Wednesday, February 26, 2014

ယူကရိန်း ၂ပိုင်းကွဲမယ့် အန္တရာယ် ရှိနေဟု ဆို




ယူကရိန်းနိုင်ငံမှာ သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျ ပြုတ်ကျသွားခဲ့အပြီး နိုင်ငံ နှစ်ပိုင်း ကွဲမယ့် အန္တရာယ်မျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိကြောင်း ယူကရိန်း ကြားဖြတ်အစိုးရ အဖွဲ့သစ် အကြီးအကဲ အိုလက်ဇန်းဒါး တူချင်နော့ဗ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
ဒေသတချို့မှာ ခွဲထွက်ရေး လှုပ်ရှားမယ့် အန္တရာယ် ရှိနေတာကြောင့် ပါလီမန်ရဲ့ ခွင့်ပြုချက်နဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခု အမြန်ဆုံး ခေါ်ယူဖို့ လိုအပ်နေတယ်လို့ ကြားဖြတ် အစိုးရအဖွဲ့သစ် အကြီးအကဲ အိုလက်ဇန်းဒါး တူချင်နော့ဗ်က ပြောသွားပါတယ်။

သမ္မမတ ယာနူကိုဗစ်ခ်ျကို ဖြုတ်ချလိုက်တာနဲ့ ပတ်သက်လို့ ရုရှား စကားပြောတဲ့ ဒေသတွေက လူအတော်များများ အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။

ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့မှုနဲ့ ဗစ်တာ ယာနူကိုဗစ်ခ်ျကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး ပို့ဖို့ ယူကရိန်း ပါလီမန်က မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကိယက်ဗ် မြို့တော်မှာ ရောက်ရှိနေတဲ့ EU ဥရောပ သမဂ္ဂ နိုင်ငံခြားရေးရာ ပေါ်လစီ အကြီးအကဲ Catherine Ashton က အခု အသစ်ဖွဲ့စည်းမယ့် ညွန့်ပေါင်းအစိုးရ အဖွဲ့သစ်ထဲမှာ ဗစ်တာယာနူကိုဗစ်ခ်ျရဲ့ ပါတီကိုလည်း ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ယူကရိန်း နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ရုရှားအစိုးရက ဝင်ရောက် စွက်ဖက်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List