၁။ ၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည်လစဉ် တန်ဖိုးနည်း မိုဘိုင်းဖုန်း သုံးသိန်းငါးသောင်းစီကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ပြည်သူများအလွယ်တကူ အဆင်ပြေချောမွေ့ စွာ ဆက်သွယ် အသုံးပြုနိုင်ရေးအတွက် ခွဲဝေဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချပြီးသော တန်ဖိုးနည်း မိုဘိုင်းဖုန်း(၃.၇၅)သန်း အပါအဝင် စုစုပေါင်း မိုဘိုင်းဖုန်း (၇.၃၅)သန်းကျော်ရောင်းချခဲ့ပြီးဖြစ်ပါသည်။
တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူး ပေးခဲ့ပြီးဖြစ်သည့် ဖုန်းအရေအတွက်ပေါင်းနှင့် မိမိနိုင်ငံရှိ အိမ်ထောင်စုပေါင်း (၈.၇)သန်းကျော်အား အချိုးချတွက်ကြည့်မည် ဆိုလျှင် အိမ်ထောင်စု (၁.၁၈)စုလျှင် မိုဘိုင်းဖုန်း(၁)လုံးနှုန်း ရရှိသွားနိုင်မည် ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် အိမ်ထောင်စုတိုင်း ဖုန်းသုံးစွဲရန် လိုအပ်နေသေး ကြောင်း စိစစ်တွေ့ရှိနေရပါသဖြင့် အိမ်ထောင်စုတိုင်းအတွက် မိုဘိုင်းဖုန်း ပိုမိုသုံးစွဲခွင့်ရရှိရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ် ထားပါသည်။
၂။ သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် တယ်လီဖုန်း ခေါ်ဆိုခ ၃၀၀ ကျပ် ကြိုတင်ပေးသွင်းထားသော CDMA 800 MHz/GSM/WCDMA မိုဘိုင်းဖုန်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့်အခါ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အများပြည်သူတို့အတွက် ပုံမှန်ရောင်းချပေးနေသည့် အစီအစဉ်အပြင် နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ကြသော သက်ပြည့်ပင်စင်ခံစားနေသည့် အငြိမ်းစားများအတွက် သီးသန့်ထည့်သွင်း ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါသည်။
၃။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိုဘိုင်းဖုန်းများကို ဆက်လက်ဖြန့်ဖြူးရောင်းချရာ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသော အခြေအနေများ အပေါ်မူတည်၍ ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ အောက်ပါအတိုင်း အချိုးကျခွဲဝေပြီးပေးရန် လျာထား တွက်ချက်ထားပါသည်။
၎။ ပြည်သူများသက်သာသော နှုန်းထားဖြင့် အမှန်တကယ် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဖြန့်ဖြူးရောင်းချခြင်း ဖြစ်သည့်အတွက် ဖုန်းကတ်ဝယ်ယူထားသည့် နေ့မှစ၍ (၁၅) ရက်အတွင်း တယ်လီဖုန်း SIM ဃမေိ တွင် မူလ ထည့်သွင်းပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ၃၀၀ ကျပ်မကုန်မီ တယ်လီဖုန်း သုံးစွဲသူသည် အနည်းဆုံး (၅၀၀၀)ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်နိုင်ရန်အတွက် ၁၅ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ပါသည်။
၅။ ဤတန်ဖိုးနည်း မိုဘိုင်းဖုန်းများသည် လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ်(၂၅၀၀)ကို အနည်းဆုံး သုံးစွဲရမည်ဖြစ်ပါသည်။
နှစ်လ ပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ်မှ (၅၀၀၀)ကျပ်ကို အပြည့်မသုံးစွဲပါက ကျပ် (၅၀၀၀) ပြည့်သည်အထိ အလိုအလျောက်ဖြတ်တောက်သွားပါမည်။ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံ၍ ဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက် လိုင်းပိတ်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
REF ; MOI Webportal Myanmar
No comments:
Post a Comment