Wednesday, April 09, 2014

ဒီနှစ်သင်္ကြန်မှာ ခေတ်မီတဲ့ဖက်ရှင်နဲ့ မန္တလေး ပရိသတ်တွေကြိုက်မယ့် ဖက်ရှင်မျိုး ၀တ်မယ်လို့ပြောတဲ့ နန်းဆုရတီစိုး


သင်္ကြန်မှာ လည်ပတ်မယ့် သူတွေဟာ အ၀တ်အစားပိုင်းရော၊ အသားအရေပိုင်းပါ ဂရုစိုက်ကြရမှာပါ။ သူတို့လိုပဲ အနုပညာရှင်တွေကလည်း သူတို့ဝတ်ဆင်ထားတဲ့ ဖက်ရှင်နဲ့ သူတို့သင်္ကြန်ကျမယ့်နေရာ လိုက်ဖက်အောင်၊ ရာသီနဲ့လိုက်ဖက်အောင် ဘယ်လိုဝတ်ဆင်ကြမယ်ဆိုတာနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးကတော့ ‘သင်္ကြန်အတွက် ဖက်ရှင်ပိုင်းကတော့ မန္တလေး ရာသီဥတုနဲ့လဲ လိုက်ဖက်ပြီးတော့ သင်္ကြန်နဲ့လဲ လိုက်ဖက်ရမယ်။
နန်းဆုနဲ့လဲ လိုက်ဖက်ရမယ်။ ပြီးရင် နန်းဆုရဲ့သီချင်းတွေနဲ့လဲ လိုက်ဖက်ရမယ်။ ခေတ်မှီ ဆန်းသစ်တဲ့ ဖက်ရှင်မျိုးတွေနဲ့မန္တလေးက ပရိသတ်တွေ သဘောကျမယ့် ဖက်ရှင်မျိုးတွေကို ၀တ်ဖြစ်မှာပါ။ ခုလောလောဆယ်တော့ မစီစဉ်ရသေးဘူး။ အဲဒီအချက်အလက်တွေ ထည့်သွင်းစဉ်းစားပြီးတော့ စီစဉ်ဖြစ်မှာပါ။ သင်္ကြန်မှာ နန်းဆု အသားအရေပိုင်းနဲ့ပတ်သတ်ပြီးတော့ မန္တလေးက နေလဲအရမ်း ပူမှာ။ လေလဲအရမ်းတိုက်မှာ။

ရာသီဥတုနဲနဲကြမ်းတယ်။ အဓိက ကတော့ body lotionတွေ များများယူသွားရမယ်။ ပြီးတော့ နေလောင်ဒဏ် ကာကွယ်တဲ့ဟာတွေ ယူသွားရမယ်။ SPF 50 အထက်လောက် လိမ်းမယ် လို့စိတ်ကူးထားတယ်။ အဲဒါမှလဲ နေရောင်ခြည်ကို ၅နာရီ၊ ၆နာရီလောက်ခံမှာလေ။ Treatment ကတော့ သင်္ကြန်ပြီးမှပေါ့။ နန်းဆုသင်္ကြန်တွင်း အပြင်ထွက်ရင် နေကာမျက်မှန်၊ ဖုန်းထည့်တဲ့အိတ်၊ ရေဗူး၊ မျက်နှာသုတ်ပ၀ါ၊ ရေစိုခံလွယ်အိတ်၊ အဲဒါတွေက အဓိက အမြဲဆောင်သွားဖြစ်ပါတယ်’လို့ ပြောပြ သွား ပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List