Friday, February 28, 2014

သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်များ မလာ၍ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အဖွဲ့ဝင်များ လွှတ်တော်တွင် ကတိသစ္စာပြုခြင်း အစီအစဉ် ပျက်ပြယ်




ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်ငါးဦး မလာရောက်သဖြင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင်များ ကတိသစ္စာပြုခြင်း အစီအစဉ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အခမ်းအနား အစီအစဉ်တွင် မူလက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တွင် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ပုဂ္ဂိုလ်များက ပြည်ထောင်စု လွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း အစီအစဉ် ပါဝင်ခဲ့သည်။

သို့ရာတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စတင်သည့်အခါ ၎င်းအစီအစဉ်မှာ ဆောင်ရွက်ခြင်း မပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက,က ကြေညာခဲ့သည်။

နိုင်ငံတော် သမ္မတရွေးချယ်ထားသော အဖွဲ့ဝင် ငါးဦးအနက်အချို့မှာ နေပြည်တော်သို့ ရောက်ရှိနေ သော်လည်း ၎င်းတို့အား လွှတ်တော်တွင် သွားရောက်ကျမ်းသစ္စာ ကျိန်ဆိုရန် မည်သည့်ညွှန်ကြားချက် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ရွေးချယ်ထားသည့် အဖွဲ့ဝင် ငါးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ ရွေးချယ်ထားသည့် အဖွဲ့ဝင်ငါးဦးမှာ လာရောက်ခဲ့သော်လည်း နိုင်ငံတော်သမ္မတ ရွေးချယ်ထားသော အဖွဲ့ဝင်ငါးဦးမှာ လာရောက်ခဲ့ခြင်း မရှိသဖြင့် ထိုကဲ့သို့ အစီအစဉ်ပျက်ပြယ် ခဲ့ရခြင်းဖြစ်ကြောင်း လွှတ်တော်မှ စုံစမ်းသိရှိရသည်။

လွှတ်တော်တွင် ကတိသစ္စာပြုခြင်း မပြုခြင်းမှာ လွှတ်တော်နာယက၏ ဆုံးဖြတ်ချက် အရသာဖြစ်ပြီး ကော်မရှင်အဖွဲ့ဝင်များ ကတိသစ္စာပြုမှု အစီအစဉ်မှာ ရက်ရွှေ့ဆိုင်းခြင်း သို့မဟုတ် လွှတ်တော်၌ ကတိသစ္စာပြုခြင်း မပြုလုပ်တော့သည်ကို မသိရှိကြောင်း လွှတ်တော်သို့ တက်ရောက်လာသော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာညီညီထွန်းက ပြောကြားသည်။

နိုင်ငံတော် သမ္မတရွေးချယ်ထားသော အဖွဲ့ဝင် ငါးဦးအနက်အချို့မှာ နေပြည်တော်သို့ ရောက်ရှိနေသော် လည်း ၎င်းတို့အား လွှတ်တော်တွင် သွားရောက်ကျမ်းသစ္စာ ကျိန်ဆိုရန် မည်သည့်ညွှန်ကြားချက် တစ်စုံ တစ်ရာ မရရှိခဲ့ကြောင်း သိရှိရသည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အဖွဲ့ဝင်ငါးဦးစီ ရွေးချယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဖွဲ့စည်းရန်အတွက် နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အငြိမ်းစား ၀န်ထမ်းများမှာ ဦးမြ၀င်း(စစ်မှုထမ်း)၊ ဦးတင်ဦး(သံအမတ်ကြီး)၊ ဦးကျော်ကျော်(ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန)၊ ဦးစိုးတင့်(ညွှန်ကြားရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင် (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)တို့ဖြစ်သည်။


eleven media group

No comments:

Post a Comment

My Blog List