Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်၊ ကြာနေပြီဖြစ်တဲ့ နိုင်ငံရေးပြဿနာကိုအဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးလို့အရင်က ငြင်းဆန် နေခဲ့တာဖြစ်ပါတယ်၊
လနဲ့ချီနေတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေကို ဦးဆောင်သူ Suthep Thaugsuban က ဝန်ကြီးချုပ် ယင်လပ်နဲ့ ၂ယောက်ထဲ တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားပေါ်မှာအခြေအတင် ဆွေးနွေးမှု လုပ်မယ်လို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ယင်းလပ်ကလဲ ညှိုနှိုင်းမှုတွေ လုပ်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပေမဲ့ Mr.ဆူထက်အနေနဲ့ ဆန္ဒပြပွဲတွေကို အရင်ရပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်၊လုပ်တဲ့ဆွေးနွေးမှုတွေဟာလဲ ဖွဲ့စည်းပုံဥပဒေရဲ့ ဘောင်ထဲမှာ ရှိရမယ်လို့သူ့အပေါ် အမာခံထောက်ခံသူတွေရှိရာ နိုင်ငံမြောက်ပိုင်းကနေ ဝန်ကြီးချုပ်က
ပြောခဲ့ပါတယ်၊ ဒီကနေ့မှာပဲ ထိုင်းနိုင်ငံရဲ့အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ဝန်ကြီးချုပ်အပေါ် စွဲထားတဲ့အမှုတွေအတွက် ကြားနာခဲ့ပါတယ်။
အငြင်းပွားစရာ ဆန်စပါးဝယ်ယူတဲ့ အစီအစဉ်နဲ့ပါတ်သက်လို့ ဝန်ကြီးချုပ် စွဲဆိုခံထားရတဲ့ အမှု အတွက်ကြားနာပွဲကို သူ့အစားသူ့ရဲ့ အကျိုးဆောင်ရှေ့နေ လာရောက်ခဲ့ပါတယ်၊ အစိုးရရဲ့ ဘဏ္ဍာဒေါ်လာ
သန်းထောင်နဲ့ချီ ဆုံးရှုံးခဲ့ရတဲ့ လယ်သမားတွေဆီကဆန်တွေကိုပေါက်ဈေးထက် အများကြီးပေးဝယ်ခဲ့တဲ့ အစီအစဉ်မှာ အစိုးရတွင်းအဂတိလိုက်စားမှုတွေကို လှစ်လျှူရှုထားမှုနဲ့ ဝန်ကြီးချုပ်တရားစွဲခံနေရတာဖြစ် ပါတယ်၊
VOA

No comments:
Post a Comment