အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနဝန်ကြီး KathleenSebelius ရာထူး ကနေ နှုတ်ထွက် သွားပါတယ်၊ Obamacareလို့ပြောကြတဲ့ ဝင်ငွေနည်း မိသားစုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ဝယ်ယူနိုင်ရေးကို ကြီးကြပ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။
ကျန်းမာရေးအာမခံ ဒီနှစ်အတွက် နောက်ဆုံးထား ဝယ်ယူဖို့ သတ်မှတ်ချိန်ပြည့်ပြီး သီတင်းတပါတ် အကြာမှာပဲ Kathleen Sebelius ရာထူးကနေနှုတ်ထွက် သွားတာလဲဖြစ်ပါတယ်၊ Obamacare ကျန်းမာရေးအာမခံတွေစတင် ဝယ်ယူနိုင်ပြီလို့ ကြေညာခဲ့ပြီးတဲ့ သီတင်းပါတ်တွေမှာ အဲဒီ Website ရဲ့ ချွတ်ယွင်း ချက်ကြောင့် အာမခံဝယ်ချင်သူ သန်းနဲ့ချီ ဝယ်မရတဲ့ပြဿနာ ကို ကြုံခဲ့ကြရပါတယ်၊
အဲဒီထဲက Sebelius ရာထူးကနေဆင်းဖို့ အတိုက်အခံ Republican တွေ ဖက်က တောင်းဆိုခဲ့ပေမဲ့ သမ္မတ အိုဘားမားက ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးကိုထောက်ခံ မှုပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျန်းမာရေးအာမခံ ဝယ်ယူနိုင်တဲ့ကာလဟာ အောင်မြင်ခဲ့တယ်လို့ သမ္မတအိုဘားမား ပြီးခဲ့တဲ့ သီတင်းပါတ်မှာ ကြေညာ ချိန်မှာတော့ ဝန်ကြီး Sebelius ကို မတွေ့ခဲ့ရပါဘူး၊
ကျန်းမာရေးအာမခံကို ၇ သန်းလောက်ဝယ်ယူကြလိမ့်မယ်လို့ အိုဘားမား အစိုးရကခန့်မှန်းထားခဲ့ပေမဲ့ အာမခံအတွက် စာရင်းပေးသူဟာ အဲဒီအရေအတွက်ကို ကျော်လွန်ခဲ့ပါတယ်၊
VOA

No comments:
Post a Comment