်ပေးနိုင်အောင် ​ဘက်ထရီ တပ်ထားတာဖြစ်ပြီး ​အဲဒီ ​ဘက်ထရီ ​အားပျော့ကုန်ဆုံးဖို့ ​အချိန် ​နီးသထက်နီးလာတဲ့ ​အတွက် ​လေယာဉ် ရှိနိုင်တဲ့ ​သမုဒ္ဒရာအောက်ကို ​နိုင်ငံတကာ ​ရှာဖွေရေးတွေက ​ပူးပေါင်း ​ရှာဖွေနေကြတာ ​ဖြစ်ပါတယ်။

မလေးရှား ​ခရီးသည် ​လေယာဉ် ​MH ​370 ​ဟာ ​ခရီးသည်နဲ့ ​လေယာဉ်အမှူထမ်း ​၂၃၉ ​ဦးတင်ဆောင်ပြီး ​မလေးရှားနိုင်ငံ ​ကွာလာလမ်ပူမြို့ကနေ ​တရုတ်နိုင်ငံ ​ဘေကျင်းမြို့ကို ​အသွား ​ပြီးခဲ့တဲ့ ​မတ်လ ​၈ ​ရက်နေ့ ​က ​ပျောက်ဆုံးသွားခဲ့တာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List