Tuesday, April 08, 2014

တယ်လီနော မြန်မာ၏ မိုဘိုင်း ဗွီဒီယို နှင့် အသံဆက်သွယ်ခေါ်ယူခြင်း စမ်းသပ်အောင်မြင်မှုကြောင့် ဆက်သွယ်ရေးကဏ္ဍ အပြောင်းအလဲ စတင်လာ

Tuesday, April 8, 2014
တယ်လီနောမြန်မာကုမ္ပဏီမှ ဆက်သွယ်ရေးအော်ပရေတာလုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုပြီး သုံးလအတွင်း ပထမဆုံးအကြိမ် အသံနှင့်ဗီဒီယိုခေါ်ဆိုနိုင်မှုကို စတင် မိတ်ဆက်ပြီး ၄င်းတို့ ကတိပေးထားသည့် ရှစ်လ ကာလအတွင်း ဆင်းကတ်များကို စတင်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပေးသည့် အခမ်းအနားကို တယ်လီနောမြန်မာကုမ္ပဏီ၏ Network အချက်အလက်များ ဌာနချုပ် ဒေတာ စင်တာတစ်ခုဖြစ်သည့် Core Network တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ တယ်လီနောသည် တစ်နိုင်ငံလုံးကွန်ရက်များ ချိတ်ဆက်ခြင်းလုပ်ငန်းကို ဟွာဝေး၊ အဲရစ်ဆင်နှင့် ဝိုင်ပရိုစ သည့် နိုင်ငံ တကာကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အော်ပရေတာအဖြစ် လက်မှတ်ထိုးပြီးချိန်မှ ငါးရက်တာအတွင်း ပြည်တွင်းသို့ ဆက်သွယ်ရေးနှင့် အချက်အလက် သိုလှောင်မှု စနစ်များ ပါဝင်သော ဒေတာစင်တာများကို သင်္ဘောတင်ကွန်တိန်နာများ အသွင်ဖြင့် ပြောင်းလဲဆန်းသစ်ကာ တင်သွင်းခဲ့ပြီး တယ်လီနောရုံးချုပ်နှင့် ၂၂ ကီလိုမီတာခန့်ဝေးသည့် မင်္ဂလာဒုံမြို့နယ် အတွင်း နေရာ ချတပ်ဆင်၍ တာဝါ တိုင်ဆောက်လုပ်ခြင်းများကို ဟွာဝေးနှင့် လက်တွဲဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် မစ္စတာပီတာ ဖားဘတ်ခ်ျ က ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း တက်ရောက် အားပေးကာ ပထမဆုံးသောအသံနှင့် ဗီဒီယိုခေါ်ဆို မှုကို စမ်းသပ်ပေးခဲ့ရာ ဒေတာစင်တာ မှတစ်ဆင့် တယ်လီနောရုံးချုပ်သို့ အရုပ်အသံ ကြည်လင် ပြတ် သားစွာ ခေါ်ဆိုနိုင်ခဲ့သည်။“တယ်လီနောအနေနဲ့ လျင်လျင် မြန်မြန်နဲ့ ဆောင်ရွက်တာကိုတွေ့ ရလို့ ဝမ်းသာမိပါတယ်။ နောက်ပိုင်း မှာ ပိုမိုကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတွေ ကို မိဘပြည်သူတွေ မြင်တွေ့ရမှာပါ။ အော်ပရေတာတွေအတွက် တာဝါ တိုင်တည်ဆောက်ရေး၊ ကွန်ရက်ချိတ် ဆက်ရေးတွေမှာ အခက်အခဲတွေရှိ နေတာကို သိပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့လည်း အကူ အညီတွေ ပေးအပ်နေပါတယ်။ နောက်ပိုင်းမှာ ရတနာပုံတယ်လီပို့ ကိုလည်း အများပိုင်ကုမ္ပဏီအဖြစ် မြင်တွေ့ရမှာမို့ မိဘပြည်သူတွေအနေနဲ့ နိုင်ငံတကာ အော်ပရေတာအနေနဲ့ တယ်လီနောနဲ့ အော်ရီဒူး၊ ပြည်တွင်း အော်ပရေတာတွေ အနေနဲ့ MPT နဲ့ ရတနာပုံတယ်လီပို့တွေကို ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးစွဲနိုင် တော့မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ မိုဘိုင်းလွှမ်းခြုံအားက ၁၃ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။
အားလုံးသိတဲ့အတိုင်း ဖွံ့ဖြိုးဆဲတိုင်း ပြည်တွေမှာဆိုရင် မိုဘိုင်းလွှမ်းခြုံ မှု ၅၀ ရာခိုင်နှုန်းကျော်နေတာပါ။ ကျွန်တော်တို့ အများကြီးအမီလိုက် ကြရမယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြား သည်။
တယ်လီနောမြန်မာမှ ဒေတာ စင်တာနှစ်ခုကို ရန်ကုန်နှင့် မန္တလေး မြို့တို့တွင် တပ်ဆင်သွားမည်ဖြစ်ပြီး တစ်နှစ်တာကာလအတွင်း ဆက်သွယ် ရေးကွန်ရက်စခန်းပေါင်း ၂၄၀၀၀ ခန့် တည်ဆောက်သွားမည် ဖြစ်သည့် အပြင် သုံးစွဲသူများအတွက် မြန်နှုန်း ကိုလည်း အမြင့်ဆုံးရရှိစေရန် ရည် ရွယ်ကာ သရီးဂျီကွန်ရက်များအပြင် တယ်လီနော၏ ဆက်သွယ်ရေးတာဝါ စတေရှင်များအနေဖြင့် ဖိုးဂျီအဆင့် မြှင့်တင်ပါကလည်း အဆင်သင့်ဖြစ်စေ မည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီတာ ဖားဘတ်ခ်ျကရှင်းပြသည်။

ထို့အပြင် တယ်လီနောဆင်းကတ် သုံးစွဲသူများ၏ လုံခြုံရေးအချက် အလက်များကို ထိန်းသိမ်းပေးရန် အတွက် မူလအော်ပရေတာ စာချုပ် ချုပ်ဆိုစဉ်ကပင် ကတိကဝတ်ယူထား ပြီးဖြစ်ကာ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် တယ်လီနော ဆင်း ကတ် သုံးစွဲသူ တစ်ဦးဦး၏သတင်း အချက်အလက်များအား နိုင်ငံတော် အစိုးရမှ ရယူလိုပါက တရားရုံးမှ တစ်ဆင့်ရယူလိုကြောင်း အထောက် အထား ခိုင်လုံစွာတင်ပြနိုင်မှသာ ပေးမည်ဖြစ်သဖြင့် လုံခြုံစိတ်ချမှု အတွက် ပူပန်ရန်မလိုအပ်ကြောင်း သိရသည်။

တယ်လီနော ဆင်းကတ်များအား လာမည့် ငါးလတာအကုန်တွင် စတင်ဖြန့်ဖြူးရောင်းချမည်ဖြစ်ကာ အင်တာနက် ဒေတာမှတစ်ဆင့် ဗီဒီ ယိုခေါ်ဆိုမှုကိုလည်း တစ်ပြိုင်နက် အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးမှ သင်္ကြန် ကာလအတွင်း မိုဘိုင်းခေါ်ဆိုခများကို ၂၀ ရာခိုင်နှုန်း လက်ဆောင်ပေးခြင်း ဆောင်ရွက်ကာ လက်ရှိဈေးကွက်ကို ဦးဆောင်လျက်ရှိသော်လည်း မကြာမီ ငါးလတာအတွင်း ယှဉ်ပြိုင်သုံးစွဲသူ များအနေဖြင့် မည်သည့်အော်ပရေ တာကို ရွေးချယ်ကြမည်ကို စောင့် ကြည့်စေလိုပါကြောင်း တယ်လီနော က ပြောကြားသည်။

MOI Webportal Myanmar

No comments:

Post a Comment

My Blog List