Wednesday, February 26, 2014

မြန်မာအပေါ်ထားတဲ့ ကန်ရဲ့ ဒဏ်ခတ်မှု ထပ်မံဖယ်ရှားပေးဖို့ ဂျပန် တိုက်တွန်း




မြန်မာနိုင်ငံအပေါ် ​ထားရှိနေသေးတဲ့ ​အမေရိကန်နိုင်ငံရဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ထပ်မံပယ်ဖျက်ပေးဖို့ ​ဂျပန်နိုင်ငံက ​တိုက်တွန်းလိုက်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ပယ်ဖျက်မှသာ ​ဂျပန်နဲ့ ​အမေရိကန်တို့ ​ပူးပေါင်းပြီးတော့ ​အရှေ့တောင် ​အာရှနိုင်ငံတွေရဲ့ ​စီးပွားရေးနဲ့ ​ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ​ချောမွေ့စွာ ​ကူညီထောက်ပံ့နိုင်မှာဖြစ်
တယ်လို့ ​ဂျပန် ​သံအမတ်က ​အမေရိကန်ကို ​မနေ့ကပဲ ​ပြောလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကလူတွေ ​အမေရိကန်နိုင်ငံမှာ ​လွတ်လွတ်လပ်လပ် ​စီးပွားရေးတွေလာရောက် ​လုပ်ကိုင်နိုင်ဖို့ အတွက် ​အမေရိကန်အနေနဲ့ ​လက်ရှိ ​ချထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ​ပြန်လည်စန်းစစ်ရမယ့်အချိန် ဖြစ်နေပြီလို့ ​ဂျပန်သံအမတ် ​Kenichiro ​Sasae ​က ​၀ါရှင်တန်မှာ ​မိန့်ခွန်းပြောကြားစဉ်အတွင်း ​ပြောလိုက် တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​ပြုပြင်ပြောင်းလဲမှုလုပ်လာတာကို ​အားပေးတဲ့အနေနဲ့ ​အမေရိကန်က ​မြန်မာနိုင်ငံအပေါ်မှာ ​ထားရှိတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှုအတော်များများကို ​ဖယ်ရှားခဲ့ပေမယ့် ​အချို့တ၀က်ကျန်ရှိနေသေးတယ်လို့ ​ဂျပန်သံအမတ်ကဆိုပါတယ်။

ရှေ့ဆက် ​မြန်မာနိုင်ငံမှာ ​ဒီမိုကရေစီအပြည့်အ၀ရရှိရေးအတွက် ​ဖြေရှင်းရမယ့် ​နိုင်ငံရေးပြဿနာတွေမှာ ​ဂျပန်နဲ့ ​အမေရိကန် ​နိုင်ငံတွေအနေနဲ့ ​စီးပွားရေး ​ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ ​ကဏ္ဍကနေ ​ပူးပေါင်း ​ပါဝင်ဖို့လိုအပ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကလည်း ​စီးပွားရေးမှာ ​ပိုမို ​ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ​နိုင်ငံရေးစနစ်မှာ ​ဥပဒေ စိုးမိုးမှုတွေရှိလာဖို့အတွက် ​ပိုမိုကြိုးစားလုပ်ဆောင်သင့်ကြောင်း ​နိုင်ငံတကာ ​ငြိမ်းချမ်းရေးဆိုင်ရာ ​ပညာရှင်များအဖွဲ့က ​ကြီးမူးကျင်းတဲ့ဆွေးနွေးပွဲမှာ ​ဂျပန်က ​မြန်မာနိုင်ငံကို ​တိုက်တွန်းပြောကြားလိုက် ပါတယ်။

ABC

No comments:

Post a Comment

My Blog List