Monday, April 07, 2014

သန်းခေါင်စာရင်း ကောက်ယူမှုအခြေအနေ ခြောက်ရက်အတွင်း ရာခိုင်နှုန်း ၅ဝ ကျော် ပြီးစီးအောင်မြင်


နှစ်ပေါင်း၃ဝကျော်အကြာမှ ပြန်လည်ဆောင်ရွက်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို တိုင်းရင်းသားအချို့နှင့် လူမှု အဖွဲ့အစည်းများက ကန့်ကွက်မှုများရှိခဲ့သော်လည်း မတ် ၃ဝရက်မှစတင်၍ သန်းခေါင်စာရင်းကောက်ယူနေသည်မှာ ယနေ့ဆိုလျှင်ရှစ်ရက်တိုင်ရှိပြီ ဖြစ်သည်။ 
 
ယင်းသို့ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားလက်နက်ကိုင်အချို့၏ တားဆီးမှုနှင့် ရိုဟင်ဂျာအမည် ထည့်သွင်းခွင့်မရ၍သန်းခေါင်စာရင်းအကောက်မခံမှုများလည်းရှိသည့်အတွက် တစ်နိုင်ငံ လုံးသန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့လုပ်ငန်းတာဝန်ခံ၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ကြိုင်နှင့်
ဆက်သွယ်မေးမြန်းတင်ဆက်လိုက်ပါသည်။

မေး- ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူ မှုရလဒ်တွေကို ဘယ်တော့ထုတ်ပြန်သွားမလဲ။

ဖြေ- ၂ဝ၁၅ နှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ဖို့ဆောင် ရွက်ထားပါတယ်။ နိုင်ငံတကာပညာရှင်တွေနဲ့တွက် ချက်ထားတယ်ဗျ။ တိုင်းနဲ့ပြည်နယ်တွေကတက် လာတဲ့ စာရင်းဇယားတွေကို ကွန်ပျူတာတွေနဲ့ ရော အကြိမ်ကြိမ် အခါခါစစ်ပြီးတော့ နိုင်ငံတကာ ပညာရှင်တွေက တည်းဖြတ်ပြီးတော့မှထုတ် ပြန်မှာ။ စာရင်းဇယားမမှားယွင်းရအောင် အဓိကစံထားပြီးတော့လုပ်မှာပါ။ အဲဒီတော့ ၂ဝ၁၅ခု နှစ် နှစ်ဆန်း ပိုင်းမှထုတ်ပြန်နိုင်မယ်။

မေး- တားဆီးမှုရှိတဲ့ရှမ်းနဲ့ကချင်ပြည်နယ်တွေ က ဒေသတချို့က လူဦးရေသန်းခေါင်စာရင်းတွေ ကို ဘယ်လိုကောက်ခံပါသလဲ။

ဖြေ- အခုလောလောဆယ်တော့ KIA ရဲ့အောက် ခြေအဖွဲ့လေးတွေက နည်းနည်းလေးနားလည်မှုလွဲ ပြီးတော့ တားဆီးတာတွေ၊ မေးခွန်းပုံစံသိမ်းတာ တွေရှိတယ်ဗျာ။ ဌာနချုပ်နဲ့ဆက်သွယ်လိုက်တော့ မေးခွန်းပုံစံတွေ လည်းပြန်ရတယ်။ တားဆီးတဲ့ အဖွဲ့တွေထဲက တချို့ကမတားဆီးတော့ဘဲနဲ့ ပြန် ပေးသွားတယ်ဗျာ့။ သူတို့ဆီမှာလည်း သန်းခေါင် စာရင်းကောက်တာက ခြောက်ရက်ရှိသွားပြီ။ နောက်ခြောက်ရက်ပဲရှိတော့တယ်ဆိုတော့ အချိန် သိပ်မရတော့ဘူး။ တချို့နေရာတွေမှာဆိုရင် တပ်မတော်စစ်ကြောင်းပေါင်းပြီးတော့ မြန်မြန်ဆန်ဆန် မကောက်ရသေးတဲ့နေရာတွေမှာ ကောက်နေတယ်။ ကျွန်တော်တို့ကတော့ အကုန်လုံး ပါအောင် ကောက်သွားမှာပါ။

မေး- ဒီလိုတားဆီးမှုတွေရှိတဲ့အတွက် ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ရသလဲခင်ဗျာ။

ဖြေ- အခုဆိုရင်တော့ ကျွန်တော်တို့ ဒီအတိုင်း မှန်းကြည့်တာက KIA ဌာနချုပ်နဲ့အနီးကပ်ရှိနေ တဲ့ ရွာတစ်ရွာနှစ်ရွာလောက်ပဲကျန်တယ်ဗျာ။ ကျန်တာတွေက အားလုံးရနေပြီ။ ကျောက်မဲခရိုင် ထဲက ရွာတွေဆိုရင်လည်း အခုကောက်လို့ပြီးသွား ပြီဗျာ။ မန်စီဘက်မှာ ကျန်ခဲ့တဲ့ရွာတွေလည်း အခု ပြန်ကောက်လို့ရသွားပြီ။ လောလောဆယ်တော့ လိုင်ဇာတို့ ဘာတို့နားက အနီးကပ်ကျန်တဲ့ရွာ လောက်ပဲကျန်တော့မယ်။ ကျန်တာတွေ အခုပြန် ကောက်ပြီးသွားပြီဗျာ။

မေး- ရိုဟင်ဂျာအမည်ထည့်မပေးရင် သန်းခေါင် စာရင်းအကောက်မခံတဲ့သူတွေကို သန်းခေါင် စာရင်းမှာ ဘယ်လို ထည့်သွင်းသွားမလဲခင်ဗျာ။

ဖြေ- အဲဒီကိစ္စတွေကို ကျွန်တော်တို့လည်း သေ သေချာချာကို ရှင်းပြနေတယ်ဗျာ။ လောလော ဆယ် ဒီမှာ နိုင်ငံတကာအကြံပေးတွေကလည်း ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာလည်း လိုက်ကြည့်ပြီး လိုအပ်တာလေးတွေကို စစ်ဆေး သတ်မှတ်တာတွေ၊ ကူညီဖြေရှင်းပေးတာတွေလုပ် တယ်။ သူတို့က ရိုဟင်ဂျာလို့ထည့်လိုက်ရင် သူ တို့ အများကြီးနစ်နာသွားမယ်။

၁၉၈၂ခုနှစ်နိုင်ငံ ဥပဒေအရ သူတို့က ဘင်္ဂါလီဆိုတာ ရိုဟင်ဂျာဆို ပြီး ပြောင်းနေကြတယ်။ ဘိုးစဉ်ဘောင်ဆက်က တည်းက။ အဲဒါဆိုလို့ရှိရင် ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေသတ်မှတ်ထားတဲ့ အချိန်ကဆို နိုင်ငံသား ဖြစ်ခွင့်လျှောက်တာတို့ ဘာတို့ရနိုင်သေးတယ်။ ၈၂ ခုနှစ်နောက် ပိုင်းမှ ပေါ်လာတဲ့နိုင်ငံခြားသား မှန်သမျှက ဘယ်တော့မှ နိုင်ငံသားဖြစ်ခွင့်ကို လျှောက် ထားခွင့်မရှိတော့ဘူးဗျ။ ဆုံးရှုံးသွားပြီ ဗျ။ အင်မတန်နစ်နာမယ့် အခြေအနေတွေဖြစ် ပါတယ်။ အဲဒါတွေကို သေချာနားလည်အောင် ရှင်းပြလိုက်တော့ တချို့လည်း ဘင်္ဂါလီအနေနဲ့ ပြန်ပြီးတော့ အကောက်ခံတယ်။ ဘင်္ဂါလီဆိုတာ သူတို့ White Card ထဲမှာရော အိမ်ထောင်စုစာ ရင်းထဲမှာလည်း ဘင်္ဂါလီဆိုတာနဲ့မှတ်ပုံတင်ထားတယ်။ 

အဲဒါတွေကြောင့် သူတို့က မှတ်ပုံတင် ထားတဲ့အတိုင်း ပြန်ပြီး အကောက်ခံနေပါပြီ။

မေး- သန်းခေါင်စာရင်းဥပဒေမှာ မေးခွန်းမေးသူ ရော ဖြေတဲ့သူမှာပါ ဒဏ်ငွေတွေနဲ့ဆိုတော့ ကောက် တဲ့နေရာမှာ ဘယ်လိုခက်ခဲမှုတွေ ကြုံတွေ့ရလဲ။

ဖြေ- အတတ်နိုင်ဆုံးကတော့ သန်းခေါင်စာရင်း ဥပဒေဆိုတာ နိုင်ငံတော်ကလည်း သန်းခေါင်စာ ရင်းကောက်ဖို့ တာဝန်ရှိသလို နိုင်ငံသားတွေအနေ နဲ့လည်း သန်းခေါင်စာရင်း ကောက်ခံ တဲ့နေရာမှာ မေးခွန်းတွေကို မှန်မှန်ကန်ကန်ဖြေဆိုဖို့တာဝန် ရှိတယ်ဗျာ။ ဒါပေမဲ့ သန်းခေါင်စာရင်းဥပဒေရဲ့ အဓိကရည်ရွယ်ချက်ကတော့ သန်းခေါင်စာရင်း ကောက်ခံတဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ဖြစ် ပါတယ်။

တားမြစ်ချက်တွေနဲ့ဥပဒေတွေရှိပေ မယ့် အတတ်နိုင်ဆုံးတော့ သန်းခေါင်စာရင်း ဥပဒေအရ ပြည်သူ လူထုကို အရေးယူရတဲ့ အ ခြေအနေအထိမရောက်အောင် အတတ်နိုင်ဆုံး ဖျောင်းဖျပြီး၊ နားလည် လာအောင် စည်းရုံးပြီး ဆောင်ရွက်သွားပါတယ်။ ဥပဒေနဲ့ ပြစ်ဒဏ်ပေး မယ့်အစား အသိပညာများ ရှိလာအောင် စည်းရုံး ပြီး ဆောင်ရွက်သွားဖို့စီစဉ်ထားပါတယ်။

မေး- သန်းခေါင်စာရင်းကောက်နေတုန်း ကန့်ကွက် တာတွေ၊ အပြန်အလှန် ရှင်းပြတာတွေဖြစ်ဖူးလား။

ဖြေ- ဖြစ်ခဲ့တယ်ဗျ။ အဲဒါကတော့ အဓိက ရခိုင် ပြည်နယ်ဘက်မှာ ဖြစ်ခဲ့တာများတယ်။ သူတို့က အရင်တုန်းက စောစောကလိုပေါ့ဗျာ။

အရင်တုန်း က သန်းခေါင်စာရင်းကောက်တုန်းကလည်း ဘင်္ဂါ လီတွေနဲ့ပဲ ဖြစ်ခဲ့တယ်ဗျ။ ၂ဝ၁၂ ခုနှစ် ရခိုင်မှာ လူမျိုးရေးတင်းမာမှုတွေဖြစ်ပြီး နောက်ပိုင်းမှာ လည်း ဘင်္ဂါလီနဲ့ဖြေခဲ့ပြီးတော့ အခုကျတော့မှ ရိုဟင်ဂျာဆိုပြီးဖြေပါမယ်ဆိုပြီးတော့ တစ်စုံတစ် ဦးရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ ကြိုးစားလာတာတွေရှိ တယ်။ အဲဒီတော့ ကျွန်တော်တို့က အတတ်နိုင် ဆုံး ပြန်ပြီးတော့ဖြေရှင်းပြတယ်။ ရိုဟင်ဂျာလို့ ပြောင်းလိုက်တာနဲ့ သူတို့မှာအများကြီးနစ်နာ မယ်။ နောက်တစ်ခုက သူတို့ရဲ့လက်ရှိကိုင်ထားတဲ့ အဓိကကတော့ White Card တွေပေါ့။ နောက် ဆုံး အိမ်ထောင်စုစာရင်းတွေထဲမှာလည်း ဘင်္ဂါလီ လို့ဖြေထားတဲ့အတွက် သန်းခေါင်စာရင်းဥပဒေ နဲ့ညီတယ်ဆိုတာတွေကို ရှင်းပြရတယ်။ ရှင်းပြလို့ မရတဲ့အခြေအနေမှာ ခဏဆိုင်းထားတာတွေရှိ တယ်။ တချို့လည်းလက်ခံပြီး တစ်ခါတည်းကောက် လို့ရတယ်။ တချို့လည်း သန်းခေါင်စာရင်းကောက် ပြီး သုံးရက်လောက်ကြာမှ သန်းခေါင်စာရင်းတွေ ကိုလာထုတ်တာတွေရှိတယ်။ သူတို့က ဘင်္ဂါလီနဲ့ ပဲ ထည့်ပါတော့မယ်ဆိုပြီးတော့ ပြန်လာပေးပြီး ဖြည့်တဲ့လူတွေရှိပါတယ်ဗျ။

မေး- လက်ရှိမြန်မာနိုင်ငံလူဦးရေက သန်း၆ဝ ပေါ့။ အခု သန်းခေါင်စာရင်းကောက်ပြီးသွားရင် လူဦးရေဘယ်လောက်ရှိလဲဆိုတာကို အတိအကျ ပြောလို့ရနိုင်မလား။

ဖြေ- အခု ခြောက်ရက်တာကာလအတွင်းမှာ သန်း ခေါင်စာရင်း ကျွန်တော်တို့ကောက်ခဲ့တာ လက် ရှိအတိုင်းဆိုလို့ရှိရင်တော့ ရာခိုင်နှုန်း ၅ဝ ကျော် လောက် ပြီးစီးအောင်မြင်နေပြီဗျ။ ပြီးစီးအောင် မြင်နေပြီ ဆိုတာက အရင် ၈၃ ထက်စာရင် အများ ကြီး ပြောင်းလဲတိုးတက်လာတာတွေရှိတယ်။

အဲဒီတုန်းကဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှိတဲ့ နေရာအတော်များများတွေမှာ ဆိုရင် မကောက်ခံနိုင်ဘူး။ အရင်တုန်းက ဝဒေသ မှာဆိုရင် သန်းခေါင်စာရင်းမကောက်ခံနိုင်ဘူး။ အခုဆိုရင် ဝရော ကိုးကန့်ရောက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တယ်။

အရင်တုန်းကထက် စာရင် ရာခိုင်နှုန်းက တော်တော်နည်းသွားမယ့် သဘောရှိတယ်။ သန်း ၆ဝ ထက်ကျော်နိုင်လာ တယ်ဆိုတာကတော့ အခု ကျွန်တော်တို့ သန်း ခေါင်စာရင်းကောက် တာ ခြောက်ရက်ပဲရှိသေးတယ်။ နောက်ထပ် လေးရက်လောက်ဆိုရင်တော့ ကျွန်တော်တို့ ခန့်မှန်းလို့ ရနိုင်ပြီဗျ။ အခုတော့ ပြောရမှာ စောပါသေးတယ်။

အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

Flower News Journal

No comments:

Post a Comment

My Blog List