Thursday, February 27, 2014

ဆရာစံတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခံရမှုအပေါ် မကျေနပ်သဖြင့် ရပ်ကွက်နေပြည်သူများ ဆန္ဒပြ



ဗဟန်းမြို့နယ် ဆရာစံတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်နားခဲ့ခြင်းကို ရပ်ကွက်နေပြည်သူများမှမကျေနပ်သဖြင့် ဖေဖော်ဝါရီ၂၅ရက်က ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရပ်ကွက်နေပြည်သူများထံမှ ငွေကြေးများကောက်ခံ သည်ဟုဆိုကာ ဦးညိုဝင်းဆိုသူနှင့် ရပ်ကွက်တွင်းရှိအခြားသူတချို့က တိုင်ကြားခဲ့ကြောင်း၊ ထိုသို့ တိုင်ကြားမှုကိုစစ်ဆေးရာတွင် ရပ်ကွက်မှဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ငွေကြေးကောက်ခံခြင်း မရှိကြောင်းကို အထောက်အထားပြဖြေရှင်းသော်လည်း ဖေဖော်ဝါရီ၁၆ရက်တွင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်မောင်ထွန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် တာဝန်မှရပ်စဲခဲ့ခြင်း အပေါ် ကျေနပ်မှုမရှိခြင်းဖြစ်သည်။

ယခုလိုရပ်ကွက်အုပ်ချုပ်ရေးမှူးအားတိုင်ကြားရခြင်းအကြောင်းမှာ အနောက်မြို့ပတ်လမ်းရှိ ဈေးနှင့်ပတ်သက်မှုရှိနိုင်ကြောင်း၊ ထိုဈေးမှာ ယခင်ဥက္ကဋ္ဌများမှဖန်တီးသွားသောဈေးဖြစ်ပြီး ၁၈နှစ် ကျော်ခန့် ထိုဈေးတွင် ဈေးကောက်ကောက်ခြင်း၊ ထိုငွေများကိုသုံးစွဲခြင်း၊ စာရင်းများမရှိခြင်းတို့ရှိသည် ဟု အဆိုပါရပ်ကွက် ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ ဦးသိန်းလွင်က ပြောသည်။

ထို့ပြင် ယခုဥက္ကဋ္ဌ ဦးမောင်မောင်ထွန်းလက်ထက်တွင် အဆိုပါဈေးအား ဈေးသာယာရေး အဖွဲ့ဖွဲ့စည်းကာ စာရင်းကိုင်တွယ်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ၄င်းက ပြောပြသည်။

''၁၈နှစ်လောက်သူတို့လုပ်လာတာ ဘာမှမရှိဘူး။ ခုကိုမောင်မောင်ထွန်းက တစ်နှစ်တောင် မပြည့်သေးဘူး၊ ဘဏ်မှာအပ်ထားတာ ၁၅ သိန်းရှိသွားပြီ။ ကိုမောင်မောင်ထွန်းက ပိုက်ဆံကောက် ခံခြင်းလဲမရှိဘူး။ ငွေကြေးကောက်ခံမှုလိုတဲ့လုပ်ငန်းတွေမှာလဲ ကော်မတီတွေဖွဲ့ပြီး သူ့ဟာသူ ဥက္ကဋ္ဌရှိမယ်၊ ဘဏ္ဍာရေးမှူးရှိမယ် စသည်ဖြင့် စနစ်တကျလုပ်သွားတာပါ။ ကိုမောင်မောင်ထွန်းက ကောက်ခံခြင်းမရှိသလို သုံးစွဲခြင်းလဲ မရှိပါဘူး''ဟု ဦးသိန်းလွင်က ဆက်ပြောသည်။

ဖေဖော်ဝါရီ၂၅ရက် မွန်းလွဲ ၁နာရီမှ၃ နာရီအထိ ဦးချစ်မောင်လမ်းမပေါ်ရှိ ဆရာစံတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှစတင်ကာ ဗိုလ်စိန်မှန်ရပ်ကွက်မှ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး ရှေ့မှတစ်ဆင့် ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ပြန်လည် ဝင်ရောက်ခဲ့ကြပြီး စုစုပေါင်းအင်အား ၅ဝဝ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List