Monday, February 24, 2014

အစမ်း ပို့ကြည့် တာပါ



အမျိုးသား တစ်ဦးပေါ့။ သူ့ဇနီးဖြစ်သူထံ ဖုန်း မတ်ဆေ့ခ်ျပို့ပါတယ်။

"ခင်ရေ။ အဝတ်တွေအားလုံး ဒီည အပြီးလျှော်ပါ။ ညစာ ကြက်သားဟင်းချက်ပါ။ ပြန်တာ နည်းနည်းနောက်ကျမယ်။ နက်ဖန် အတွက် အဝတ်ကို မီးပူ တိုက်ထားပေးပါ"
တစ်အောင့်လောက် အကြာမှာတော့ သူကပဲ နောက်တစ်ဆောင် ပို့ ပါတယ်။

"အော် ဒါနဲ့ မေ့သွားလို့ခင်ရေ။ ကိုယ် လစာတိုးတယ်။ ခင့်အတွက် ဘယ်လို စိန်လက်စွပ် ဝယ်လာပေး ရမလဲ"

ဒီတော့ အမျိုးသမီးက စာပြန်ပို့ပါတယ်။

"ဟယ် တကယ်လား။ နက်ဖန်မှ စိတ်ကြိုက်လိုက်ဝယ်လေ"

အမျိုးသား ကလည်း စာပြန်ပို့ပါတယ်။

"ဟုတ်ဘူး သဲလေး။ ပထမပို့လိုက်တဲ့ စာတစ်စောင်ကို ခင် ဖတ်လား မဖတ်ဘူးလား သိချင်လို့ နောက်တစ်စောင် အစမ်းပို့ကြည့်တာပါ"
-
Ref: everyjoke
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

My Blog List