Sunday, April 06, 2014

လူသတ်တရားခံ မြန်မာအမျိုးသား၏ ဒေါ်လာသိန်းချီရှေ့နေစရိတ် ပြဿနာ ဖြစ်ပွား


ဇနီးကို သေနတ်ဖြင့် ပစ်သတ်သော မြန်မာအမျိုးသား ဝင်းမင်းထွတ်၏ အမှုသည် သေဒဏ် အထိ ပေးနိုင်သော ပြစ်မှုဖြစ်သဖြင့် တရားခံဘက်မှ ခုခံကာကွယ်ပေးရမည့် ရှေ့နေစရိတ်သည် ဒေါ်လာ သိန်းဂဏန်းရှိသော် လည်း ၎င်းငွေကြေးပမာဏကို မည်သူက ကျခံပေးမည်ဆိုသည့် ပြဿနာဖြစ်ပေါ်နေ ပါသည်။သားသမီးသုံးဦး၏ မိခင်ဖြစ်သူ ဇနီး မသီတာမြင့်ကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သော တရားခံ ဝင်းမင်းထွတ်ကို ဇန်နဝါရီ ၂၂ ရက်က တရားရုံးသို့ ခေါ်လာစဉ် တွေ့ရပုံ ဖြစ်ပါသည်။
ယခုလောလောဆယ်တွင် တရားသူကြီး ရောဘတ် စတိုင်းဘတ်ခ်က တရားရုံးအမိန့်ဖြင့် ခန့်အပ် ထားသော ပြည်သူ့ ဥပဒေအကျိုးဆောင်က ဝင်းမင်းထွတ်ဘက်မှ ခုခံလျှောက်လဲပေးနေ သည်။ သေဒဏ်အထိ အပြစ်ပေးနိုင်သော ပြစ်မှုအတွက် လက်နက်ခဲယမ်း ကျွမ်းကျင်သူ၊ စိတ်ပညာရှင် စသည့် ကျွမ်းကျင်ပညာရှင်များ၏ လေ့လာတင်ပြချက်များ လိုအပ်သောကြောင့် ကုန်ကျစရိတ် သည် ဒေါ်လာ သိန်းချီ ကျသင့်မည် ဖြစ်၏။

ဘက်သလီဟမ်မြို့ရှိ လူသတ်မှုဖြစ်ပွားရာ မိသားစုနေအိမ်သည် တရားခံ ဝင်းမင်းထွတ်၏ နာမည်ဖြင့် တစ်ဦးတည်း ပိုင်ဆိုင်သော ဥစ္စာပစ္စည်းဖြစ်သည်။ ဝင်းမင်းထွတ်သည် ထိုအိမ်ကိုသားသမီး သုံးဦးအား ပေးအပ် လိုကြောင်း ၎င်း၏ ရှေ့နေအား ပြောကြားသည်။

ဧပြီ ၄ ရက်နေ့က တရားရုံးတွင် ကြားနာစစ်ဆေးရာမှာ တရားခံကသေဒဏ်ထိုက် ပြစ်မှုအတွက် လိုအပ်သော ကျွမ်းကျင်သူများ ငှားရမ်းရန် မည်သည့်ငွေကြေးကိုမျှ အသုံးမပြုလိုကြောင်း ဝင်းမင်းထွတ်က တရားခံ ရှေ့နေအဖွဲ့ခေါင်းဆောင် ကင်ဘာလီ မာကိုးလ်အား ပြောကြား ခဲ့သည်။

ရှေ့နေစားမည့် လူသတ်မှု

ဥပဒေအရ လိုအပ်သော ကျွမ်းကျင်သူများကို တရားခံ ဝင်းမင်းထွတ်က မငှားလိုသည့်တိုင်အောင် ၎င်း၏ ရှေ့နေ ဒင်းနစ်စ် ချားလ်စ်က ငှားရမ်းနိုင်ကြောင်း တရားသူကြီး စတိုင်းဘတ်ခ်က ပြောကြားသည်။ ဝင်းမင်းထွတ်က ကုန်ကျစရိတ်များ မပေးလိုဟု ဆိုရုံမျှဖြင့် ခရိုင်က ကျခံပေးရမည်ဟု မဆိုလိုကြောင်း တရားသူကြီးက မိန့်ကြားသည်။

"ဒေါ်လာ သိန်းချီကုန်ကျမည့် ရှေ့နေစရိတ်အတွက် ခရိုင်နှင့် အခွန်ထမ်း ပြည်သူများက ကျခံပေး ရမည်ဆိုလျှင် ခရိုင်သည် ထိုငွေကို ပြန်လည်ရရှိစေနိုင်မည့် နည်းလမ်းအချို့ကို ရှာဖွေသင့်ပေသည်၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု ရှိထားသူတစ်ယောက်အတွက် ခရိုင်သည် ဒေါ်လာသိန်းချီ ပေးရန်မသင့်လျော်ချေ" ဟူ၍ တရားသူကြီးက ရောဘတ် စတိုင်းဘတ်ခ်က တရားခွင်တွင် မြွက်ဆိုသည်။

ဝင်းမင်းထွတ် ပိုင်ဆိုင်သော အိမ်ကို ရောင်းချ၍ ရရှိသည့် ငွေကြေးကို အမှုအတွက် တရား ခံရှေ့နေစရိတ်အဖြစ် ကျခံသုံးစွဲရန် ဆိုလိုခြင်း ဖြစ်၏။

ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘက်သလီဟမ်မြို့နေ ဝင်းမင်းထွတ် (၃၇ နှစ်) သည် ၎င်းအား မလာရန် တားမြစ်မိန့်ထုတ်ထားသော အိမ်သို့ ဒီဇင်ဘာ ၁၇ ရက် ညနေက လာပြီး ဇနီး မသီတာမြင့် (၃၇ နှစ်) ကို သေနတ်ဖြင့် တစ်ချက်ပစ်လိုက်သဖြင့် ဦးခေါင်းကို ထိမှန်သေဆုံးခဲ့သော လူသတ်မှု ဖြစ်ပါသည်။

ပင်ဆီလ်ဗေးနီးယားပြည်နယ်ဥပဒေအရ၊ တားဆီးကန့်သတ်မိန့်ကို ချိုးဖောက်ပြီး လူသတ်မှု ကျူးလွန် ခဲ့ခြင်း ဖြစ်သောကြောင့် သေဒဏ် အထိ ပြစ်ဒဏ်စီရင်ခြင်း ခံရနိုင်ပါသည်။

မြန်မာလင်မယားချင်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်လူသတ်မှုအတွက်နောက်တစ်ကြိမ် တရားရုံးချိန်းကို စက်တင်ဘာ ၂ ရက် သတ် မှတ်ထားသည်။

ကမ္ဘာသစ်

No comments:

Post a Comment

My Blog List