Thursday, April 10, 2014

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ဟီလာရီပြောကြား

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ဟီလာရီကလင်တန်က ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။ ဆန်ဖရန်စစ္စကိုရှိ ဈေးကွက်မြှင့်တင်ရေး ကွန်ဖရင့်တွင် တက်ရောက်ဆွေးနွေးခဲ့သော ဟီလာရီက အမေရိကန်နိုင်ငံရေးကို မျက်ခြည်မပြတ် စောင့်ကြည့်သူတိုင်း သိလိုကြသည့် မေးခွန်းတစ်ခုကို ထပ်မံမေးမြန်ခဲ့မှုအား ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီမျိုးစုံတွင် ဈေးကွက်မြှင့်တင်ရေး ဌာနများအတွက် ဆော့ဖ်ဝဲများ ထုတ်လုပ်ပေးသည့် Marketo က ဦးဆောင်ကျင်းပသော The Marketing Nation Summit ကို ဟီလာရီကလင်တန်က မိန့်ခွန်းပြော ကြားခဲ့ခြင်း ဖြစ်သည်။ ယင်းကွန်ဖရင့်တက်ရောက်ရန် ဒေါ်လာ ၁၁၉၅ ၀င်ကြေးပေးရပြီး တက်ရောက် နားထောင်သူ ၅,၀၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်လျှင် ဒီမိုကရက်တစ် သမ္မတလောင်း ဖြစ်လာမည်ဟု တစ်ပေးခံရသော ကလင်တန် ကို မေးမြန်းသူက “ခင်ဗျားရဲ့ အစီအစဉ်က ဘာပါလဲ။ ၀င်ပြိုင်မှာလား။ ပြိုင်မယ်ဆိုရင် ဒီမှာကြေညာနိုင် ပါတယ်” ဟု မေးမြန်းခဲ့သည်။

ဟီလာရီကလင်တန်က “တကယ်က ကျွန်မဒီမှာ ဈေးကွက်မြှင့်တင်ရေး အကြံပေးမှုအချို့ရဖို့ ကြိုးပမ်းနေ ပါတယ်။ ကျွန်မကို မေးကြတဲ့လူတွေ၊ အားပေးတဲ့လူတွေ ရှိတဲ့အတွက် လေးလေးနက်နက် ဂုဏ်ယူရ ပါတယ်။ ပြီးတော့ ကျွန်မ၀င်ပြိုင်ဖို့ကို စဉ်းစားနေပါတယ်။ ဒါပေမဲ့ နည်းနည်းထပ်ပြီး စဉ်းစားနေပါသေး တယ်” ဟု ပြောကြားခဲ့သည်။ 
 
ဟီလာရီကလင်တန်က သူ၏လက်ရှိဘ၀ကို ပျော်ရွှင်နှစ်သက်နေသောကြောင့် ဆုံးဖြတ်ချက် ချဦးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတကတော်ဟောင်း၊ ၂၀၀၈ ခုနှစ် ဒီမိုကရက်တစ် သမ္မတလောင်း ရွေးပွဲတွင် သမ္မတ ဘာရက်အိုဘားမားကို ရှုံးနိမ့်ခဲ့သူ အထက်လွှတ်တော်အမတ် ဟီလာရီကလင်တန်သည် ယမန်နှစ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ အနားယူခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းလှည့်လည်ပြီး မိန့်ခွန်းများ ပြောကြားနေခဲ့သည်။

ဟီလာရီက အိမ်ဖြူတော် ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ပြောကြားထားပြီး ၂၀၁၄ ခုနှစ် မကုန်မီထိ ဆုံးဖြတ်ချက်ချမည် မဟုတ်ကြောင်း ပြောကြားထားသည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဟီလာရီကလင်တန်အတွက် အနီးကပ်ဆုံးပြိုင်ဘက်မှာ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဘုရှ်ဖြစ်ကြောင်း Fox News က ကောက်ယူခဲ့သည့် စစ်တမ်းတွင် ဖော်ပြခဲ့သည်။

Ref:AFP

No comments:

Post a Comment

My Blog List