Wednesday, April 09, 2014

တရုတ်နဲ့ မြန်မာခေါင်းဆောင်တွေ ပေကျင်းမှာဆွေးနွေး


တရုတ် ဒုသမ္မတ လီယောင်ချောင်း နဲ့ မြန်မာ ဒုသမ္မတ ဦးဥာဏ်ထွန်းတို့ ပေကျင်းမြို့မှာ မနေ့က တွေ့ဆုံခဲ့ ကြပါတယ်။ ဒုသမ္မတ ဦးဥာဏ်ထွန်းဟာ ၂ဝ၁၄ တရုတ် အာဆီယံ ယဉ်ကျေးမှုဖလှယ်ရေးနှစ် အခမ်းအနား ဖွင့်ပွဲကို တနင်္လာနေ့ က တက်ရောက်ခဲ့ပြီး၊ အင်္ဂါနေ့မှာ တရုတ် ဒုသမ္မတနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲသလို တွေ့ဆုံခဲ့ရာမှာ တရုတ် ဒုသမ္မတ လီယောင်ချောင်းက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အစဉ်အလာ နက်နက်ရှိုင်းရှိုင်းရှိခဲ့တဲ့ တရုတ် နဲ့ မြန်မာဟာ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် လိုက်လျော ကူညီမှု၊ နိုင်ငံရေးအရ ခိုင်မာအားကောင်းတဲ့ အပြန်အလှန်ယုံကြည်မှုတွေ ရှိသင့် ကြကြောင်း၊ ဒါမှသာ နှစ်နိုင်ငံကြား လက်တွေ့ကျတဲ့ မဟာဗျုဟာမြောက် အတူပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက် အားကောင်းလာမှာ ဖြစ် ကြောင်း၊ တရုတ်ပြည် နဲ့ ကမ္ဘာအရပ်ရပ်ကို ကုန်းလမ်း ရေလမ်း တွေနဲ့ ဆက်သွယ်ခဲ့တဲ့ ပိုးလမ်းမရယ်လို့ သမိုင်းမှာ ထင်ရှားခဲ့သလို၊ အခုလည်း ၂၁ ရာစု ရေကြောင်း ပိုးလမ်း မကြီး တည်ဆောက်ရေးမှာလည်း မြန်မာနဲ့အတူ အရှိန်မြှင့်ဆောင်ရွက်ဖို့အသင့်ရှိနေကြောင်း ပြော ကြားခဲ့ပါတယ်။

ဒုသမ္မတ ဦးဥာဏ်ထွန်းကလည်း အလှည့်ကျ အာဆီယံဥက္ကဌ တာဝန်ယူခဲ့တဲ့ မြန်မာနိုင်ငံအပေါ် အထူး ဝါယမ စိုက် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း၊ မြန်မာ နဲ့တရုတ်၊ တရုတ် နဲ့ အာဆီယံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးပမ်းလိုပါကြောင်း ပြော ကြားခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List