Thursday, April 10, 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲတပ်ရင်း တပ်ဖွဲ့အမည်ကို လုံခြုံရေးရဲတပ်ဖွဲ့ဟု ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့အတွင်း ပါဝင်သော ရဲတပ်ရင်းတပ်ဖွဲ့၏ အမည်ကို လုံခြုံရေး ရဲတပ်ဖွဲ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အဆင့်မြင့် အရာရှိကြီးများထံမှ သိရသည်။
အဆိုပါတပ်ဖွဲ့၏ ပထမဦးဆုံး တပ်ဖွဲ့အမည်မှာ လုံထိန်းတပ်ဖွဲ့ ဖြစ်သည်။ ယင်းတပ်ဖွဲ့အမည်မှတစ်ဆင့် ရဲတပ်ရင်းတပ်ဖွဲ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ယခုလဧပြီ ၁ ရက်မှစတင်၍ ရဲတပ်ရင်းတပ်ဖွဲ့အမည်အား လုံခြုံရေးရဲတပ်ဖွဲ့ဟု ထပ်မံပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ လုံခြုံရေးရဲတပ်ဖွဲ့ ၃၅ ဖွဲ့ရှိကြောင်း သိရှိရပြီး တပ်ဖွဲ့တစ်ခုလျှင် တပ်ဖွဲ့ဝင်အင်အား မည်မျှရှိကြောင်းနှင့် မည်သည့်နေရာ ဒေသများတွင် အခြေစိုက် ထားရှိသည်ကို လုံခြုံရေးအရ ထုတ်ဖော်ပြောကြား၍ မရကြောင်း ရဲတပ်ဖွဲ့ဝင် အဆင့်မြင့်အရာရှိကြီးများက ဆိုသည်။

“ရဲတပ်ရင်း တပ်ဖွဲ့အမည်ကို လုံခြုံရေးရဲတပ်ဖွဲ့လို့ ပြောင်းလဲလိုက်တာ မှန်ပါတယ်။ ဘယ်လိုကြောင့် ပြောင်းရတာ ဆိုတာကို အသေးစိတ် သိလိုရင်တော့ အဲ့ဒီကဏ္ဍကို ကိုင်တွယ်တဲ့ ဒုတိယရဲမှူးကြီးကိုသာ မေးမြန်းပါ” ဟု ဒုတိယရဲမှူးကြီး မင်းအောင်က ဧပြီ ၉ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

ယင်းကြောင့် တပ်ဖွဲ့အမည်ပြောင်းလဲရခြင်း အကြောင်းရင်းများနှင့် ပတ်သက်၍ အတည်ပြုချက်ရယူရန် သက်ဆိုင်ရာ တာဝန်ရှိသူအား ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

Eleven Media Group

No comments:

Post a Comment

My Blog List