Tuesday, April 8, 2014
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်ကမူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်ခြောက်နှစ်ချလိုက်ပါ တယ်။ လောလောဆယ်မှာတော့ သူ့ကို တောင်ငူထောင်မှာထားရှိထားတယ်လို့  သိရ ပါတယ်" ဟု ကျောက်တံခါး မြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် အာကာဇော်က ဧပြီ ၇ ရက် ည ၁၀ နာရီခန့်က ပြောကြားသည်။
သရုပ်ဆောင်ရဲတိုက်၏အမှုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်မှ အမိန့်ချမှတ်နိုင်ခဲ့ရာ ၁၀ လနီးပါးခန့်ကြာမြင့်ခဲ့သည်။ သရုပ်ဆောင်ရဲတိုက် (၃၀ နှစ်) (ဘ)ဦး ---- (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာခန့်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ရာ ကျောက်တံခါးမြို့မရဲစခန်း မှ (ပ)၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက် ၀ယ်ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ရဲတိုက်အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးမှ ဧပြီ ၇ ရက်ကမူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သတင်းရရှိသည်။
"တရားလို ရဲအုပ်လှမြင့်ဦး စွဲဆိုထားတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ဒီကနေ့ ဧပြီ ၇ ရက်မှာ ကျောက်တံခါးမြို့နယ် တရားရုံး ကနေ မူးယစ်ပုဒ်မ-၁၆(ဂ)အရ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်ခြောက်နှစ်ချလိုက်ပါ တယ်။ လောလောဆယ်မှာတော့ သူ့ကို တောင်ငူထောင်မှာထားရှိထားတယ်လို
သရုပ်ဆောင်ရဲတိုက်၏အမှုမှာ ၂၀၁၃ ခုနှစ် ဇူလိုင်မှ စတင်စစ်ဆေးခဲ့ရာ ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်မှ အမိန့်ချမှတ်နိုင်ခဲ့ရာ ၁၀ လနီးပါးခန့်ကြာမြင့်ခဲ့သည်။ သရုပ်ဆောင်ရဲတိုက် (၃၀ နှစ်) (ဘ)ဦး ---- (၁၃/တဂန(နိုင်)၂၁၄၀၉၄) အား ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့ တွင် ၂၀၁၃ ခုနှစ် ဇူလိုင် ၄ ရက် နံနက် ၃ နာခန့်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ရာ ကျောက်တံခါးမြို့မရဲစခန်း မှ (ပ)၄/၂၀၁၃ မူးယစ်ဆေးဝါးသုံးစွဲရန် လက် ၀ယ်ထားရှိသူ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းကို ပဲခူးခရိုင် ကျောက်တံခါးမြို့နယ် တရားရုံးမှ ရာကြီး-၉၃၉/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ ဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေ ၂၈ ရက် က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းအတွင်း သက်ဆိုင်ရာခွင့်ပြုချက် မရဘဲ ဆန္ဒဖော်ထုတ်ခဲ့သည့် သရုပ်ဆောင် ရဲတိုက်အား ဘုရားကျောင်း တာဝန်ရှိသူက တရားလိုပြု တိုင်တန်းခဲ့သဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းမှ လူတစ်စား ကိုးကွယ်သည့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက်၊ အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၂၉၅/
Eleven Media Group
No comments:
Post a Comment