Thursday, April 10, 2014

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး ကြိုးပမ်းနေ


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးနှင့်အားလုံး ပါဝင်သည့် နိုင်ငံရးဆွေးနွေးပွဲ တစ်ရပ်ဖြစ်ပေါ် လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘော တူထားသည့် နိုင်ငံရေးပါတီ ၆ ဖွဲ့ ပူးပေါင်းထားသော UNA နှင့် ၈၈ ငြိမ်း/ပွင့်အဖွဲ့တို့ အနေဖြင့် ကိုယ်စားလှယ်နှစ်ဦးစီထားရှိ၍ ဆွေးနွေးမှု စတင်သွားမည်ဖြစ် ကြောင်း၊ ၈၈ ငြိမ်း/ပွင့်ဘက်မှ ဦးမြအေးနှင့် ဦးဂျင်မီတို့ကို ရွေး ချယ်ထားပြီး UNA ဘက်မှ ရွေး ချယ်ရသေးခြင်းမရှိကြောင်း သိရ သည်။
““ပုဒ်မ ၄၃၆ကိုခေါင်းဆောင် တွေပြင်လို့လိုက်ပြင်တာမျိုးမဟုတ်ဘဲ ပြည်သူတွေဘက်ကနားလည် လက်ခံပြီး ပြင်တဲ့ပုံစံမျိုးဖြစ်ဖို့လိုတယ်။ လွှတ်တော်နဲ့မလုံလောက်တဲ့အတွက် ဒါတွေကို လုပ်ရ တာ ဖြစ်တယ်။ အားလုံးချုပ်ရမှာတော့ လွှတ်တော်မှာ ချုပ်ရမှာပေါ့။ တရားဥပဒေစိုးမိုးရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေးကို မျက်ခြေမပြတ်ဘဲ လုပ်ရမှာဖြစ်တယ်။ လွှတ်တော်တစ်ရပ်လုံး ပါဝင်ဖို့ လိုတယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက လွှတ်တော် ကိုယ်စားလှယ်တွေကို လူထုက တင်ပြလာနိုင်ဖို့ လုပ်ရမှာဖြစ် တယ်”” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီ က ပြောသည်။

ရခိုင်အမျိုးသားပါတီ ပထမ ခေါင်းဆောင် UNA အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအေးသာအောင် ကလည်း ““ကိုယ်စားလှယ်နှစ်ဦးစီ တစ်ဖက်ကိုထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ် သက်လို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာနဲ့ ဘယ်လိုစဆောင်ရွက်မလဲဆိုတာ ဆွေးနွေးမယ်။ လိုအပ် ရင် နှစ်ဖက်ပြန်တွေ့မယ်”” ဟု ပြောသည်။

ပြည်တောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာ ခိုင်နှုန်းကျော်က ပြင်ဆင်မည်ဆို လျှင် အကောင်းဆုံးအခြေအနေ တစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေသည် လူထု မှရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ထဲတွင်ရှိရမည်ဖြစ်ကြောင်း၊  ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြောနေရခြင်းသည် လူထုမှရွေး ချယ်တင်မြှောက်ထားသည့် လွှတ် တော်ကိုယ်စားလှယ်များ၏အခန်း ကဏ္ဍမြင့်မားရေးဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အားလုံးပါဝင်ပေးရန် တိုက်တွန်း လိုကြောင်း ၈၈ ငြိမ်း/ပွင့်မှ ဦးဂျင် မီက ဆိုသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လွင်းလူ့အဖွဲ့အစည်းအနေဖြင့် ပုဒ်မ၄၃၆ကိုပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်လည်းပူးပေါင်းဆောင် ရွက်သွားရန်သဘောတူထားသည်။

Hot News Journal

No comments:

Post a Comment

My Blog List